ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလပထမသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၁၀၊ ၁၊ ၂၀၂၃
သာမန်ကလာပထမအင်္ဂါနေ့ မာကု ၁:၂၁-၃၈
ချစ်လှစွာသောညီကိုမောင်နှမပေါင်တို သခင်ရေရှုခေတ်အခါကဥပုပ်နေ့ရောက်ရင် တရားဇရပ်မှုးက ဟောပြောတတ်တဲ့
သူကိုဖိတ်ခေါ်ပြီ လူပရိတ်သတ်ကိုဟောပြောခိုင်းလေ့ရှိပါတယ်။ သခင်ယေဇူးကလည်း အဲဒီလိုတရားဇရပ်မှာ ဟောပြော
တဲ့အခါ တခြာဟောပြောာသူတွေနဲ့မတူဘဲ သြဇာအာဏာရှိသူကဲ့သို့ဟောပြောတာကိုတရားနာပရိတ်သတ်က သတိထား
မိကြပါတယ်။ ဒါဟာဝိညာဉ်တော်ရဲ့ တန်ခိုးတော်နဲ့ပြည့်ဝတဲ့ ဘုရားရဲ့သားတော် ဖြစ်လိုအခုလိုတန်ခိုးပါပါ ဟောပြောနိုင်
တာပါ။ ကျနော်တို့လည်း သခင်ယေဇူးလို တန်ခိုးပါပါဟောပြောနိုင်ချင်ရင် ဟိုစာအုပ်ရှား၊ အင်တာနက်ကရှာပြီး ဟော
ပြောတာထက် ဘုရားနဲ့များများစကားပြော၊ ဘုရားနဲ့အချိန်များများ အတူရှိနေမှဖြစ်မှာပါ။ သခင်ယေဇူးလည်း သူ့ရဲ့
တရားဟောလုပ်ငန်း မစတင်ခင်မှာ ရက်ပေါင်း ၄၀ အစာရှောင်ဆုတောင်းပြီး ဝိညာဉ်တော်ရဲ့တန်ခိုးတော်နဲ့ ပြည့်ဝ
အောင်လုပ်ခဲ့တာပါဘဲ။ ယနေ့ကျမ်းစာထဲက တယောဇရပ်မှာ တရားနာလာကြတဲ့သူတွေအထဲမှာ နတ်ဆိုးပူးခံရတဲ့လူ
တယောက်လည်းပါရှိပါတယ်။ အဒီလို့ပါပဲ ကျနော်တို့ ဘုရားေကျောင်းမှာ တရားနာ ယူကြတဲ့လူတွေအထဲ့မှာလည်း
နတ်ဆိုးက ဘုရားကျောင်းထဲအထိ ဝင်ရောက်နှောက်ယှက်နိုင်တာကိုတွေ့ရပါတယ်။ အပ်ဒီလိုနှောက်ယှက်ခံရလို့
တရားနာသူတော်တော်မများများက ဩဝါဒတွေ၊ ကျမ်းစာတွေ အကြောင်းကြားနာရပေမယ့်မပြောင်းလဲကြတာပေါ့။
နတ်ဆိုးပူးခံရတဲ့သူမတဆင့် နတ်ဆိုက သခင်ယေဇူးဟာ ဘုရားရဲ့သားတော်ဖြစ်မှန်း သိတယ်ဆိုတာကိုပြောတဲ့အခါ
သခင်ယေဇူးက တိတ်ဆိတ်စွာနေလော့ ပါစပ်ပိတ်ထားလို့တာမြင့်ပါတယ်။ နတ်ဆိုးကတောင် ဘုရားတရား ကျမ်းစာ
တွေကိုသိတာပါဘဲ။ ကျနော်တို့လည်း ဘုရားတရားတို့၊ ကျမ်းစာတို့ကိုသိရုံသာသိပြီ မယုံကြည်၊ မကျင့်ကြံရင်
ကျနော်တို့ကနတ်ဆိုးနဲ့ အဆင်အတန်အတူတူပဲဖြစ်နေမှာပါ။ သခင်ယေဇူးက နတ်ဆိုးကို ပါစပ်ပိတ်ဘာမှမပြာနဲလို့
အမိန့်ပေးလိုက်တာက နတ်ဆိုးကပြောမှ လူတွေဘုရားကိုသိတာမျိုးကို မလိုလားလို့ပါပဲ။ ကိုယ်အသိစိတ်၊ ဩတ္တပ္ပစိတ်၊
ဝိညာဉ်တော်ရဲ့လှုံဆော်မှုအားဖြင့် ဘုရားကိုသိကြဖို့သခင်ယေဇူးကလို့လားလို့ နတ်ဆိုးကို တိတ်ဆိတ်စွာနေလို့လို့ တာ
မြင့်လိုက်တာဖြစ်ပါတယ်။ လူတွေကတော့ သခင်ယေဇူးရဲ့ ဩဝါဒက ထူးခြားတယ်၊ နတ်ဆိုးတွေကိုတောင် အမိန့်
အာဏာနဲ့ နင့်ထုတ်နိုင်တယ်။ ဆိုတာတွေကို တတဖြေးဖြေးသိရှိလာပြီး ဘုရားစစ် ဘရားမှန်ကို ရင်ထဲကသိရှိယုံကြည်
လာကြရပါတယ်။ ကျနော်တို့လည်း မွေးရာပါအသိစိတ်၊ ဩတ္တပ္ပစိတ် အားဖြင့် သိရှိလာရတဲ့ ဘုရားရှင်ယုံကြည်လာ
ကြတာနဲ့အမျှ ဘုရားရဲ့တရားတော်ကို နေ့စဉ်ဘဝအသက်တာမှာ ကျင့်ဆောက်တည်သွားကြပါစို့။ နာစဉ်သူအားလုံး
အပါ်ဘုရားသခင်ကာင်းကြီးမင်္ဂလာများခံစာကြရပါစ။