ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၃၄) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၄၊ ၁၁၊ ၂၀၂၂

ဓမမိတ်ဆွေတို ဒီကနေ့ကြာနာရတဲ့ ဧဝံဂေလိကျမ်းမှာ ဂျေရုစလင်ဗိမာန် ဖြက်စီးခံရမယ့်အကြောင်း၊ လူများစွာသေကျေ

ပျက်စီးကျောင်းမည့်အကြောင်းတွေကြာနာခဲ့ရတယ်။ သခင်ခရစ်‌တော် ခေတ်ကာလအချိန်တုန်းက၊ ဂျူးလူမျိုးတွေက

ယုံကြည်ကြတယ် မာန်တော်ဖြစ်စီးခံရရင်  ကမ္ဘာကြီးရဲ့နောက်ဆုံးကာလသောအချိန်ကိုရောက်လာမယ်လို့ယုံကြည်ခဲ့ကြ

တယ်။ ဒါတွေဖြစ်လာရတဲ့အကြောင်းရင်းတော့ ဘုရားသခင်‌ရွေးချယ်‌တော်မူတို့လူမျိုးတို့ရဲ့ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့်

 ကိုယ်ကျင့်တရားပျက်ယွင်းမှုတွေကြောင့်၊ ပျက်စီးဆုံးရှုံးခြင်းကာလတွေရောက်ရှိလာခြင်းဖြစ်တယ်။ ဒါကြောင့်ပဲသခင်

ခရစ်တော်က အပြစ်ဒဏ်ကျခံရမည့်ကာလ၊ ပြန်လည်ပေးဆပ်ရမည့်ကလ သခင်ခရစ်တော် ပြောခဲ့ခြင်းဖြစ်တယ်။ ဒီအရာ

တွေဖြစ်ပျက်လာမယ်ဆိုတာကို ဓမ္မဟောင်းကျမ်းမှာကတည်းက ပရောဖက်ကြီးတွေကြိုတင်ဟောကြားခဲ့တာတွေလည်း

ရှိခဲ့တယ်၊ ဆက်လက်ပြီး သခင်ခရစ်တော်က၊ ပစ္စည်းချင်းနိမိတ်လက်ခဏာမျိုးမျိုးတွေကို ကြိုတင်ဟောပြောသတိပေးခဲ့

တယ်။ သာသနာတော်ရဲ့ပြက္ကဒိန်၊ liturgical calendar မှာ ယေဇူးဘုရင်ပွဲ မတိုင်မှီနဲ့ ပွဲးအပြီးကာလတွေမှာ နောက်ဆုံး

သောကလအကြောင်း၊ ပျက်ဆီးခြင်းတွေဖြစ်ပေါ်မည့်အကြောင်း၊ ကပ်ကမ္ဘာကုန်မည့်အကြောင်းစသည် ကြမ်းပိုက်တွေကို

သာနေ့စဉ်နှင်အမျှကြာနာခဲ့ကြရတယ်။ သို့သော်လည်း၊ သခင်ခရစ်တော်အပေါ်မှာ၊ တည်ကြည်မြဲမြံစွာယုံကြည်သူတွေ၊

သစ္စာစောင့်သိသူတွေ၊ ထိုသို့သောပုဂ္ဂိုလ်အတွက်၊ ကယ်တင်ခြင်းခံရမဲ့အချိန် ဖြစ်တယ်ဆိုတာကိုလည်း သခင်ခရစ်တော် 

သတိပေးခဲ့တယ်။ ဒီရက်တွေမှာကြာနေရတဲ့ကျမ်းပိုက်‌တွေက၊ ပစ္စည်းဆုံးရှုံးခြင်းအကြောင်းးတွေ၊ သေဆုံးခြင်းတွေ၊

နောက်ဆုံးသောကာလတွေ၊ ကမ္ဘာကုန်မယ့်အကြောင်းးတွေ၊ ကျနော်တို့နိုင်ငံရဲ့လက်ရှိအခြေနေနဲ့ပြန်ကြည့်မယ်ဆိုရင်၊

တကယ်ပဲနောက်ဆုံးသောကာလကိုရောက်နေသလို၊ တွေ့ကြုံခံစားနေကြရတယ်။ သို့သော်လည်းယုံကြည်သူခရစ်ယာန်

တွေနဲ့၊ သတိရှိစေချင်တာက၊ ခရစ်တော် နောက်လိုက်တွေရဲ့ဘဝဟာ၊ အခက်အခဲဒုက္ခတွေနဲ့ ရှင်သန်လျှောက်လှမ်းရတဲ့

အသက်တာဖြစ်တယ်၊ အဲဒီလိုလျှောက်လှမ်းနေတဲ့အသက်တာမှာ၊ သခင်ခရစ် တော်အပေါ်မှာ သံသယဖြစ်ခြင်း၊ ယုံကြည်

ခြင်းကင်းမဲ့ခြင်း၊ သခင် ကိုအားမကိုးတော့ချင်း၊ စတဲ့၊ လွဲမှားမှုတွေဝင်မလာစေဖို့ အမြဲတမ်းသတိရှိသောရှင်သန်ရမယ့်

အသက်တာဖြစ်တယ်။ ဘယ်‌လောက်ပဲမုန်တိုင်းထန်နေပါစေ ဘုရားသခင်နှင့်လျှောက်လှမ်းခြင်းအသက်တာဖြစ်ဖို့တယ်။ 

ဒီကနေ့အသက်ရှင်နေရသေးရင် ငါသည်ကနေ့ကျေးဇူးတော်ခံစားနေရတုန်းပဲဆိုတာ၊ သတိရပြီးဘုရားသခင်နဲ့အတူတူ

ဒုက္ခအခက်ခဲတွေကြားမှာ၊ ယုံကြည်ချင်းပြည့်ဝစွာရှင်းသန်နိုင်သူတွေဖြစ်ကြပါစေ။ ဓမမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာ

ကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *