ဖာသာရ် Peter ကြည်မောင် (မန္တလေး) ပါစကားကာလပဥ္စမသီတင်းပတ်ကြာသပတေးနေ့သြဝါဒ ၁၁၊ ၅၊ ၂၀၂၃

၁၁/၅/၂၀၂၃ ပါစကားကာလပဥ္စသီတင်းပတ် ကြာသာပတေးနေ့  ၁၁.၅.၂၀၂၃

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ပထမကျမ်းစာမှာ အသင်းတော်ရဲ့ပထမဦးဆုံး ဓမ္မညီလာခံလိုသပ်မှတ်ထားတဲ့

Council of Jerusalem အသင်းတော်အတွင်းပထမဦးဆုံး ပဠိပက္ခ နား လည်မှုလွဲးခြင်းကို သန်းရှင်းသောဝိညာဉ်

တော်ဘုရားသခင်ရဲ့အကူအညီနဲ့ဖြေရှင်းခဲ့ကြတဲ့အကြောင်းကိုကြားနားရတယ်၊ ပြသနာရဲ့အစက  အသင်းတော်ထဲ

မှာ ယုံကြည်သူ‌ခရစ်တော်ရဲ့ နောက်လိုက်အဖြစ်ရှိနှင့်ပြီးသားဂျူးလူမျိုးတွေက တမာန်တော်ကြီးရှင်ပေါ်လူးရဲ့ဟေား

ပြောမှု့ကြောင့် ယုံကြည်သူဖြစ်လာတဲ့ ဂျူးမဟုတ်သူ တွေကို မိုးဇယ်နဲ့ပရေားဖက်တွေရဲ့သွန်သင်ချက်ဖြစ်တဲ့

ဂျူးတွေရဲ့ထုံးတမ်းအစဉ်အလာတွေကို လိုက်နာဖို့ လိုသလားမလိုဖူးလား ဆိုတဲ့ ပြသနာ ဖြစ်တယ်။ အဓိကနဲ့

သာမည ကိုခွဲးခြားပြီး ထုံးတန်းအစဉ်အလာတွေထက် လူကိုအပြစ်ထဲကိုကြစေသော ညစ်ညူးစေသော၊ ဘုရားကို

ဆန်ကျင်သောအရာတွေကိူ ရှောင်ကျင်စေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအစဉ်အလာတွေ ဓမ္မညီလာခံတွေကို

ကက်သလစ်အသင်းတော်က ဆက်လက်ထိမ်းသိမ်းပြီး ဒီနေအထိ ရဟန်းမင်းကြီးအဆက်ဆက် သာသနာကို

ထိမ်းသိမ်းခဲ့ကြတာဖြစ်တယ်။ ဒီကနေ့ဧဝံဂေလိကျမ်းမှာတော့ သခင်ခရစ်တော်က သူရဲ့ပြည့်ဝတဲ့ဝမ်းမြောက်ပျော်ရွှင်

မူ့ကို ကျွန်တော်တို့ပြည့်ဝစွာခံစား‌ရစေဖို့ သူ၏ချစ်ခြင်းမေတ္တာ၌တည်နေကြဖို့ သူပေးထားတဲ့ပညတ်တော်မှာ အသက်

ရှင်နေထိုင်ကြဖို့ တိုက်တွန်းထားတာကို ကြားနာခဲ့ရတယ်။ သူ၏ချစ်ခ့င်းမေတ္တာ၌တည်နေခြင်း သူတရားတော်မှာ

ရှင်သန်နေထိုင်ခြင်းဆိုတာဘာလဲး။ ရိုးရိုးရှင်းရှင်းလေးပဲထောက်ရှုရအောင် သခင်ခရစ်တော်ဟာ ကောင်းမြတ်ခြင်း

ဖြစ်တယ်။ ချစ်ခြင်းမေတ္တာဖြစ်တယ်၊ သီးခံ ခွင့်လွတ်ခြင်း၊ စွန်လွှတ်အနစ်နာခံခြင်း၊ နာခံခြင်း၊ နှိမ့်ချခြင်း၊ ငြိမ်းချမ်းခြင်း၊

သနားကြင်နာတပ်ခြင်း၊ စည်းလုံးညီညွတ်စေခြင်းဖြစ်တယ်။ သခင်ခရစ်တော်၌တည်နေခြင်းဆိုတာ၊ ကောင်းမြတ်ခြင်း

မှာတည်နေခြင်း၊ သည်းခံခွင်းလွတ်ခြင်းမှာ လက်တွေကြစွာ အသက်ရှင်နေထိုင်ခြင်း၊ စွန်လွတ်အနစ်နာခံပေးဆပ်ခြင်းကို

မိမိဘဝထည်းမှာ လက်တွေကြစွာပြုမူနေထိုင်ခြင်း၊ နိမ့်ချစွာနေထိုင်ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်သူ၊ စည်းလုံးစေ

သူဖြစ်နေဖို့ တိုက်တွန်းခဲ့ခြင်းပါပဲ။ ဒါပေမဲ့ ခင်များရောကျွန်တော်ရော လက်တွေဘဝမှာ ဘယ်လိုနေထိုင်နေလဲး၊

ခွင့်လွတ် နာလည်ပေးနိုင်သူလား၊ ငြမ်းချမ်းစွာနေထိုင်နေလား မာနတရားမှာအခြေခံပြီး မိသားစုအတွင်း၊ မိမိပတ်ဝန်ကျင်

အတွင်းမှာ ပြသနာပေါင်းစုံနဲ့မာနပြိုင်နေသူလား၊  ကိုယ့်ဖာသာကို သိဖို့လိုနေပြီ၊ ခရစ်တော်၌ တည်နေနိုင်ကြပါစေ။ 

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *