ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် ကြာသပတေးနေ့ သြဝါဒ ၃၀၊ ၃၊ ၂၀၂၃

30 March 2023
 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်ယောဟန်ဧဝံဂေလိကျောင်းစာမှာ သခင်ခရစ်တော်က ငါ၏စကားကိုလိုက်နာကျင့်

ဆောင်သောသူတို့သည်သေခြင်းကိုမတွေ့ရ။ ဒီကျမ်းပိုက်ကလေးကိုကျနော်နဲ့အတူထောက်ရှု့ကြည့်ကြပါဆို။သခင်ခရစ်တော်ရဲ့

နှုတ်တော်ထွက်တရားတော်တွေမှာ တည်နေခြင်း၊ လိုက်ကျင့်သူ၊ အသက်ရှင်နေထိုင်သူ တွေသေခြင်းကိုမတွေ့ရတဲ့၊ ဘာလို့လည်း

 ကျွန်တော်တို့ဘယ်လို နားလည်ကြလည်းသေခြင်း နှစ်မျိုးနဲ့ ခရစ်တော်တရားကို ထောက်ရှုကြည့်ရအောင်လောကမှာ အသက်

ရှင်လျှက်သေနေခြင်း၊ လောကအသက်တာ သေခြင်း ပြီးတော့ ထာဝရအသက်တာပါသေခြင်းလောက မှာ ရှင်လျှက်သေနေသူတွေ

ကို တွေ့ဖူးကြမှာ ကိုယ်ရဲ့ မတော်လောဘစိတ်၊ တဏှာရာဂစိတ်၊ လိုခြင်တပ်မက်ကြီးတဲ့စိတ်၊ မနာလို မုန်းထားတဲ့စိတ်၊ မာန်မာန

ထောင်လွှားတဲ့စိတ်တွေက လူ့လောကမှ ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲးတဲ့အတွက် အသိုင်းဝန်းနဲ့တရား‌ဥပဒေတွေက သူတို့ကို

ဖယ်ကျင်းထားလိုက်တယ်။ ဥပမာ ဟန်ဆောင်တပ်သူ၊ ခိုးတဲ့သူ၊ လိမ်လည်တဲ့သူနဲ့ မိမိဘဝကို အရက် ဆေး တဏှာရာဂမှာ

နှစ်မြုပ်ထားသူတွေဟာရှင်လျှက်နဲ့ သေနေသူတွေဖြစ်ကြတယ်။ အဲ့တာတွေကို ထိမ်းသိမ်းရှောင်ကျင်ပြီး ခရစ်တော်ရဲ့ နှုတ်တော်

ထွက် တရား တော်တွေနဲ့ ရှင်သန်နေသူတွေဟာ  လောက အသက်တာမှာ ရှင်သန်နေသူဖြစ်တယ်။ သူတရားက ဘာတွေလဲး ချစ်ခြင်း

မေတ္တာတရား၊ ခွင့်လွှတ်ခြင်းတရား သည်းခံခြင်းတရား နှိမ့်ချခြင်းတရား၊ ရိုးသားဖြောင်မတ်ခြင်းတရား၊ ကိုယ် ခြင်းစာခြင်းတရား၊

အနစ်နာခံခြင်းတရား အဲ့ဒီတရားဓမ္မတွေမှာ အသက်ရှင်နေသူတွေဟာ ဒီပုဂ္ဂိုလ်တွေကို လူတွေက အပေါင်းအသင်းမိတ်ဆွေဖြစ်ခြင်ကြ

တယ်။ သူတပါးအပေါ်မှာ အမြဲးကောင်းမွန်စွာဆက်ဆံတပ်သူတွေမှာ ရန်သူနည်းတယ်။ သူတို့ရဲ့ဘဝက ကောင်းခြင်းတရားတွေနဲ့ရှင်

သန်နေကြလို့ လောက အသက်တာ ရှင်သန်နေခြင်းဖြစ်တယ်။အထက်မှ ဖေါ်ပြခဲ့တဲ့ မကောင်းတဲ့အဓမ္မတရားမှာရှင်သန်နေသူတွေဟာ

ဒီလောက အသက်တာတွင်သာမက နောင်ဘဝ၊ သေပြီးရင်တောင် ထပ်သေရတယ် ဆိုတဲ့ ထာဝရငရဲးခံရခြင်း မှာ ထပ်ခါထပ်သေနေကြရ

အုံးမယ်။ဓမ္မမိတ်ဆွေ သင်လောက အသက်တာမှာ ဘယ်လိုရှင်သန်နေလည်း ရှင်လျှက်နဲ့သေနေသူဆိုရင် အမှန်နောင်တရပြုပြင်ပါ၊

နှစ်ခါသေရတဲ့ဘဝကို မလိုခြင်ပါနဲ့။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *