ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) စိန့်စတီးဗင်းပွဲနေ့ ဒီဇင်ဘာလ၂၆ရက်နေ့ သြဝါဒ ၂၅၊ ၁၂၊ ၂၀၂၂
ဒီဇင်ဘာလ ၂၆ရက်နေ စိန့်စတီးဗင်းပွဲနေ့
ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့ သခင်ယေဇူးးကောင်းကင်ဘုံသို့တက်ကြွသွားပြီးနောက်ပိုင်း တပည့်တော်ကြီ;
တွေကရှေ့ဦးအသင်းတော်ကို ဦးဆောင်ကြတဲ့အခါသာသနာ့အလုပ်တွေမနိုင်မနင်းများလာတဲ့အတွက်ကြောင့်ကပည့်
တော်ကြီးတွေအတွက် အကူညီရစေဖို့ ယုံကြည်ခြင်းထက်သန်တသူ ၇ဦးကိုရွေးချယ်ကြပါတယ်။ ဒီးရွေးချယ်ခံရတဲ့အထဲ
မှာ စိန့်စတီးဗင်းလည်းပါဝင်ခဲ့ပါတယ်။ စိန့်စတီးဗင်းဟာ ဘာသာရေးအမှန်တရားကို ဟောတဲ့အခါရှေ့ရိုးစွဲဘာသာရေး
ခေါင်းဆောင်တွေနဲ့ အငြင်းအခုံဖြစ်ပြီးသူကိုဖမ်းဆီးပြီး ဘာသာရေးလွှတ်တော်ရှေ့မှာပို့ကြပါတယ်။ စန့်စတီးဗင်းအပေါ်
စွပ်စွဲချက်တွေကို စိန်စတီးဗင်းက ဝိညာဉ်တော်ရဲ့လှုံဆော်မှုနဲ့ အမှန်အတိုင်းချေပပြောဆိုနိုင်ခဲ့ပါတယ်။ သူချေပပြောဆိုတဲ့
ချက်တွေကတော့၊ ဘုရားသခင်ဟာအရာအားလုံးကိုတက်နိုင်တယ်။ အရာအားလုံးဟာဘုရားသခင်လက်ထဲမှာပဲရှိတယ်။
ကမ္ဘာပေါ်မှာဖြစ်ပျက်သမျှအရာအားလုံးဟာပျောက်ကွယ်သွားကြပေးမဲ့ ဘုရားသခင်ကတော့ ထာဝရတည်မြဲနေမယ်။
ဘုရားသခင်ကတရားမျှတတယ်။ ဒါကြောင့်မတရားယုတ်မာတဲ့သူတွေကိုဒဏ်ခတ်ပြီး ကောင်းတဲ့သူတွေကို ထာဝရအ
သက်ချမ်းသာလိမ့်မယ် ဆိုတဲ့အမှန်တရားတွေကို ရဲရဲဝဲ့ဝဲ့ ပြန်ပြောခဲပါတယ်။ ဒါအပြင့် သခင်ယေဇူးမိန့်တော်မူခဲ့သလို
“လူသားသည်ဘုရားသခင်၏လက်ရာဘက်မှာထိုင်လျက် ဘုန်းတန်ခိုးတော်နှင့် ကောင်းကင်မှကြွလာတာကို သင်တို့မြင်
ကြရလိပ်မယ်” လိုဆို့တဲ့အခါစိန့်စတီးဗင်းကလည်း အခုလိုကိုတရားရုံးမှာသူ့အမှုအတွက်ချေပနေရင်းနဲ့ ကောင်းကင်ဘုံ
မှာ ဘုရားသခင်ရဲ့လက်ယာဘက်ထိုင်နေတဲ့ ယေဇူးဘုရားရှင်ကိုမြင်ရတယ်လို့ ပြောပြလိုက်တာနဲ့တပြိုင်နက်စိန့်စတီးဗင်း
ကိုဆန့်ကျင်သူတွေက ကိုယ့်ကိုယ်ကိုနားပိတ်ပြီး စိန့်စတီးဗင်းကိုမြို့ပြင်ဘက်ဆွဲထုတ်ပြီး ကျောက်ခဲနဲ့ပစ်ပေါက်လိုက်ကြ
တယ်။ ကိုယ့်နာကိုလက်နဲ့အုပ်ပြီး ပိတ်ထားကြတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီးတို့ကိုတရားရုံမှာစစ်
ဆေးတဲ့ အမေးအဖြေပြောဆိုကြပုံတွေကို သတင်းထောက်တွေကိုပြန်မပြောရဘူးလို့ပိတ်ပင်ထားကြတယ်လေ။ ဘာဖြစ်လို့
ပြန်မပြောစေချင်တိုင်းလဲ။
အမှန်တရားကိုတွေသိမှာစိုးလို့ပါ။ ဒါမှသာအမှန်တရား ကိုမျက်ကွယ်ပြုပြီး လူမသိသူမသိတိတ်တိတ်လေးအမိန့်
ချနိုင်ဖို့ပါဘဲ့။ ဘာသာသူတို့ အမှန်တရားကိုသိဖို့မေကြာက်ပါတနဲ့ ။ ယေဇူးဘုရားရှင်က “ငါသည်လမ်းဖြစ်၏၊ ငါးအမှန်
တရားဖြစ်၏၊ ငါသည်အသက်ဖြစ်၏” လို့မိန့်တော်မူထားတာကိုရပါ။ မြန်မာ့အနိုင်ငံမှာ အမှန်တရားအတိုင်း တရားမျှတမှု
အတိုင်ဖြစ်စေဖိုး နေ့တိုင်းဆုတောင်းပေးကြပါ။ နားစဉ်သူအားလုံးအပေါ် ဘုရားသခင်ရဲချီးမင်္ဂလာများခံစားရပါစေ။