ဖာသာရ် Peter ကြည်မောင်(မန္တလေး) သာမန်ကာလတတိယသီတင်းပတ် စနေနေ့ သြဝါဒ ၂၈၊ ၁၊ ၂၀၂၃
သာမန်ကာလတတိယသီတင်းပတ်စနေနေ့ (ရှင်မာကု ၄း၃၅-၄၁)
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ဧဝံဂေလိကျမ်းမှာ ကြားနာခဲ့ရတာက သခင်ခရစတော်နှင့်အတူ ခရီးသွားနေပါ
လျှက်၊ သခင်ခရစ်တော်အပေါ်မှာယုံကြည်ခြင်းအားနည်းခဲ့ကြသော တပည့်တော်ကြီးကို ပြစ်တင်ဆုံးမတဲ့အကြောင်း
နှင့် သဘာဝတရားဖြစ်တဲ့လေနှင့် ပင်လယ်ကိုပင် အမိန်ပေးနိုင်သော ဘုရားဖြစ်ကြောင်းသက်သေပြခဲ့တာကို ကျွန်
တော်တိုကြားနာခဲ့ကတယ်။
ကျွန်တော်တို့ရှင်သန်နေရတဲ့ဘဝသက်တာဟာလည်း၊ တဖက်ကမ်းဖြစ်တဲ့ကောင်းကင်နိုင်ငံကိုရောက်ဖို့ ပင်လယ်ပြင်
ကိုဖြတ်သန်းခရီးနှင်နေကြရတဲ့ဘဝခရီးသွားတွေပါပဲ။ ကျွန်တော်တိုရဲ့ကိုယ်ပိုင်ဘဝလှေပေါ်မှာ ခရစ်တော်ပါဖို့လိုအပ်
တယ်။ ခရစ်တော်မပါရင်တော့ဘဝက အားကိုးရာမဲ့နေမယ်။ နေစဉ်ဖြတ်သန်းနေရတဲ့ဘဝမှာ ခန္ဒာတာရဲ့ပူပန်ခြင်းဒုက္ခ
မုန်တိုင်း၊ စိတ်ရဲ့ပူပန်ခြင်းဒုက္ခမုန်းတိုင်းခံစားရင်း နဲ့ ဝိညာဉ်ရေးတို့၏ ဒုက္ခမုန်တိုင်းတွေကို ခံစားကြရမယ် ကြုံတွေ့
ကြရမယ်။
တခါတရံမှာ ဝန်းနည်းမူအခက်အခဲးတွေ၊ သံသယဖြစ်မှု၊ ကိုယ်ကို၌က သံသယဖြစ်ခံရမူ့၊ စိုးရိမ်ပူပန်မူ့၊ မိမိအရေး၊
စီးပွားရေးကျန်းမာရေးလူမှုရေး ပညာရေး၊ နေထိုင်စားသောက်ရေး စသည့်စိုးရိမ်ပူပန်ရမှု့ ၊ နှောက်ယှက်ခြင်းခံရမှု့
စသည့် အခက်အခဲးမုန်းတိုင်းတွေကို ပြေငြိမ်းစေပြီးစစ်မှန်တဲ့ငြိမ်းချမ်းသာယာမှု့ ကိုပေးနိုင်သောသူ၊ သခင်ခရစ်တော်
တို့ရဲ့ဘဝလှေပေါ်မှာ ရှိနေဖို့လိုတယ်။။
ဒုက္ခအခက်အခဲနှင့်ခံစားရတိုင်း၊ သခင်ခရစ်တော်ကိုပြည့်ဝသောယုံကြည်ခြင်းနဲ့ခေါ်တ အကူအညီတောင်းတပ်ပါစေ။
ဘယ်လိုအခက်အခဲးမျိုးမှာပဲဖြစ်ဖြစ်ဘုရားသခင်ငါကိုပြစ်မထားဘူး၊ သူငါနဲ့အမြဲးရှိတယ် ၊ ဒုက္ခအရောက်အချိန်ဟာ
ဘုရားနဲ့အနီးဆုံးပဲ၊ သူကယ်တင်ပေးမယ်၊ သူစီမှာ ဘဝတစ်ခုလုံးယုံကြည်ပုံအပ်ထားရမယ်၊ သူပေးတဲ့ခွန်အားနဲ့
ဘဝအခက်အခဲးတွေကိူနေစဉ်ဖြတ်သန်းကျော်လွှားနိုင်နေရမယ်၊ ချစ်ခြင်းမေတ္တာ၊ သီးခံခွင့်လွတ်ခြင်းနားလည်ပေးခြင်း
နှိမ်ချခြင်း၊ စတဲ့ ကျေးဇူးတော်တွေနဲ့ တွန်းလှန်နေထိုင်သွားသူတွေဟာ ခရစ်တော်နဲ့ခရီးသွားနေကြသူတွေဖြစ်တယ်၊
သခင်ခရစ်တော်နဲ့ခရီးသွားနေသူတွေကို ဘယ်တော့မှ သခင်က လောကဒုက္ခတွေရဲ့အောက်မှာ နစ်မြုပ်ပျက်စီးစေမှာ
မဟုတ်ဘူး ဆိုတာသတိရပါ ဓမ္မမိတ်ဆွေ။