ဖာသာရ် Peter ကြည်မောင် (မန္တလေး) ပါစကားကာလတတိယထသီတင်းပတ် စနေနေ့ သြဝါဒ ၂၉၊ ၄၊ ၂၀၂၃

၂၉/၄/၂၀၂၃
ဓမမိတ်ဆွေတို့ ဒီကနေကြားနာခဲ့ရတဲ့ပထမကျမ်းစာ တမာန်တော်ဝတ္ထု အခန်းကြီး ၉ မှာ တမာန်တော်ကြီး ရှင်ပေတရုရဲ့

တန်ခိုးလက္ခဏာတွေနဲ့ ရှေးဦးခရစ်ယာန်တွေအကြား ပြင်ထန်တဲ့ယုံကြည်ခြင်းနဲ့ တမာန်တော်ကြီးတို့ သွားလေရာအရပ်မှာ

သာသနာတော်ဟာ တိုးတက်ပြန်ပွားနေတဲ့ အကြောင်းကို ကြားနာခဲ့ရတယ်။ဧဝံဂေလိကျမ်းမှာတော့ သခင်ခရစ်တော်က

ငါ၏အသားကိုစား ငါ၏သွေးကိုသောက်ထာဝရအသက်ကိုရမယ် လို ဟောပြောတဲ့အချိန်မှာ နားမလည်ကြ၊ လက်မခံနိုင်

ကြဘူး ဂျူးလူမျိုးတွေရဲ့ ထုံးတမ်းအစဉ်အလာတွေကိုလည်းဆန့်ကျင်တယ် နားလည်ဖို့လည်းခက်ခဲးတယ် ဒါကြောင့်သူထံက

နေထွက်သွားကြတယ် သူနောက်ကို မလိုက်ကြတော့ဘူး၊ နားမလည်လက်မခံနိုင်လို့ ထွက်ခွားသွားသူတွေကို ပြန်မခေါ်တဲ့အပြင်

သူနားမှာ အနည်းကပ်အမြဲးရှိနေတဲ့ တမန်တော်ကြီး ၁၂ ပါကိုပါ စိန်ခေါ်လိုက်သေးတယ် မင်းတို့ရေားသွားကြအုံးမှာလား

တမာန်တော်ကြီး ရှင်ပေတရုးက ကိုယ်တေယ်မှာ ထာဝရအသက်ပေးနိုင်သော နှုတ်ကပါဠ်တော်ရှိတယ်။ ကိုယ်တော်ထံကလွဲးပြီး

ဘယ်ကိုသွားရမှာလဲး ဆိုပြီးပြန်ဖြေခဲ့တယ်။ သခင်ခရစ်တော်လဲး ကျမ်းတပ်ဆရာတွေလို တရားဟော ဆရာ‌တယောက်ပဲ
သူလည် သူနောက်လိုက်တွေများတာကို လိုခြင်မှာပဲ ဒါပေမဲ့ဒီလောက်အရေးကြီးတဲ့ကိုယ်‌‌တော်မြတ် စက္ကရမင်းတူး တည်ထောင်

မည့်အကြောင်း ကို ဟေားကြားနေတဲ့နေရာမှာ လူတွေမယုံလို၊ လူတွေလက်မခံနိုင်ကြလို့ နောက်တမျိုးပြောင်းရမယ် ဆိုတာ

သခင်ခရစ်တော်မှာမရှိဘူး၊ မင်းတို့ယုံယုံ မယုံယုံ ငါဟေားတဲ့တရားက ငါ့အသားကိုစား၊ ငါ့သွေးကိုသောက် ထာဝရအသက်ကို

ရမယ်။ ဒါဟာယုံကြည်ရာအချက်ဖြစ်တယ်၊ ဒီအချက်ကို သခင်ခရစ်တော် ဒုက္ခစရိယာ မခန်မှီ နောက်ဆုံးညစာ စားပွဲးမှာ မုန့်ကို

ယူပြီး ဤအရာသည် ငါ၏အသားဖြစ်၏ ယူ၍စားကြ၊ စပျစ်ရည်ကိုလည်း ယူတော်မူပြီး ဤအရာသည် ငါ၏သွေးဖြစ်၏ယူ၍

သောက်ကြ ဆိုပြီး ကိုယ်တော်မြတ် စက္ကရင်မင်းတူးကို တည်ထောင်ပေးခဲ့တယ်။ တမာန်တော်ကြီး ရှင်ပေတရုလို ကိုယ်တော်မှာ

ထာဝရအသက်ပေးနိုင်သော နှုတ်ကပါဠ်တော်ရှိတယ်၊ ကိုယ်တော်ထံကလွဲးပြီး ဘယ်ကိုသွားရမှာလဲး ဆိုပြီးပြန်ဖြေနိုင်တဲ့သူတွေ

ဖြစ်နုင်အောင်ကြိုးစားကြပါစို့။

rvamyanmar
rvamyanmar
Articles: 2735

Leave a Reply

Your email address will not be published. Required fields are marked *