ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပထမသီတင်းပတ် စနေနေ့ သြဝါဒ ၁၅၊ ၄၊ ၂၀၂၃
ဧပြီလ (၁၅) ရက်၊ စနေနေ့
ခရစ်တော်ဘုရားရဲ့ ရှင်ပြန်ထမြောက်ခြင်းပွဲတော်ကြီးကို ဆက်လက်ကျင်းပနေကြတာ ဒီယနေ့နဲ့ဆို တစ်ပါတ်
တိတိရှိပါပြီ။ ရှင်ပြန်ထမြောက်ခြင်းပွဲက ခရစ်ယာန်ပွဲတကာတို့ထက် အမြင့်မြတ်ဆုံးနှင့် အကြီးဆုံးသော ပွဲတော်ကြီး
တစ်ခုဖြစ်ပါတယ်။ ခရစ်တော်ရဲ့ သေခြင်း၊ ရှင်ပြန်ထမြောက်သာ မရှိဘူးဆိုလျှင် ခရစ်ယာန်ဘာသာလည်း ရှိလာမှာ
မဟုတ်ဘူး။ တမန်တော်ကြီး ရှင်ပေါလုက ခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်း မရှိခဲ့ပါလျှင် ငါတို့၏ ဟောပြော
ခြင်းနှင့် ယုံကြည်ခြင်းသည် အချည်နှီး သက်သက်ပဲလို့ မိန့်ဆိုခဲ့ဖူးပါတယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းက
ခရစ်ယာန်ဘာ သာဖြစ်လာဖို့ တနည်းအားဖြင့် ကျွနု်ပ်တို့ရဲ့ ယုံကြည်ခြင်းမျိုးစေ့ဖြစ်လာဖို့ အတွက် အဓိကကျတဲ့
ဗဟိုချက်မကြီးတစ်ခု ဖြစ်ပါတယ်။
သခင်ယေဇူးရဲ့ ရှင်ပြန်ထမြောက်ခြင်းက ကျွနု်ပ်တို့ရဲ့ ယုံကြည်ခြင်းအသက်တာကို ပိုပြီး အားဖြည့် ပေးပါတယ်။
ဒါကို တကယ် ယုံကြည်ရမယ်။ ဘာလို့လဲဆိုတော့ သခင်ယေဇူးက တကယ်ကို ရှင်ပြန်ထမြောက်ခဲ့ပါတယ်။
ဂျူးဥပဒေအရ ခိုင်မာကြောင်း သက်သေထွက်ဆိုဖို့ သက်သေ အနည်းဆုံး ၂ ဦးလိုအပ်တယ်။ ဒီနေ့ကျမ်းစာထဲမှာ
ခရစ်တော်က ပထမဦးဆုံးအနေနဲ့ မာရီယား မာဒလေနားကိုအထင်းရှားပြတယ်။ ပြီးတော့ ဧမာဦးမြို့ကို ရှောင်ပြေး
တဲ့ တပည့်တော်ကြီး ၂ ပါးကိုလည်း အထင်းရှားပြတယ်။ သခင်ယေဇူးက သူရှင်ပြန်ထမြောက်တာကို ၂ ဦးထက်
မက လူပေါင်းများစွာကို အထင်ရှားပြခဲ့တယ်။ အဲဒီနောက်မှာ တပည့်တော် ၁၁ ပါးကိုပါ အမှန်တကယ် ရှင်ပြန်
ထမြောက်တဲ့အကြောင်း သက်သေပြခဲ့တယ်။ သခင်ယေဇူးက လူငါးရာကို တစ်ပြိုင်ထဲ အထင်းရှားပြခဲ့တဲ့အ
ကြောင်းကို ရှင်ပေါလူးက ကောရိန်သု စာစောင်မှာ ဆိုထားတာကိုလည်း တွေ့ရတယ်။
ရှင်ပြန်ထမြောက်တယ်ဆိုတာကို သိတာနဲ့ တမန်တော်ကြီးတွေက ရုတ်တရက်ပြောင်းလဲသွားကြတယ်။
ကားစင်တင် အသတ်ခံရတဲ့အချိန်မှာ ကြောက်လန့်ပြီး ပုန်းနေခဲ့တဲ့သူတွေက ရှင်ပြန်ထမြောက်ခြင်းကို မြင်တွေ့
ပြီးတဲ့ အခါမှာ အပြင်ကိုထွက်လာကြတယ်။ သတ္တိတွေရှိလာတယ်။ သတင်းကောင်းကို ရဲရဲဝံ့ဝံ့ ကြေညာဟောပြေ
ာလာကြတယ်။ ရှင်ပြန်ထမြောက်ခြင်းက သူတို့ရဲ့ယုံကြည်ခြင်းကို ပိုပြီး အားဖြည့်ပေးလိုက်ပါတယ်။ တမန်တော်
ကြီးက ဟောပြော သက်သေခံတဲ့အခါမှာ အသက်နဲ့ပါရင်းပြီး သက်သေခံရဲလာကြပါတယ်။ သခင်ယေဇူးသာ
တကယ်မရှင်ပြန်ခဲ့ရင် အဲ့ဒီလောက် အသက်စွန့်ပြီး သက်သေခံစရာ အကြောင်းလည်းမရှိနိုင်ဘူး။ ရှင်ပြန်ထ
မြောက်ခြင်းကြောင့် သူတို့တွေ ညှင်းပမ်းနှိပ်စက်ခံရမှာကိုလည်း မကြောက်တော့ဘူး။ သေမှာလည်း မမှုတော့ဘူး။
ဆရာသခင်ရဲ့ အဟုတ်အမှန် ရှင်ပြန်ထမြောက်ခြင်းက သူတို့ရဲ့စိတ်နှလုံးကို ပျော်ရွှင်မူပေးနေတာပဲသိတော့တယ်။
ယုံကြည်ခြင်းတွေက ပိုပြီး ထက်သန် လာခဲ့ပါတယ်။
ပါစကားပွဲနေ့မှာ ကျွနု်ပ်တို့ကြားရတယ်။ သခင်ယေဇူးရှင်ပြန်ထမြောက်ပြီတဲ့။ ဒီစကားကို ကြားတဲ့အခါ ကျွန်ုပ်တို့
စိတ်နှလုံးထဲမှာ ပျော်ရွှင်ရဲ့လား။ ယုံကြည်ခြင်းကို ပိုပြီး တိုးပွားလာစေသလား။ သခင်ယေဇူးက ရှင်ပြန်ပြီ။ အမှောင်
ထုတွေ၊ အပြစ်တွေ၊ ကြေကွဲစရာတွေ၊ သေခြင်းတွေအားလုံးကို ကျော်လွှားခဲ့ပြီ။ အမှောင်ထုအစား အလင်းကို
သူပေးနေပြီ။ အပြစ်အစား ကျေးဇူးတော်တွေကို သွန်းလောင်း ပေးနေပြီ။ ကြေကွဲနာကျည်းစရာတွေအစား ပျော်ရွှင်
ဝမ်းမြောက်ခြင်း တွေကို ဆောင်ကျဉ်း ပေးနေပြီ။ သေခြင်းအစား အသက်ရှင်သန်ခြင်းတွေကို ပေးနေပါတယ်။
ရှင်ပြန်တော်မူတဲ့ ခရစ်တော်နဲ့အတူ ဘဝသစ်ကိုရှင်သန်ကြရပါမယ်။ မျှော်လင့်ခြင်းနဲ့အတူ အလင်းထဲမှာ ရှေ့ဆက်ပြီး
လျှောက်လှမ်း ကြရမယ်။ ရှင်ပြန်ထမြာက်ခြင်းပွဲကို ကျင်းပရတာ သင် တကယ်ပျော်ရဲ့လား။ ယုံကြည်ခြင်းတွေရော
တိုးပွားလာစေလား။