
ဖာသာရ် Peter ကြည်မောင် (မန္တလေး) ပါစကားကာလပဥ္စမသီတင်းပတ် သောကြာနေ့သြဝါဒ ၁၂၊ ၅၊ ၂၀၂၃
ပါစကားကာလပဥ္စမသီတင်းပတ် သောကြာနေ ၁၂.၅.၂၀၂၃
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်က သူနောက်လိုက်တွေကို အဓိကအကြဆုံ
းအခြေခံအကြဆုံး ခရစ်ယာန်တယောက်ဖြစ်ခြင်းရဲ့အနှစ်သာယ ဖြစ်တဲ့ ပညတ်ချက်တခုကို ပေးခဲ့တယ်။
သူပေးခဲ့တဲ့ပညာချက်က ငါသင်တို့ကို ချစ်သကဲ့သို့ အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလောတဲ့။
သခင်ခရစ်တော်ကျွန်တော်တို့ကို ဘယ်လိုချစ်ခဲ့လဲးမြင်သာအောင်ပြေားရရင် သခင်ခရစ်တော်ကို အမေတယောက်
လိုမြင်ကြည့် သူသားသမီးတွေ ဒုက္ခယောက်ချိနိ၊ လမ်းလွဲးလမ်းမှားရောက်ချိန်၊ ကယ်ကူရာမဲ့ဖြစ်နေချိန် သူအသက်ကို
ပေးပြီးကယ်တင်ဖို့ဝန်မလေးကြပါဘူး၊ အဲ့ဒီလိုပဲသူဖန်းဆင်းတဲ့အရာ၊ သူတန်ဖိုးထားမြတ်နိုးချစ်ခင်ရတဲ့သူသားသမီးတွေ
ပျက်စီးရာပျက်စီကြောင်းကို သွားနေကြတဲ့အချိန်၊ ဥပမာ ရေနစ်နေတဲ့သူကို ကယ်တင်ရသလိုမျိုး၊ သူအသက်ကို စွန့်ပြီး
ကယ်တင်ပေးတယ်၊ ကယ်တင်ပေးရုံမကဘူး၊ နောက်ထပ်အပြစ်ထဲးမကျဖို့ ကာကွယ်ပေးတယ်။ ပညတ်ချက်လမ်းညွန်
ချက်တွေနဲ့ဘုရားသခင်စီပြန်လာဖို့ လမ်းပြသွန်သင်ပေးတယ်။ ဧမာနူအဲလ် ငါတို့နဲ့အတူရှိသောဘုရား လို့ဆိုးပြီး ကာကွယ်
ပေးတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကိုစေလွတ်ပေးပြီး ဘဝမှာ အမှာအမှန်၊ အသိပညာ၊ လူဘောင်လောက လုံခြုံစွာနေ
ထိုင်တပ်ဖို့ ပြီးတော့ ကောင်းကင်နိုင်ငံတော်မှာနေရဖို့ ပြင်ဆင်ပေးတယ်။ ဒါအပြင် သူ့ပညတ်တရားတော်မှာနေထိုင်သူတွေ
ကိုသူ၏နာမ၌ အဖခမည်းတော်ထံမှာ လိုအပ်သမျှကိုတောင်းကြသူပေးမယ်လို ကတိပေးခဲ့တယ်။ သခင်ခရစ်တော်က အခု
ကျွန်တော်ပြောခဲ့တာတွေထက် အစပေါင်းမရေမတွက်နိုင်အောင် ချစ်ပြခဲ့တဲ့ဘရားဖြစ်တယ်။ ခင်များသူပညာတ်တရာတော်မှ
ာ ဘယ်လောက် ဘယ်အတိုင်အတာထိနေထိုင်ရှင်သန်နေလဲး။ အများစုက သခင်ခရစ်တော်ရဲ့ မေတ္တာကို လေ့လှူရှု့ အလွဲးသုံး
စားလုပ်နေကြတာများပါတယ်။နေစဉ်လောဘဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ ရှင်သန်နေတက်ကြတယ်၊ အလကားနေရင်း
မနာလို ဝန်တိုမူတွေနဲ့ တယောက်ကိုတယောက် တမိသားစုနဲ့တမိသားစု နိုင်းယှဉ် ယှဉ်ပြိုင်နေကြတာဆဲ့ကြဆိုကြ၊ ရမ်းဖြစ်ကြ၊
ဒီနေခေတ်မှာဆို social media ပေါ်မှာထိတက်ပြီး မကြားဝန့်မနာသာတွေပြောကြနဲ့ အပူတွေးပေးနေကြတာ၊ ခရစ်ယာန်ဆိုတာ
ဒါလားဆိုပြီး အရှက်ရစရာတွေဖန်တီးနေကြတာ။ငါသင်တို့ကို ချစ်သကဲ့သို့ အခြင်းခြင်းတယောက်ကိုတယောက်ချစ်ကြလော
ဆိုတဲ့ ဘုရားခိုင်းထားတဲ့အလုပ် အသက်ရှင်ရမည့်ပညာတ်ချက်က ပြောနေပြီး သတိထားဆင်ခြင်ရှင်သန်ကြပါစို့၊

