ဖာသာရ် peter ကြည်မောင် (မန္တလေး) ဒီဇင်ဘာလ ၂၄ရက် စနေနေ့သြဝါဒ ၂၄၊ ၁၂၊ ၂၀၂၂

24 December 2022
 ဓမ္မမိတ်ဆွေတို့ အားလို့ကို Merry Christmas လို့ ဦးစွာပထမနှုတ်ဆက်ပါတယ်၊ ဒီကနေ့ဟာယုံကြည်သူခရစ်ယာန်‌

တွေအတွက် အထွတ်အမြတ်ထားရာနေ့ထူးနေ့မြတ်တနေ့ဖြစ်တယ်။ အထွတ်အမြတ်ထားရာနေ့ထူးနေ့မြတ်တနေ့ဖြစ်

တယ်။ လူသား‌တွေကို ကယ်တင်ဖို့ ထာဝကဘုရားက သူရဲဘတပါးတည်းသောသားတော်ခရစ်တော်သခင်ကို လူအဖြစ်

ယူစေပြီးလောကမှာ မွေးဖွားစေခဲ့သောနေ့၊ ဘုရားရှင်လူ့အဖြစ်ယူပြီးမွေးဖွားသောနေ့မွေးနေပွဲးဖြစ်တယ်။သခင်ခရစ်တော်

လောကကို ဆင်းကြွလာရခြင်း၊ အဓိက အကြောင်းအရင်းကဘာလဲး။ စိတ်နှလုံးကောင်းရှိသူ၊ လောကလူတွေတောင်မှပျော်

စရာရှိရင်၊ စားစရာရှိရင်၊ အောင်မြင်မူ့ရရင် ဝေမျှခံစားတပ်ကြသေးတာပဲမဟားကရုဏာတော် ထာဝရဘုရားရှင်က လူသား

တွေကို ဖန်ဆင်းခဲ့တာက သူခံစား‌နေတဲ့ ဘုဏ်းစည်းစိမ်တွေကို သူနဲ့အတူ ခံစားစေခြင်လို့ ဖန်ဆင်းခဲ့တယ်။သို့သော်လဲ

သူဖန်ဆင်းထားတဲ့သူတွေကို  ချစ်ခင်၊ လေးစားလို့ လွတ်လပ်ခွင် ကို အပြည့်အဝပေးခဲ့တယ်။ အဲ့ဒီလွတ်လပ်ခွင့်ကို ကောင်း

မွန်စွာ အသုံးမပြုပဲ ဘုရားရှင်ရဲ့ စကားနဲ့ အလိုတော်ကို ဆန်ကျင်တဲ့အရာ‌တွေကို ပြုမူခဲ့ကြတဲ့ ပထမဦးဆုံးလူသား နှစ်ဦးဖြစ်

တဲ့ အာဒဏ် နဲ့ ဧဝ ကြောင့်လူသားမျိုးနွယ်စုတခုလုံး ဘုရားနဲ့အတူရှိနေရခြင်းဘဝ၊ ပြီးပြည်စုံတဲ့ဘဝကနေ ဖျားနာခြင်၊ အိုခြင်း၊

သေခြင်း၊ ဆာလောင်ခြင်း၊ ပူဆွေးနာကျင်ရခြင်း၊ ရောဂါဝေတနာခံစားရခြင်း၊ပူပန်ရခြင်း၊ လိုအပ်ချက်တွေနဲ့နေထိုင်ရခြင်းအဆိုး

ဝါးဆုံး နှစ်ချက်က ဘုရားနဲ့အတူမနေရတော့ခြင်းနဲ့ ကောင်းကင် နိုင်ငံတကား ပိတ်ထားခံရခြင်း ပါပဲ။ထာဝရဘုရားသခင်ဟာ

မဟာကရုဏာတော်ရှင်ဖြစ်တယ်။ ဒါကြောင့်သူဖန်ဆင်းထားတဲ့သူသားသမီးတွေကို ဘုရားရှင်နဲ့အတူနေရခြင်းဘဝ၊ ပြီးပြည်ဆုံ

ခြင်းဘဝ၊ အိုခြင်း၊နာခြင်း၊သေခြင်း ကင်းသောဝ ဆာလောင်မိတ်သိမ့်ခြင်းပူပင်သောကကင်သော ဘဝ ပြန်ရဖို့  ဘုရားနဲ့လူသား

တွေကြားမှာတံတားခင်းပေးနိုင်သူ၊ ကောင်းကင်တခါးကို ပြန်ဖွင့်ပေးနိုင်သူ၊ လူသားတွေရဲ့ အပြစ်အမှားတွေကိူ သူသွေးအားဖြင့်

ဆေးကြောကယ်တင်ပေးနိုင်သူ ဘုရားလဲးဖြစ်၊ လူလဲးဖြစ်တဲ့ တပါးတည်းသောသားတော် ခရစ်တော်သခင်ဟာ ဒီလောကကို

ဆင်းကြွလာခြင်းဖြစ်တယ်။ ခရစ္စမတ်ပွဲးတော်ဟာ ဘုရားရှင်ရဲ့မွေးနေပွဲးပါ။ ကောင်းမူ့ကုသိုလ်ပြုခြင်း၊ လိုအပ်သူကိုကူညီပေး

ခြင်း၊ ကရုဏာလုပ်ငန်းများလုပ်ဆောင်ခြင်း၊ အချင်းချင်းခွင်လွတ်ခြင်း၊ မေတ္တာတရားတွေဝေမျှခြင်း၊ မာန်မာနတွေ ခဝါချခြင်း၊

ရန်သူတွေမိတ်ဆွေဖြစ်ကြခြင်း၊ အမုန်းတွေရပ်တန့်ကြခြင်း စတာတွေနဲ့ပျော်ရွှင်ရမည့်ပွဲးဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းသတိပေး

နေကြ အတိုင်းယုံကြည်သူဘာသာဝင်တွေမိမိရဲ့ အဆင်ခြင်မဲ့မူ့၊ ဆင်ခြင်တုံတရားကင်းမဲ့မူ့ကြောင့်၊ ဘာသာခြားတွေရဲ့အမြင်မှာ

ခရစ်တော်မွေးနေ့ပွဲး ခရစ္စမတ်ပွဲးတော်ကို သောက်စားမူးယူးပွဲးအဖြစ်မြင်မသွားမိစေဖို့သတိပေးပါရစေ။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *