ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၂၈၊ ၃၊ ၂၀၂၃

ဝါတွင်းကာလပဥ္စမသီတင်းပတ် အင်္ဂါနေ့ ရှင်ယောဟန် ၈း ၂၁-၃၀
 ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာရတဲ့ပထမကျမ်းစာမှာ  အီဂျစ်ပြည်မှာ ကျွန်ခံနေရတဲ့ အီဇရာအဲလ် လူမျိုးတွေကို မိုးဇယ်အား

ဖြင် ဘုရားသခင်က သူတို့ကို ကျွန်ဘဝမှ ကယ်ထုတ်ခဲ့ပြီး ကတိထားရာပြည်ကို ခေါ်ဆောင်လာခဲ့တယ်။ လမ်းမှာစားစရာကုန်

တဲ့အခါ မာနာမုန့်ကို ကောင်းကင်ကချပေးပြီး အသားအဖြစ်စားဖို့ငုံးငှက် တွေကို ဖမ်းယူစားသောက်စေခဲ့တယ်။ သူတို့ကတိထား

ရာပြည်ကို မရောက်မခြင်း လိုလေသေးမရှိ ဘုရားက အကုန်ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့ကျေးဇူးကန်းကြသူတွေဟာဘုရားရှင်

ရဲ့အကူအညီကို ညီးညူခဲ့ကြတယ်။ ဒုက္ခရောက်တဲ့အခါတိုင်း မိုးဇယ် နဲ့ ဘုရားသခင်ကို ပြစ်တင်ပြောဆိုခဲ့ကြတယ်။ ကျွန်ဘဝကို

ပြန်တမ်းတကြတယ်။ ဘုရားသခင်းကတိထားရာပြည်ကို လျှာက်လမ်းနေတဲ့လမ်းခရီးမှာ ဒုက္ခအခက်အခဲးကို ကြုံတွေ့ကြရတိုင်း

မခံစားနိုင်ကြ ဇွဲးမရှိကြပဲ လွယ်လွယ် အရှုံးပေးပြီး ကျွန်ဘဝကို ပြန်ရောက်ခြင်ခဲ့ကြတယ်။ အဲ့လိုကျေးဇူးမသိတပ်သူတွေဟာ ပျက်

စီးခြင်းနဲ့ကြုံတွေ့ကြရတယ်။
 ကျွန်တော်တို့တတွေ ရည်ရွယ်ချက်တခုအတွက် အတူတကွ ရုန်းကန်နေကြ ချိန်မှာ ရေသာခို အခြောင်သမားတွေ၊ အခက်အခဲးကို

ကျော်ဖြတ်နေရချိန်မှာ လက်မြောက်အရှုံးပေးခြင်ကြတယ်။ အပင်းပန်း အနစ်နာ မခံခြင်ကြဘူး၊ ခေါင်းဆောင် လုပ်သူတွေကို ပြစ်တင်

ပြောဆိုခြင်ကြတယ်။  ကျွန်လို ဖိနိပ်ခံဘဝကိုပြန်လှဲ့သွားခြင်ကြတယ် ကျွန်ဘဝ မှာ သားစဉ်မြေးစက် ကျွန်ခံစေခြင်ကြတယ်။ကျွန်စိတ်

ရှိသူတွေ ပျက်စီးခြင်းနဲ့ ကြုံတွေ့ရမယ် လို့ သတိပေးနေတယ်။ 

 ဧဝံဂေလိကျမ်းမှာတော့ သခင်ခရစ်တော် ကားတိုင်အသတ်ခံရချိန်ကြမှ သူဘယ်သူလဲး ဆိုတာ သိကြရလိမ်းမယ်ဆိုပြီး သတိပေးနေ

တာကို ကြားနာခဲ့ရတယ်။
ဘုရားသခင် ရဲ့ကျေးဇူးတော်တွေကို နေ့စဉ်ခံစားကြကတယ်။ နေ့စဉ် အသက်ရှင်ခွင့်ရနေခြင်း၊ ကျန်မာနေသေးခြင်း၊ စားစရာ၊ နေစရာ

ရှိနေသေးခြင်း၊ လတ်တလောဘဝ လုံခြုံမူ့ရနေသေးခြင်း၊ မြင်နေရခြင်း၊ ကြား‌နေရခြင်း၊ သွားလာနေနိုင်နေခြင်း စတဲ့ဘုရားရဲ့ကျေးဇူး

တော်တွေကို မမြင်ပဲ လတ်တလော အခက်အခဲးကြုံတွေနေရတဲ့အချိန်မှာ ဘုရားက ဘယ်မှာလဲး၊ ဘာလုပ်နေလဲး ငါတိုကို ဒီလိုအခြေနေ

မျိုးမှာ သေစေခြင်တာလား စသဖြင်း သံသယ စကားလုံးတွေနဲ့ အပြစ်တင် နေတပ်ကြတယ်။ ဓမ္မမိတ်ဆွေ ယုံကြည်ခြင်းမျက်လုံးနဲ့

ဘုရားသခင်ရဲ့ကျေးဇူးတော် ကို နေစဉ်မြင်အောင်ကြည့်ပြီး အေးချမ်းသာယာသော ကတိတော်ထားရာ ပြည်ကို ဇွဲးလုံးလ သတိစိတ်နဲ့

  အခက်အခဲးမှန်သမျှ အတူလက်တွဲးပြီး လျောက်လှမ်းသွားကြပါစို့။။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *