ပျောက်ဆုံးခြင်း
ဒီကနေ့အတွက်ပျောက်ဆုံးခြင်းဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ကိုယ့်ကိုကိုယ် Lost ဖြစ်ဖူးပါသလား ။
ဒါက သိပ်ကြောက်စရာကောင်းပါတယ် ။
သင်ရော ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေတာကို သတိထားမိရဲ့လား ။
တစ်ခါတစ်လေမှာ ကျွန်တော်တို့က ကိုယ်တိုင်တောင် သတိမထားမိပါပဲ ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေတတ်တယ် ။
ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း တွေ ကိုယ့်ရဲ့ စိတ်အခြေနေ အားလုံးဟာ ကိုယ်မပိုင်တော့ဘူး ။
တစ်စုံတစ်ယောက် အပေါ် ၊ ဒါမှ မဟုတ် အရာဝတ္ထုတစ်ခုအပေါ် မူတည်လာတတ်တယ် ။
ကျွန်တော်တို့ကို ပျောက်ဆုံးစေနိုင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ် ။
တစ်စုံတစ်ယောက် ကို အလွန်အကျူး ချစ်မိခြင်း ၊
Social Media ကို စွဲလမ်းခြင်း နှင့် ဂိမ်းစွဲခြင်း ၊
မူယစ်ဆေး သုံးစွဲခြင်း ၊ အတုယောင်တွေ အပေါ် သာယာမိခြင်း အစရှိသဖြင့် ပျောက်ဆုံးစေတတ်သော အရာများပေါ့ …. ။
တစ်စုံတစ်ယောက်ကို အလွန်အကျူး ချစ်မိခြင်း …..
သူခေါ်နေရင် ပျော်တယ် ၊ သူမကြည်ဖြူရင် ငိုမယ် ။
တစ်ဖက်လူအပေါ် လိုတာထက်ပိုပြီး တွယ်ငြိမိတဲ့အခါ
ကိုယ့်ရဲ့ စိတ်ခံစားချက်တွေဟာ ကိုယ်မပိုင်တော့ဘူး ။
ကိုယ့်ဘဝထဲမှာ သူ့ကို စိတ်ကြိုက်ချယ်လှယ်ခွင့် ပေးထားမိကြပါတယ် ။
ကိုယ့်ကို သဘောမကျတဲ့လူကို ချစ်မိတာမျိုး ၊
ကိုယ့်အပေါ် မကောင်းတဲ့ Relationship ကို တည်ဆောက်နေမိတာမျိုးပေါ့ ။
Social Media ကို စွဲလမ်းခြင်း နှင့် ဂိမ်းစွဲခြင်း …..
ဒါဟာ လူငယ်တွေ တော်တော်များများမှာ ဖြစ်လေ့ဖြစ်ထ ရှိနေပါတယ် ။ Facebook လိုမျိုး online social တွေ ၊
ဂိမ်းတွေကို အလွန်အမင်း ၊ ခုံမင်လာတယ် ။ မနက်ကနေ ညအထိ အသုံးပြုလာကြတယ် ။
ခံစားချက်တွေက ဒီ့အပေါ် ပုံကျလာတယ် ။
အပြင်လောကနဲ့ အဆက်သွယ် ပြတ်လာတယ် ။ သဘာဝနဲ့ ကင်းဝေးလာတယ် ။
စားချိန်တွေ မမှန်တော့ဘူး ၊ အိပ်ချိန်တွေ နည်းလာတယ် ။ တဖြည်းဖြည်းနဲ့ Social Media ရဲ့ ကျေးကျွန်တွေ ဖြစ်လာမိတယ် ။
ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အရာရာတိုင်းက လုံးပါး ပါးလာတယ် ။
အတုယောင်တွေ အပေါ် သာယာမိခြင်း ….
Facebook ကို တွင်ကျယ်စွာ အသုံးပြုလာတဲ့နောက်
လူပေါင်းစုံရဲ့ ဘဝပေါင်းစုံ ၊ ယဉ်ကျေးမှုပေါင်းစုံက ကျွန်တော်တို့ကို အုပ်မိုးလာတယ် ။
တကယ်တော့ လူတွေဟာ သူတို့ဘဝရဲ့ အကောင်းဆုံးအပိုင်း Highlights တွေကိုသာ Facebook မှာ ချပြကြတာပါ ။
ဒါက သူတို့ရဲ့ ဘဝအစစ်မဟုတ်ဘူး ၊ သူတို့ စိတ်ကူးထဲက သူတို့လိုချင်တဲ့ ဘဝမျိုးပါ ။
ဒါတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် အားမလို အားမရတွေ ဖြစ်လာကြတယ် ။ သူတို့လို အတုခိုးလာတယ် ။
မရှိတာကို အရှိလုပ်ပြီး ဟန်ဆောင်လာကြတယ် ။
ကြာလာတော့ ရှိရင်းစွဲ ရိုးသားမှုတွေက ပျောက်ဆုံးပြီး
အတုယောင်တွေ အပေါ် သာယာလာကြတယ် ။
Popular ဖြစ်တာကို ခုံမင်လာတယ် ။ လူကြိုက်များတာကို ဂုဏ်ယူမိလာကြတယ် ။ အချစ်စစ်နဲ့ ဝေးလာတယ် ။
လူအများ အထင်ကြီးဖို့အတွက်နဲ့ ကိုယ့်ရဲ့ အချိန်တွေ ၊ ပျော်ရွှင်ခြင်းတွေကို အသုံးပြုလာကြတယ် ။
တကယ်တော့ ကျွန်တော်တိူ့ရဲ့ ပျော်ရွှင်ခြင်း အစစ်မှန်ဟာ တကယ့် Real Life ၊ သာမန်ဘဝလေးမှာသာရှိနေပါတယ် ။
အချစ်စစ်နဲ့ ချစ်ပေးမဲ့သူလဲ ကျွန်တော်တို့ ဘေးမှာ ရှိနေပါတယ် ။
စွဲလမ်းခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကိုကိုယ်ရော ၊
ကိုယ့်ဘေးက လူတွေကိုပါ မပျောက်ဆုံးပါစေနဲ့ ။
ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း အတွက်
ဘယ်သူ့အပေါ်မှ တာဝန်မရှိပါဘူး ။ ဒါကြောင့် ဘယ့်သူ့အပေါ်မှ မမှိခိုပါနဲ့ ။ အားမကိုးပါနဲ့ ။
online ဟာ ဘဝ အစစ်မဟုတ်ပါဘူး ။
ကိုယ့်ကမ္ဘာကျဉ်းကျဉ်းလေးမှာ ကိုယ့်ကိုချစ်တဲ့သူတွေ နဲ့ ပျော်အောင်နေပါ ။ မိသားစုကို အချိန်ပေးပါ ။
အပြင်က သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်နေပါ ။
သဘာဝ တရားကို ချစ်ပါ ၊ အပြည့်အဝ ခံစားပါ ။
စွဲလမ်းစေတတ်တဲ့ အရာတွေကို ရှောင်နိုင်တာဟာ
ကျွန်တော်တို့အတွက် အကောင်းဆုံးပါပဲ ။
ဒီငြိတွယ်ခြင်းတွေ အပေါ်မှာ ကိုယ့်ကိုကိုယ် မပျောက်ဆုံးပါစေနဲ့ ။