ဖာသာရ် peter ကြည်မောင် (မန္တလေး) အာဒ်ဝင်တူးကာလစတုတ္ထ သောကြာသြဝါဒ ၂၃၊ ၁၂၊ ၂၀၂၂
23 December 2022
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ဧဝိဂေလိကျမ်းစာမှာအသက်အရွယ် ကျော်လွန်ကြီးရင့်ပြီဖြစ်နေတဲ့မိဖ နှစ်ပါက ဘုရားကျေးဇူး
တော်ကြောင့်မွေးဖွားလာတဲ့ ယောဟန်ဘာတစ္စတား မွေးဖွားတဲ့အကြောင်းကိုကြားနာခဲ့ရတယ်။ ဇာခရိယဟာ သူ၏
မယာဖြစ်သူ၏လိဇဘက် အသက်ကြီးမှ ကိုယ်ဝန်ရ သားယောက်ကျားကိုမွေးမယ် ဆိုတာကိုမယုံကြည်ခဲ့လို့ စွံ့အခြင်
းအပြစ်ဒဏ်ကို ခံစားခဲ့ရပြီး ယောဟန်ကိုအမည်ပေးသောနေ့မှသာ ပြန်လည်ကားပြောဆိုနိုင်ခဲ့တာကို ကြားနာခဲ့ရ
တယ်။ ယောဟန်၏မွေးဖွားသန့်စင်လာမှုက အခြားသူတွေ နှင့် မတူတစ်မူထူးခြားခဲ့နေခဲ့တယ်။ သူရဲ့အမည်ကို
သူ့မိခင်းဝမ်းထည်းမှာသန္ဓေမတည်မှီကတည်းက ဘုးရားကပေးထားပြီးသားဖြစ်တယ်။ သကြားမင်းက သူအဖေ
ကို သူသားအမည်ကယောဟန်ဆိုတာမှည့်ခေါ်ရမည်လို့ မှာကြားခဲ့တယ်။ ယောဟန်ရဲ့ အဓိပ္ပါယ်က graced by God
ဘုရားကျေးဇူးပေးခံရသူ လိုဆိုလိုတယ်။ သူဟာထူးခြားတဲ့ ကြီးမားတဲ့ ဘုရားရှင်အတွက် အလုပ်လုပ်ပေးရဖို့အတွက်
မွေးဖွားလာခြင်းဖြစ်တယ်။ ထာဝရဘုရားအတွက်လမ်းတော်ပြင်ဆင်ပေးခြင်တာဝန်ပဲဖြစ်တယ်။
ဒီကနေ့ဧဝံဂေလိတရားကနေ အရေးကြီးတဲ့ သင်ခန်းစာနှစ်ခုကို သင်ယူကြရအောင်ပထမတခုက ယောဟန်ဟာ
ရည်ရွယ်ချက်တစ်ခုနဲ့မွေးဖွားလာသလို၊ ကျနော်တို့အယောက်တိုင်းစီရဲ့ဘဝတွေမှာလဲ ကိုယ့်ဆီးရွယ်ချက်တွေပေး
ထားခြင်းခံရသူတွေဖြစ်တယ်။ ကျနော်တို့ယုံကြည်သူတွေအနေနဲ့ ယောဟန်ကဲသို့ တခြားသူတွေ သခင်ခရစ်တော်
ကို တွေနိုင်ဖို့ နည်းလမ်းရှာပြီး ပြင်ဆင်ကြရမယ်။ မိမိကိုယ်၌က၊ ဘုရားရှင်၏ကျေးဇူးတော်များနှင့် ပြည့်ဝ ထွန်း
လင်းနေသူဖြစ်ရမယ် သို့မှသာ တခြားသူများကို သခင်ခရစ်တော်ထံလမ်းပြနိုင်မှာဖြစ်တယ်။ သတိထားရမှာက
ကိုယ်ကိုယ်၌ကတပါးသူတွေကို မကောင်းသောအကျင့်ပုံစံတွေနဲ့ လမ်းပိတ်တဲ့သူမဖြစ်စေဖို့သတိထားရမယ်။
ဒုတိယတခုကတော့ ကျနော်တို့လူသားတွေဟာအားနည်းသူတွေဖြစ်တယ် အပြစ် အမှားမကင်းသူတွေဖြစ်တယ်။
ဒါကြောင့်ဘုရားရဲ့ကျေးဇူးတော်လိုအပ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်လမ်းပြမှုလိုအပ်တယ်။
ဒါကြောင့် စဉ်ဆက်မပြတ်ဆုတောင်းခြင်းအားဖြင့် ဘုရားရှင်းထားမှကျေးဇူးတော်တောင်းခံပြီး၊ မိမိပတ်ဝန်းကျင်၊
မိမိနှင့်နီးစပ်သူအပေါင်းအာ ကောင်းမွန်သောအမှန်တရားလမ်းသို့၊ မေတ္တာတရားဖြင့် သွန်သင်လမ်းပြနိုင်သူတွေ
ဖြစ်ကြရမယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။