ဖာသာရ် Peter ကြည်မောင် (မန္တလေး) ပါစကားကာလတတိယထသီတင်းပတ် သောကြာနေ့ သြဝါဒ ၂၈၊ ၄၊ ၂၀၂၃

28/4/2023 
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ကျမ်းချက်တွေထဲးက ပထမကျမ်း  တမန်တော်ဝတ္ထု ၉:၁-၂၀ မှာ တမာန်တော်ကြီး

ရှင်ပေါလူးရဲ့ပြောင်းလဲးခြင်းအကြောင်းကိုကြားနာခဲ့ရတယ်။ကျမ်းတပ်ဆရားဖာရီ‌ဇေဦးတဦးဖြစ်တဲ့ဆောလ် ဘဝကနေ

သခင်ခရစ်တော်နဲ့ထိတွေ့ပြီး တမာန်တော်ကြီး တဦးဖြစ်လာခဲ့တယ်။ဂျူးတွေရဲ့ထုံးတန်းအစဉ်အလာ၊ မိုးဇယ်နဲ့ပရောဖက်

တွေရဲ့တရားကျမ်းတွေ၊ မက်ဆီးယာသခင်ကြွလာမည့်အကြောင်းအရာတွေကိုနှံ့စပ်အောင်တပ်သိနားလယ်ပေမဲ့

သခင်ခရစ်တော်နှင်မတွေ့ရသေးသရွေ့ အလင်းပြခြင်းမခံရသေး‌သရွေ့ သူဘဝက ပြည့်စုံခညင်းမရှိခဲ့ဘူး။ စိတ်အားထက်

သန်တဲ့ ဂျူး ကျမ်းတပ်ဆရာတစ်ယောက်ဖြစ်နေတဲ့အတွက် သူတို့ရဲ့ ထုံးတမ်းအစဉ်အလာကို မလိုက်နာသူ၊ ဆန်ကျင်သူ

သွေဖယ်သူတွေကို ဂျူးတွေရဲ့ တရားဥပဒေကျမ်းတွေကို အသုံးချပြီး ဖမ်းစီးခြုပ်နှောင်သတ်ဖြတ်တာတွေပြုလုပ်ဖို့ စိတ်အား

ထက်သန်နေသူဆောလူးဟာသခင်ခရစ်တော်နဲ့ ထိတွေ့လိုက်ရချိန်မှာ ချက်ခြင်းသူအမှားကိုသူမြင်သွားပြီး သခင်ခရစ်တော်ရဲ့

ရန်သူ၊ ခရစ်ယာန်တွေကို ညှင်းပန်းနှိပ်စက်သူကနေ၊ သခင်ခရစ်တော်အကြောင်းကို ရဲ့ရဲ့ဝံ့ဝံ့ နေရားအနှံအပြားမှာ ဟောကြားခဲ့

ပြီး သခင်ခရစ်တော်အတွက် အသက်အသေခံခဲ့တဲ့ တမာန်တော်ကြီးဖြစ်တယ်၊။ 

တခါတလေမှာ လူတယောက်ပြောင်းလဲးဖို့ အသိပညာတွေအများားကြီးရှိနေလဲး အထောက်အကူ မရခဲ့ဘူး မပြောင်းလဲး နိုင်ခဲ့ဖူး၊

သူဖာသာ ဘုရားနဲ့ထိတွေ့ခံစားရချိန်၊ အမှန်တရားကိုသိလာတဲ့အချိန်၊ မိမိကိုကို စစ်မှန်တဲ့ အသိတရားရချိန်မှသာလျှင်ပြောင်းလဲး

လာတပ်ကြတယ်။ပြောင်းလဲးဖို့လိုသူတယောက်ကို ဘယ်လိုပဲ အသိပညာတွေ၊ အဖြစ်အပြက်တွေ၊ အတွေ့အကြုံတွေနဲ့ ပြောပြပြု

ပြင်ပေးပေမဲ့လည်း၊ သူကို၌က နဖူးတွေ့ဒူတွေ့ တွေ့မှ ပြောင်းလဲးတပ်ကြတဲ့သူတွေကိုကြုံဖူးကြမယ်၊။ အချိန်မလွန်ခင်မှာ ပြုပြင်

ပြောင်းလဲး နိုင်သူတွေဖြစ်ကြပါစေ။။ 
ဧဝံဂေလိကျမ်းမှာတော့ သခင်ခရစ်တော်က ငါ၏အသားကိုစား၊ ငါ၏သွေးကိုသောက် ထာဝရအသက်ကိုရမယ် လို့ ဟေားကြားခဲ့

တယ်။နောက်ဆုံးညစာစားပွဲး၊ ကျွန်တော်တို့ကက်သလစ်တွေအတွက် သန့်ရှင်းသော  ကြာသာပတေးနေ့ သခင်ခရစ်တော်

ကိုယ်တော်မြတ်စက္ကရမင်းတူး ကိုတည်ထောင်ခဲ့တာ မှတ်မိကြအုံးမှာပါ။
မုန့်ကိုယူတော်မူ၍ အဤအရာသည် ငါ၏အသားဖြစ်၏ ယူ၍စားကြ၊ စပြစ်ရည်ကို ယူတော်မူပြီး ဤအရာသည် ငါ၏သွေးဖြစ်၏

ယူ၍သောက်ကြ ငါကိုအောက်မေ့သတိရခြင်းကာဤအမူ့ကိုပြုကြလေား ဆိုပြီး မှာခဲ့တာ၊ သခင်ခရစ်တော်ပြောတဲ့အထဲးမှာ

ဤမုန့်ဟာ၊ အသားကို ကိုယ်စားပြုအမှတ်အသား၊ ဤစပျစ်ရည်ဟာ ငါ့သွေးကို ကိုစားပြုအမှတ်အသားလို့မပြေားခဲ့ဘူးငါ၏အသား

 ငါ၏သွေးလို့ပဲသုံးခဲ့တယ်။အဲ့တာကို အခြေခံအဖြစ်ကက်သလစ်တွေရဲ့ မေစ္ဆားတရား မုန့်ဖဲ့ခြင်း ဟာ ခရစ်တော်ကိုယ်တော်တိုင်

ပေးခဲ့သော အသက်မုန်တော်၊ သခင်ခရစ်တော်ရဲ့ သွေးတောနဲ့သားတော်၊ ဘုရားသခင် ကြိမ်းဝတ်စံပယ်နေသော ကိုယ်တော်မြတ်၊

ယုံကြည်ကိုးကွယ်ကြတယ်၊ ကက်သလစ်အသင်းတော်ရဲ့ အထွဠ်အမြတ်၊ အဓိကအကြဆုံးအရာ အြဖစ် ယုံကြည်ကြတယ်။။
ဒါကြောင့် ကက်သလစ်ဘုရားကျောင် တွေကို Holy Place သန့်ရှင်သောနေရာ၊ ဘုရားသခင်ကိမ်းဝပ်စံပယ်တော်မူရာနေရာဌာန

ဘုရားကျောင်းတော်လို့ခေါ်တယ်၊ နှုပ်ကပါဠ်တော်တခုထဲးတရားဟောပြောတဲ့ခန်းမ မဟုတ်ဘူး၊ သန့်ရှင်းရာဘုရားကြိမ်းဝပ်တော်

မူရာနေရာ ဖြစ်တယ်၊ ရိုသေတန်ဖိုးထားတပ်ကြပါစေ။။

rvamyanmar
rvamyanmar
Articles: 2735

Leave a Reply

Your email address will not be published. Required fields are marked *