ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလပဥ္စမသီတင်းပတ် တနင်္ဂနွေနေ့ သြဝါဒ ၅၊ ၂၊ ၂၀၂၃
သာမန်ကာလာပဥ္စမတနင်္ဂနွေနေ့ (ရှင်းမာတေဦး ၅း၁၃-၁၆)
ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ “လူတို့သည်သင်တို့၏ကောင်းသောအကျင့်များကိုမြင့်ကျ၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ ဘုန်းဂုဏ်တော်ကိုချိမွန်းစေခြင်းငှာ သင်တို့၏အလင်းကို လူတို့ရှေ့တွင်ထွန်းလှစေကြလော့”။ အဲဒီစကားကိုယေဇူးဘုရားရှင်က ယနေ့ခရစ္စ်ယာန်တွေ အားလုံးကိုမိန့်တော်မူနေပါတယ်။ ကျနော်တို့ရယ်ဘဝအသက်ရှင်နေထိုင်ကျင့်ကြံပုံတွေအားဖြင့် ယေဇူးဘုရားရှင်ကိုသက်သေခံနေကြရပါမယ်။ ယနေ့ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ ကျနော်တို့ဟာလောကရဲ့ဆား၊ လောကရဲ့အလင်းဖြစ်စေရမယ်တဲ့။ ယနေ့ဖတ်ရတဲ့ ပထမကျမ်းစာထဲမှာလည်း ပေးကမ်းစွန့်ကြဲခြင်း၊ ဆင်းရဲသားတွေကိုစာနာထောက်ထားခြင်းအာင်ဖြင့် စားစရာမရှိသူ၊ ဖိနှိပ်ခံရသူတွေကိုကူညီခြင်းအားဖြင့် ကျနော်တို့ဟာလောကရဲ့အလင်းတွေဖြစ်ရပါမယ်။ ပရောဖက်ဟော ရှာယ ရေးထားတဲ့အတိုင်း အဲဒီလိုကရုဏာလုပ်ငန်း ပရဟိတလုပ်ငန်းတွေကိုလုပ်ရင်း ကျနော်တို့ရဲ့အလယ်ဟာ မှောင်မိုက်ထဲမှာထွက်ပါ်လာသလိုပဲ ကိုယ့်ပဥန်းဝန်းကျင်ကားလူတွေအပေါ် အကျိုးသက်ရောက်ပါမယ်။ ကိုယ့်အပါတ်ဝန်းကျင်ကာလူတွေအတွက် ကောက်ကျိုးမသက်ရောက်ရင် ကျနော်တို့ခရစ္စ်ယာန်တွေကအငန်ဓါတ်ကင်းမဲ့နေတဲ့ ဆားလိုပဲ ဘာမှအသုံးမဝင်တော့ပါဘူး။ မငန်တော့တဲ့ဆားကို ကျနော်တို့မီးဖိုချောင်အထဲမှာ သိမ်းထားအုံးမှာလား၊ မသိမ်းတော့ဘာဘူး အပြည့်သိုလွင့်ပြစ်လိုက်ယုံပါဘဲ။ အရင်က အငန်ရှိနေလို့ မီးဖိုချောင်ထဲမှာ အသုံးဝင်နဲ့ဆားက အခုအနငန်မရှိတော့လို့ အပြင်မှာလူတွေက ခြေထောက်နဲ့နင်းမိတဲ့အထိ ဂရုမစိုက်အရေးမထားတော့ကြပါဘူး။ ဆားဟာဆားပီသ
ဖို့အတွက် ငန်တဲ့အားနိသင်ရှိရပါ့မယ်။ အသားငါးတွေ မပုတ်မသိုဖို့း ဆားနဲ့နယ်ပြီး သိပ်ရပါတယ်။ အဲဒီလို အာနိသင်
ရှိတဲ့ဆားကြောင်း အသားငါးတွေ မပုပ်မသိုးအောင်ထိန်းသိမ်းနိုင်သလို ခရစ္စ်ယာန်အတွေးလည်းခရစ်တော်ရဲ့နောက်
လိုက်ပီပီသသနေထိုက်ကျင့်ကြံရင် လူပတ်ဝန်းကျင်က လူတွေလည်း မဖျက်စီးတော့ပါဘူး။ အပြင်လောကလူတွေ
ဟာ ဘုရားကိုမယုံကြည်ကြဘူး။ ဒါ့ကြောင့်ဘုရားကိုမျက်ကွယ်ပြုထားပြီးတော့ ကိုယ့်အကြိုက်ကိုလုပ်တယ်။ ဒါ
ကြောင့် စိတ်ပျက်စရာတွေ၊ မသန့်ရှင်းအမြင်မတော်တာတွေ၊ ရက်စက်ကြမ်းကြုတ်တာတွေ၊ တကိုယ်ကောင်းဆုံတာ
တွေ၊ မုန်းတီးရန်စောင့်တာတွေ ဖြစ်လာပါတယ်။ အဲဒီလို ပျက်စီးပုပ်သိုးနေတဲ့ လောကအသိုင်းဝိုင်းထဲမှာ ခရစ္စ်ယာန်
တွေကလည်းလောကိသားတွလို့ စိတ်ဖျက်စရာရှိစိတ်ပြက်ပြီး အရက်သောက်ကိုယ့်ကိုယ်ကိုအဆုံးအစီရင်ဒုက္ခရောက်
သူတွေကို မစာနာတက်ပဲ ကိုယ်တစ်ကိုယ်ကောင်းအတွက်ပဲ ကြည်တက်တယ်၊ ဒါဆိုရင် သင့်ခရစ္စ်ယာန်ဘဝအသက်
တာကလည်း ငန်တဲ့အာနိသင်မရှိခဲ့ဆားလို့ပဲ ဘာအသုံးဝင်သေးသလဲ။ အမှန်ဆိုရင်လောကအတွက် သင့်ရဲ့တန်ဘိုး
ရှိလာတဲ့ ခရစ္စ်ယာန်ဘဝအသက်တာက အပြင်မှာလူတို့ရဲ့ ခြေထောက်နဲ့နက်းခြေစရာပဲကာင်းတယ်။ ဘာမျအသုံး
မဝင်တော့ဘူး။ သင်ဟာခရစ်တော်ရဲ့ နောက်လိုက်ခရစ္စ်ယာန်ပီသရင်လာကထဲ့မှာစိန်ပျက်အားငယ်နသူတွေအတွက်
ခွန်အားပးတယ်မယ်၊ အားတတ်စေမယ်၊ ဒုက္ခအကြားမှာ ဘုရားသခင်ကို မျှော်လင့်အားကိုးစေပြီ လူဘဝကို
အဓိပ်ပါယ်ရှိရှိ အားတက်သရော လျှောက်လှန်းစေရမယ်။ သေးခြင်းကိုတောင် မကြောက်တော့ပဲ ယေဇူးဘုရား
ရှင်ရဲ့ ကတိတော်အတိုင်းထာဝရအသက်ကို ယုံကြည်မျှော်လင့်ရဲ့တဲ့ သတ္တိတွေရှိလာေစရပါမယ်။ ပါဝန်းကျင်က
လောကီသားတွေလို ဘုရားအပေါ်မှာ ယုံကြည်ခြင်းထက်သန်လာစေဖို့ သင့်ကို ဟန်ပြသရုပ်ဆောင်ခိုင်းနေတာ
ဟုတ်ပါဘူး။ သင့်ကိုယ်တိုင်ကယုံကြည်ခံတဲ့ဘုရားသခင်ရဲ့တရားတာ်တွေကို တကယ်ကျင့်ကြံနေထိုင်ခိုင်းတာပါ။
အဲဒီလိုနဲ့သင်နေပုံ ထိုင်ပုံ ကျင့်ကြံပုံက ခရစ်တော် လိုပဲ့ သင့်ရဲ့ဘုရားတရားကြည့်ညိုလေးစားပုံက ခရစ်တော်လို
ပဲဖြစ်လာပါလိမ့်မယ်။ သံပေါလူးရဲ့ဆုံးမစာထဲကလို ” ခရစ်တော်ကိုယူတင်ဝတ်ဆင်ကြလော့” ဆိုတဲ့အတိုင်း
သင့်ရဲ့ကျင့်ကြံနထိုင်ပုံကခရစ်တော်လို့ဖြစ်ဘာစေရမယ်။ ဒီလို့နည်းနဲ့ဘုရားသခင်က သင့်ကိုလောကအတွက်ဆား၊
လောကအတွက်အလင်ဖြစ်စေခြင်ပါတယ်။ တောင်ပါ်မှာရှိတဲ့မြို့ကို ညအချိန်မှာဘယ်နေရာကပဲကြည့်ကြည့်မီး
တွေထွန်းထားတာကိုမြင်နိုင်ပါတယ်။ အဲဒီတောင်ပေါ်မြို့က မီးအလင်ရာင်ကိုဘယ်လို့မှကွယ်ထားလို့မရနိုင်ပါ
ဘူး။ ကျနော်တို့ခရစ္စ်ယာန်တွေကလည်းသူတစ်ပါတွက်ုအလင်းပြဖို့အရးကြီးနေပါတယ်။ ကောင်းတဲ့အကြင့်ကို
ကျင့်ကြံနေတဲခရစ္စ်ယာန်ဟာလာကရဲ့အလင်းတွေပါ။ လူတိုင်ကမြင်ပြီးကောင်းတဲ့လမ်းမှန်ကိုရောက်စေပါတယ်။
အဲဒီလိုမဟုတ်ပဲ ကိုယ့်ရဲ့အလင်ကိုကွယ်ထားရင်ဘယ်အကျိုးရှိတော့မှာလည်း။ ခရစ္စ်ယာန်တွေကဘယ်အချိန်မှ
ာကိုယ်ရဲ့အလင်းကိုကွယ်ထားားကြလဲဆိုတာ့ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် ပြေားသင့်တဲ့အချိန်
မှာ မပြေားပဲတိတ်ဆိတ်နေတဲအခါ ဘုရားမဒ့တရားမဲ့လာကရဲ့ေခတ်ရစီးကြာင်းအတိုင်းသူများနည်းတူရေစုန်မျော
ပါနေတဲ့အခါ၊ ကိုယ်ကိုတိုင်က အလင်ရှင် ဘုရားကိုဆန့်ကျင်နတဲ့အခါ၊ အပြစ်လုပ်ခြင်းအားဖြင့်ကိုယ့်မှာရှိတဲ့အလင်း
ကိုမှေးမှိန်စတဲ့အခါ၊ ကိုယ်ခံယူရရှိထားတဲ့ အလင်းအကြာင်းကိုသူတပါးအားရှင်းမပြတဲ့အခါ၊ သူတပါးဒုက္ခအခက်
အခဲ့ရာက်တာကိုလစ်လျှုရှုထားတဲ့အခါ၊ သင်ဟာသင့်အလင်းကိုသူများမမြင်အာင်ကွယ်ထားတာပါဘဲ။ ကောင်းတဲ့
အကျင့်ကိုကျင့်ခြင်းအားဖြင့်ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကိုလူတွေသိမြင်ချီးမွန်းစဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကောင်း
တဲ့အကျင့်တွေကိုမြင်တဲ့လူတွက ကိုယ့်ကိုအထင်းကြီးလေးစားစေဖိုမဖြစ်စေရပါမယ်။ ဒါကြောင့်ကျနော်တို့ခရစ္စ်ယာန်
တွေက တနင်္ဂနံနေ့ဘုရားကျာင်းတက်ဝတ်ပြုရုံလောက်အတွက်နဲ့ ခရစ္စ်ယာန်ဖြစ်မနကြပါနဲ့ အဲဒါကဝတ်နည်းပါ။
အခုယေဇူးဘုရားရှင်တာင်းဆိုတာကကျင့်စဉ်ပါ။ ခရစ္စ်ယာန်တွေက ခရစ်တော်ရဲ့နောက်လိုက်ပီပီကျင့်ကြံနထိုင်ခြင်း
အားဖြင့် လောကရဲ့အလင်း၊ လောကရဲ့ဆားဖြစ်နိုင်ကြပါစ။ နားစဉ်သူအားလုံးအပါ်ဘုရားသခင်ကာင်းကြီမင်္ဂလာမျာ
ခံစားကြရပါစ။