ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) ဝါဝင်ပြီးနောက် သောကြာနေ့ သြဝါဒ ၂၄၊ ၂၊ ၂၀၂၃

ဖေဖေါ်ဝါရီလ ၂၄ရက်နေ့ တါဝင်ပြီးသောကြာနေ့(ရှင်မာတေဦး ၉း၁၄-၁၅)

ခရစ်တော်၌ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာသံယောဟန်ဘတ္ထိစ္စတားရဲ့တပည့်တွေ

မေးတဲ့ အစာရှောင်ခြင်းနဲ့ပတ်သက်တဲ့မေးခွန်းကို သခင်ယေဇူးဖြေကြားတာကြားရတယ်။ ဆုတောင်းမေတ္တာ အစာရှောင်

ခြင်းနဲ့အလှူဒါနပြုခြင်းဟာ ဂျူးဘာသာတရားရဲ့ အဓိကကျတဲ့ဘာသာရေးကျင့်စဉ်များဖြစ်တယ်။ ဒါကြောင့် ဖာရိဇေဦး

တွေက အစာရှောင်ပြီး သခင်ခရစ်တော်ရဲ့ တပည့်တော်တွေက ဘာလို့အမြဲ့ပျော်ရွှက်စားသောက်နေကြသလဲဆိုတာသိချင်

ကြတယ်။ သခင်ခရစ်တော်က တိုက်ရိုက်အဖြေမပေးပဲ ဉပမာတွေနဲ့ သုံးပြီးပြောပြတာက (၁) မင်္ဂလာဆောင်သတို့သားရှိ

ချိန်ဘယ်သူမှအစာမရှောင်ပျော်ရွှင်ကြတယ် (၂) အဝတ်ဟောင်းကိုပိတ်စအသစ်ဖြင့်ဖါတေးလေ့မရှိ (၃) စပျစ်ဝိုင်အသစ်ကို

ဗူးအဟောင်းထဲ့မှာထည့်လေ့မရှိ စသည်ပုံဉပမာများကို (ရှင်မာကု ၂:၁၈-၂၀ ရှင်လုကာ ၅:၃၃-၃၅) ၌ သွန်သင်ပေးတယ်။

ဒီနေန့ကြားနာရတဲ့ ရှင်မာတေဦး ကျမ်းမှာတော့ ပထမ ပုံဉပမာ အကြောင်းဖြစ်တယ်။ တပည့်တော်ကြီးများဟာသခင်

ခရစ်တော်ရဲ့ မိတ်ဆွေသူငယ်ချင်းများဖြစ်ပြီး သခင်ခရစ်တော်ကိုယ်တိုင်က မင်္ဂလာဆောင်သတို့သားအဖြစ်တင်စားထား

တာဖြစ်ပါတယ်။ ဒါပေမဲ့သူတို့ဟာသတို့သားမရှိတော့တဲ့အချိန်မှာအစာရှောင် ဆုတောင်းခြင်းအမှုကိုပြုကြလိပ်မယ်လို့

လည်းမိန့်ကြားခဲ့ပါတယ်။ ခရစ်ယာန်ဖြစ်ခြင်းဟာ အမြဲ့တမ်းဆုတောင်း ဝါရှောင် ဒုက္ခခံဖို့ပဲမဟုတ်ဘူး ပျော်ရွှင်ရမဲ့အချိန်

လည်းရှိပါတယ်။ ပျော်ရွှင်မှု (Joy) ဟာသံပေါလူး (ဂါလားဆီယာ ၅:၂၂) မှာ ပြောထားတဲ့ဝိညာဉ်တော်ရဲ့ အသီးအပွင်း

တွေထဲကတစ်ခုအပါအဝင်ဖြစ်တယ်။ ကက်သလစ်သာသနာတော်ရဲ့ တစ်နှစ်တာပြက္ခဒိန်မှာလည်း အမြဲ့တမ်းဝါတွင်

းကာလအဖြစ်သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ခရစ္စ်မတ် လို့ ပါစကားကာလလို့ အချိန်တွေတနည်းအားဖြင့်ဝမ်း

မြောက်ရမယ်အချိန်တွေသီသန့်သတ်မှတ်ပေးထားပါတယ်။ ယခုအချိန်ကာလဟာဝါတွင်းကာလဖြစ်တဲ့အတွက်ဝါရှောင်

ခြင်းအမှုကိုပြုရမယ်။ အချိန်ဖြစ်တယ် သတို့သားဟာကျွန်ုပ်တို့စီကနေထွက်သွားလို့မဟုတ်ပဲနဲ့ ကျွန်ုပ်တို့၌ ကမိမိတို့ရဲ့

အပြသ်များအားဖြင့်သတို့သားနဒ့ဝေးစေတဲ့ အတွက်ကြောင့်သခင်ခရစ်တော်ပြောခဲ့တဲ့အတိုင်း အစာရှောင်ဆုတောင်

းဖို့ရန် ရောက်တဲ့အချိန်ဖြစ်တယ်။ အစာရှောင်ဆုတောင်းခြင်အားဖြင့်ခန္ဓာကိုယ်၌ ရောဂါဖြစ်စေတဲ့အဆီတွေကိုလျှော

ချသလို ဝိညာဉ်မှာစွဲကပ်နေတဲ့ မကောင်းတဲ့အရာတွေ အလေ့အကျင့် စာရိတ္တနဲ့ဝိညာဉ်ရေးအတွက်ခွန်အားကျေးဇူးတိုး

ပွားစေတယ်။ နောက်ဆုံးအနေနဲ့ အစာရှောင်ခြင်းဖြင့်ခရစ်တော်ရဲ့ဒုက္ခခံထမ်းခြင်းမှာမျှဝေခံစားစေတယ်။ ကျွန်ုပ်တို့

တတွေ ကက်သလစ်သာသနာတော်ကသတ်မှတ်ထားတဲ့အတိုင်အချိန်ကာလအပေါ်လိုက်ပြီး ပျှော်ရွှင်တတ်သေ

ာ အစာရှောင်ဆုတောင်းတတ်သောခရစ်ယာန်များဖြစ်နိုင်အောင်ဆုတောင်းကြိုးစားကြပါစို့။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *