ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် သောကြာနေ့ သြဝါဒ ၃၁၊ ၃၊ ၂၀၂၃
31 March 2023
ဓမ္မမိတ်ဆွေတို့ ယုံကြည်သူ ကက်သလစ်ခရစ်ယာန်တွေအတွက် ဝါတွင်းကာလာ အဓိကရက်ပိုင်းတွေကိုရောက်လာခဲ့ပြီ
ကျွန်တော်တို့ဘယ်လောက်အထိပြင်ဆင်ခဲ့ကြပြီလဲ။ ဒီရက်ပိုင်းတွေမှာကြားနာခဲ့ရတဲ့ကျမ်းချက်တွေမှာ သခင်ယေဇူးနဲ့ကျမ်း
တတ်ဆရာတွေကြား နားလည်မူ့လွဲးမှားတဲ့အချင်းအရာတွေ၊ သခင်ခရစ်တော်ရဲ့ဟောပြောချက်တွေကိူ လက်မခံနိုင်မှု့တွေဟာ
ဇာတ်ရှိမ်မြင်လာနေတာကိုနေစဉ်ကြားနာခဲ့ရတယ်။ သူတို့လက်မခံနိုင်တာကသခင်ခရစ်တော်ဟာမက်ဆီးယားသခင်ဖြစ်တယ်။
ဘုရားရဲ့သားတော်ဖြစ်တယ်ဆိုတာ ကို အကြိမ်ကြိမ်သခင်ခရစ်တော်ရှင်းပြခဲ့ပေမဲ့ ဒီလူတွေနားမလည်ခဲ့ကြလက်မခံနိုင်ခဲ့ကြဘူး။
သခင်ခရစ်တော်သက်သေပြခဲ့တာလေးတွေ ပြန်ထောက်ရှုကြည့်ရအောင်၊ အကြီးဆုံးပရောဖက်လိုဂျူးလူမျိုးတွေလက်ခံခဲ့ကြတဲ့
ယောဟန်ဗတ္တစ်တား က ဘုရား၏သိုးငယ်တော်ကိုကြည့်ကြ ၊သူရဲးလမ်းတော်ကိုပြင်ဆင်ဖို့ငါဟာ စေလွတ်ခညင်းခံရသူဖြစ်တယ်။
လိုသက်သေခံခဲ့တယ်၊ ဒါပေမဲ့ ဂျူးတွေခရစ်တော်ကို လက်မခံခဲ့ကြဘူး။ နောက်တခါ သခင်ခရစ်တော်ကိုတိုင်ပြသခဲ့တဲ့ တခိုး
လက္ခဏာတွေ၊ မျက်စိမမြင်သူ၊ နားမကြားသူ၊ ရောဂါဝေဒနာခံစားနေရသူ၊ နောက်ဆုံး သင်းချိုင်လေးရက်ကြာမြုပ်ထားပြီးသာ
ဖြစ်တဲ့လာဇရူးကိူ ရှင်ပြစေခဲ့တယ်။ ဒီတခိုးတွေပြခဲ့တာလဲး သူတို့လက်မခံခဲ့ကြဘူး၊။ နောက်တခါ အဖခမည်းတော်ဘုရား
ကိုယ်တိုင် သက်သေခံခဲ့တယ် ၏သူသည် ငါအလွန်နှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်းသူကို နားထောင်ကြ ဆိုပြီး၊
ယောဟန်လက်က ဆေးကြေားခညင်းခံခြင်းမှာတကြိမ်၊ အဆင်းသဏ္ဌာန်ပြောင်းလဲးခညင်းမှာတကြိမ် သက်သေခံခဲ့တယ်
ဒါလည်း လက်မခံဘူး။ တဖန် အာဘရာဟံကနေစပြီး ဘုရားရဲ့လူမျိုးတော်ရွေးကောက်စဉ်ကတဲးက မက်စီးယားသခင်ကြွ
လာဖို့ ဓမ္မဟောင်းကျမ်းချက်တွေ၊ မိုးဇယ်နဲ့ပရောဖက်တွေရဲ့ဟေားကြားချက်တွေဟာ သခင်ခရစ်တော်မှာ ကိုက်ညီနေခဲ့ကြ
တာတွေကိုလဲး သူတို့ ဘက်မခံခဲ့ကြဘူး။ ဒီကနေကျန်းစာမှာလဲး သခင်ခရစ်တော်ပြုမူခဲ့တဲ့ ကောင်းမူ့တွေကို မျက်စိရှိလျက်
မမြင် နားရှိလျက်မကြားခဲ့ကြတဲ့ ဖာရီဇေဦးတွေနဲ့ ကျမ်းတတ်ဆရာတွေ၊ သူတို့ရဲ့နောက်လိုက်ဂျူးတွေဟာ သခင်ခရစ်တော်ကို
သူတို့တရားစီရင်မူ့အတိုင်း သူကိုယ်တိုင် ဘုရားရဲ့သားတော်လို့ပြောတဲ့ သခင်ခရစ်တော်ကို ကျောက်ခဲးနဲ့ပေါက်သတ်ဖို့ကြိုးစား
ခဲ့ကြတာကို ကြားနာခဲ့ကြရတယ်။ ဘာကြောင်သူတို့သခင်ခရစ်တော်ကို ဘုရားရဲ့သားတော်အဖြစ်လက်မခံနိုင်ခဲ့ကြတာလဲးပထမ
တချက်က သူတို့ရဲ့အနားလို အတ္တစိတ်က သူတို့ရဲးနှလုံးသားတွေကိုပိတ်ထားလိုပဲနောက်တချက်က ဘုရားကို တကယ်မချစ်၊
လက်တွေမပါတဲ့ အသက်ရှင်မူ့တွေကြောင်၊ နောက်တချက်က သူတို့တွေက သူတို့ရဲ့ဂုဏ်သတင်ကြော်ဇောဖို့၊ ဂုဏ်ယူဖို့ပဲ ဟန်
ဆောင်အသက်ရှင်ကြသူတွေဖြစ်လို၊ နောက်တချက်က ကျမ်းစားတွေ၊ ပရောဖက်တွေရဲ့ဟေားချက်တွေကို မနားလိုစိတ်နဲ့ တလွဲး
အဓိပ္ပယ်ပြန်ပြီး ကိုယ်ကျိုရှာသူတွေဖြစ်နေလို၊ နောက်ဆုံးတချက်က မိုးဇယ်နဲ့ပရောဖက်တွေရဲ့ဟေားကြားချက်တွေကို တကယ်
လက်မခံခဲ့ကြလို့ပဲဖညစ်တယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲး မိမိကိုယ်ကြိုးကြည်၊ မနားလိုမုန်းထားစိတ်နဲ့ အမှန်ကို အမှန်
မှန်းမသိ၊ အမှာကို အမှားမသိ တဲ့သူတွေ၊ အမှန်တရားကို ဖျက်စီးဖိုကြိုးစားသူတွလွှမ်းမိုးနေတာကိုကြုံတွေကြရမယ်။ အမှန်
တရားဟာ တနေမှာ အားလုံးကို အရှိကိုအရှိ့တိုင်ပြန်ဖေါ်ပြမဲ့အချိန်တခုရောက်လာလိမ့်မယ်။ အဲ့အချိန်ရောက်ရင် ကိုယ် ဟာ
အမှန်တရားဖက်မှာ ရပ်နေသူ ဖြစ်ဖို့လိုတယ်။။