ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) တမန်တော်ကြီးရှင်ယောဟန်ပွဲ အင်္ဂါးနေ့ သြဝါဒ ၂၇၊ ၁၂၊ ၂၀၂၂

တမန်တော်ကြီးရှင်ယောဟန်ပွဲနေ ရှင်ယောဟန် ၂၀:၂-၈ 

  ချစ်လှစွာသောကိုမောင်နှမပေါင်းတို့ ခရီစူးရင်လုပ်ဆောင်ချက်တွေဟောပြောတဲ့တရားတွေကို ဧဝံဂေလိကျမ်းအဖြစ်

ရေးသားကျတဲ့ ရှင်မာတဦး၊ ရှင်မာကု၊ ရှင်လုကာနဲ့ ရှင်ယောဟန်တို့အထဲမှာ ရှင်ယောဟန်ရဲ့ကျမ်းစာ‌ရေးပုံကို လင်းယုန်

နဲ့နှိုင်းပြထားပါတယ်။ လင်းယုံငှက်ကမိုးမြင့်ထက်မှာ ပျံသန်းတဲ့အတွက်ကြောင့် အရာရာကို အပေါ်စီးက မြင်ကွင်းကြယ်

မြင်တက်ပါတယ်။  ရှင်ယောဟန်လည်း သခင်ယေဇူးရဲ့ သတင်းကောင်းတွေကို အပေါ်စီးကနေမြင်သလို သခင်ယေဇူးကို

ဘုရားအဖြစ်တော်နဲ့ မြင်ပြီးရေးသားထားတာပါ။ သူရေးသားတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးဟာ ကမ္ဘာလောကမ

တည်ရှိခင်ကတည်း ရှိတော်မူတဲ့ ဘုရားဖြစ်တယ်။ အဲဒီဘုရားကလူအဖြစ်ကိုယူပြီး ကျွန်ပ်တို့တို့အလယ်မှာနေထိုင်ကာ တရား

ဟောပေးပါတယ်။ အဲဒီနှုတ်တော်ထွက်စကားက လူတွေအတွက်မရှိမဖြစ် အရေးပါလွန်းလို့ သားတော်ဘုရား သခင်ယေဇူးနာ

မည်ကိုတောင် နှုတ်ထွက်စကားလို့ ခေါ်ဝေါ် သုံးနှုန်းထားပါတယ်။ 

  သူ့ရဲ့ကျမ်းစာအစမှာ အစဦး၌ နှုတ်တော်ထွက်စကား တည်ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည် ဘုရားသခင်နှင့်အတူ

ရှိတော်မှု၏ လို့ဆိုပြီး သခင်ယေဇူးဟာ မွေးဖွားခြင်း မခံခင်ကတည်းက ဘုရားဖြစ်တော်မူပါတယ်။ သခင်ယေဇူးဟာ လူတိုင်

းလိုချင်တမ်းတနေတဲ့အသက်ဖြစ်တယ်။ လောကအကြောင်း၊ လူ့ဘဝအကြောင်းကိုဘာမသိတဲ့သူတွေဟာ အမှောင်ထဲမှာနဲ့နေ

နေသလိုပဲ။ သူတို့အတွက်လည်း သခင်ယေဇူးက အလင်းဖြစ်ပါတယ်။ ကောင်းကင်ဘုံရောက်ဖို့နည်းလမ်းဟာလည်း သခင်ယေဇူး

ပဲဖြစ်သလို သခင်ယေဇူးက ငါ သည်လမ်းဖြစ်တယ်။ သမ္မာတရား(အမှန်တရား) ဖြစ်တယ်။ အသက်လည်းဖြစ်တယ်လို့ သူ့ရဲ့ကျမ်း

စာထဲမှာဖေါ်ါ်ပြထားပါတယ်။ 

  အဲ့ဒီ့လို့ စဉ်းစားရခက်တဲ့ ဘုရားသခင်ရဲ့ဇာတိဖြစ်တော်ကို ရေသားခဲ့ပေမဲ့ နောက်ဆုံးမှာတာ့ ရှင်ယောဟန်က သူ့ရဲ့ဆုံးမသြဝါဒ

စာမှာ “ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူပါတယ်လို့ “လူတိုင်းနားလည်တဲ့အဓိပ်ပါယ်နဲ့‌ရေးသားခဲ့ပါတယ်။ 

 ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်နဲ့မသက်ဆိုင်ရင်လို့ ရှင်ရှင်ရေးသားထားပါတယ်။ သူ့ရဲ့ဆုံးမဩဝါဒတိုင်းမှာ

ချစ်မိတ်ဆွေတို့ဆိုပြီး ကြားနာသူ တိုင်းကို ခေါ်ဝေါ်သုံးနှုန်းထာတာကို ကြည့်ခြင်းအားဖြင့် ရှင်ယောဟန်ရဲ့ဘဝမှာ သခင်ယေဇူးရဲ့

ချစ်ခြင်းကိုဘယ်‌လောက်တောင်ခံစားသိရှိခဲ့ရသလဲဆိုတာထင်ရှားပါတယ်။ သူ့ရဲ့ဧဝံဂေလိကျမ်းစာထဲ့မှာလည်း သူ့ကိုယ်သူ ယေဇူး

ချစ်တော်မူသောတပည့်တော်လို့ခေါ်ဝေါ်းနှုန်းးပါတယ်။ ကျနော်တို့အားလုံးလည်း တပည့်တော်ကြီး ရှင်ယောဟန်လို ဘုရားသခင်က

ချစ်တာကို သိရှိခံစားနိုင်အောင်ကြိုးစားကြပါစို။ နားစဥ်သူအားလုံးအပေါ် ဘုရားသခင်‌ေကာင်းကြီးမင်္ဂလာများခံစားကြရပါစေ။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *