ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၃၄) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၃၊ ၁၁၊ ၂၀၂၂

ဓမ္မိတ်ဆွေတို့ ဒီကနေ့ရှင်လုကား ဧဝံဂေလိကျမ်းမှာ သူကိုယုံကြည်သူတွေသူ့နောက်လိုက်တွေ သင်တို့တွေ ငါကြောင့်

ဖမ်းစီးခံရမယ် ညှင်းပန်းနှိပ်စက်ခံကြရမယ်။ ထောင်ချခံရမယ်၊ သင်တို့ရဲ့မိဘ၊ ညီကိုမောင်နှမတွေအစ သစ္စာဖေါက်

တာကိုခံကြရမယ် သင်တိုကို ကာကွယ် ဖို့ ဘာပြောရမယ် ဆိုတာရယ် ညာဏ်ပညာရယ်ကိုငါပေးမယ်။ သင်တို့ရဲ့ငါ့

အပေါ်မှာထားတဲ့ယုံကြည်ခြင်းရဲ့ခံနိုင်ရည်ရှိမူ့၊ သည်းခံနိုင်မူ့က သင်ကိုကယ်တင်လိမ့်မယ် တဲ့၊ လူတိုင်းဘဝမှ

ာဒုက္ခအခက်ခဲကြုံဖူးကြမှာပဲ၊ လိမ်ညာခံရမှုတွေလည်းကြုံတွေ့ကြရမယ်။ အဲဒီမကောင်းမှုခါးသီးမှုတွေကိုကျွန်တော်

တို့ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာကိုစဉ်းစားကြည့်ပါ။ မကျော်ဖြတ်နိုင်သေးဘူးဆိုလျှင်၊ သခင်ခရစ်တော်ရဲ့အသက်

တာကိုပြန်လည်‌ထောက်ရှုကြည့်ပါ။ ဘုရားရှင်တောင်မှ၊ သစ္စာဖောက်ခြင်းခံခဲ့ရတယ်၊ ဒုက္ခမျိုးစုံခံခဲ့ရတယ်၊

သခင်ခရစ်တော်ခံခဲ့တဲ့ဒုက္ခတွေက သူ့အတွက်ခံခဲ့တာမဟုတ်ဘူး။ ကျနော်တို့တတွေးကယ်တင်ခြင်းရဖို့အတွက်ခံခဲ့

တာဖြစ်တယ်။ ဒါပေမယ့်ကျွန်တော်တို့ခံ‌ေနရတဲ့ဒုက္ခ‌တွေက ကျနော်တို့ပြုမိခဲ့တဲ့အပြစ်အမှားတွေကြောင့်သာ အမျာ

းအားဖြင်ခံနေကြရခြင်ဖြစ်တယ်။ ဒီကနေ့ ‌ဧဝံဂေလိ ကျမ်းစာမှာ  သခင်ခရစ်တော်နောက်လိုက်သူတွေရဲ့ဘဝဟာ

အေးဆေးသက်သာတဲ့ဘဝမဟုတ်ဘူး။ သူအပေါ်မှာထားရှိတဲ့ယုံကြည်ခြင်း၊ ကိုးကွယ်ယုံကြည်မူဟာ မှန်ကန်တယ်

ဆိုတာ ဘယ်သူမှမရှင်နိုင်အောင်ညာဏ်ပညာနဲ့ ခြေပနိုင်ဖို့အသိညာဏ်နဲ့ နုတ်ထွက်စကားတွေကိုပေးမယ် လို့ကတိ

ပေးခဲ့တယ်။ လောကမှာ ချမ်းသာကြွယ်ဝမူ့နဲ့ ဘုရားနဲ့ရှင်ပြိုင်လာရင်၊ ဘုရားပေးတဲ့အသိညာဏ်နဲ့ မတည်မြဲးခြင်

းတရားကို ထောက်ရှုမိရဲ့လား ဒါမှမဟုတ် လောကအရာကိုဦးစားပေးပြီးဘုရားကို မေ့ထားတပ်ကြသလား။ 

 ငယ်ရွယ်၊ သန်မာ နုပျို ချမ်းသာ၊ အောင်မြင်နေပြီဆိုရင် ကိုလုပ်ခြင်ရာလုပ်နေအုံးမယ် ဘုရားမလာနဲ့ ငါဒုက္ခရောက်

မှ ခေါ်လိုက်မယ် ဆိုတဲ့ပုံစံနဲ့အသက်ရှင်နေရင်တော့ သင်ဒုက္ခ ရောက်ချိန်ဘုရားမကယ်တင်တာကို အပြစ်မမြင်မိပါစေနဲ့။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *