ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလတတိယသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၂၄၊ ၁၊ ၂၀၂၃

ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ ကမ္ဘာပေါ်မှာ မိသားစုဟာ အနွေးထွေးဆုံး၊ အစည်းလုံးဆုံးလူ့ဖွဲ့စည်း‌လေ

းတစ်ခုဖြစ်ပါတယ်။ မိသားစုမှာ အဖေနဲ့အမေ၊ မိဘနဲ့သားသမီးမောင်နှမအချင်းချင်းဆိုးတူကောင်းဘက် အချင်း

ချင်ယောက်ကိုတစ်ယောက်ကိုကူညီဖေးမကြပါတယ်။ မိသားစုတွေဟာ တစ်ဦးရဲ့အားနည်းချက် အားသာချက်တွေ

ကိုသိရှိကြတယ်နားလည်ကြတယ်။ ဘယ်လောက်ပဲစိတ်ဆိုးဒေါသထွက်နေပါစေ ပြန်လည်ကကြေးအေး သင့်မြတ်ဖို့

ဝန်မလေးကြပါဘူး။ ဘာလို့လဲဆိုတော့ခိုင်မြဲတဲ့မေတ္တာတရားဖြင့် မိသားစုကိုချည်နှောင်ထားလို့ဖြစ်ပါတယ်။

ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာ သခင်ခရစ်တော် က ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်‌သောသူတွေဟာ ငါရဲ့မိဘ

ညီအကိုမောင်နှမဖြစ်တယ်လို့အတိအလင်းပြောထားပါတယ်။ ခရစ်တော်ရဲ့မိသားစုဝင်တွေ မဖြစ်ချင်ကြဘူးလား။

ခရစ်တော်ရဲ့နှုတ်တော်ထက်စကားများကို နားထောင်ပြီးလိုက်နာကျင့်ကြံသူများဟာ ခရစ်တော်ရဲ့ ညီကိုမောင်နှမ၊

မိသားစုဝင်များဖြစ်တယ်။ တဖက်မှာလည်း သူတပါးမကောင်းကြောင်းပြောသူ၊ သူရဲ့နံမည်ဂုဏ်သတင်း အသရေဖျက်သူ

များဟာစာတန်နတ်ဆိုးရဲ့ မိသားစုဝင်များဖြစ်တယ်လို့ pope Francis ကဆိုတယ်။ သခင်ခရစ်တော်ရဲ့အချိန်အခါက

မိသားစုနဲ့အဆက်ဖြတ်ခြင်းဟာ မိသားစုရဲ့ချစ်ခြင်း၊ မေတ္တာတရားမရရုံသာမက ခက်ခဲဒုက္ခဆင်းရဲရောက်ချိန်မှာ လည်း

အကူအညီအထောက်အပံ မရတော့ဘူးလိုဆိုတယ်။ ခရစ်တော်ရဲ့မိသားစုဝင် မဖြစ်ရင်လည်းဒီအတိုင်းခံစားကြရမှာဖြစ်

တယ်။ အထူးသဖြင့် ဒုက္ခဆက်းရဲခြင်းရောက်တဲ့အချိန်မှာ နှစ်သိမ့်ခြင်းကိုခံစားရမှာမဟုတ်ပါဘူး။ တဖက်မှာလည်းမိမိ

ဟာားခရစ်‌တော်ရဲ့မိသားစုဝင်တစ်ယောက်တယ်ဆိုရင် အောင်မြင်ချိန်၊ ကျရှုံးချိန်၊ ပျော်ရွှင်ချိန်၊ ဘဝနည်းချိန်တိုင်းမှ

ာခရစ်တော်နဲ့အတူမျှဝေခံစားရမှာပါတယ်။ အထူးသဖြင့် အခုလိုလက်ခံတဲ့အချိန်မှာ ခရစ်တော်ဟာ  ကျွန်ုပ်တို့ရဲ့မိဘ၊

ညီအကိုတစ်ယောက်အဖြစ် ယုံကြည်လက်ခံပြီး ရင်ဖွင့်နိုင်အောင်ကြိုးစားရမယ်။ အဲလိုယုံကြည်ခြင်းဆုတောင်းရင်

သခင်ခရစ်စ်တော် ရဲ့နှစ်သိမ့်ခြင်ခံစားရမှာ‌သေချာပါတယ်။ ဒုက္ခဆင်းရဲတွေရောက်လို ဘုရားမရှိပါဘူး မကယ်နိုင်ပါဘူး

ငါတို့ကိုစွန့်ပစ်ထားတယ်လို့ ယူဆချက်များဟာ  နတ်ဆိုးရဲ့လှည်ကွက်ဖြစ်တယ်။ ရွှေကိုမီးဖြင့်စမ်းသပ်မှသိရသလို

ယုံကြည်ခြင်းကိုဒုက္ခခက်ခဲများဖြင့် စမ်းသပ်သိရှိနိုင်တယ်။ ဘယ်မိဘ ညီကိုမောင်နှမကမှ မိမိဒုက္ခရောက်ချိန်မှာ စွန့်ပြစ်

မထားသလို သခင်ခရစ်‌တော်ဒါဟာ ကျနော်တို့ကိုစွန့်ပစ်မထားဘူးဆိုတာ လက်ခံယုံကြည့်နိုင်အောင် ကြိုးစားအသက်ရှင်

ကြပါစို။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *