ဘဝကိုအဆုံးသတ်ပစ်ချင်တဲ့ အတွေးတွေ မရှိစေချင်ပါ

ဒီကနေ့အတွက် ဘဝကိုအဆုံးသတ်ပစ်ချင်တဲ့အတွေးတွေမရှိစေချင်ပါ ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်သန်မာမှုဟာ တစ်ဦးနဲ့တစ်ဦး မတူကြဘူး။ အကောင်းမြင်စိတ် ပမာဏလည်း မတူကြပါဘူး။ အခက်အခဲတွေကို လက်ခံနိုင်တဲ့အင်အားတွေ မတူကြသလို ထွက်ပေါက်ရှာပုံ နည်းလမ်းတွေလည်း တူမှာ မဟုတ်ပါဘူး။
တစ်ယောက်အတွက် ဘာမှမဟုတ်ဘူးဆိုတဲ့ ပြဿနာလေးဟာ တခြားတစ်ယောက်အတွက် ဘဝနဲ့ချီတဲ့ ပြဿနာကြီး ဖြစ်နေတတ်ပါတယ်။
တစ်ယောက်အတွက် အလွယ်တကူကျော်လွှားနိုင်တဲ့ အခက်အခဲလေးဟာ တခြားတစ်ယောက်အတွက် ဧဝရတ်တောင်မက မြင့်တဲ့ အခက်အခဲကြီးမျိုး ဖြစ်နေတတ်ပါတယ်။
တချို့က ၁၀ နှစ်လောက်အောင်မြင်လာတဲ့လုပ်ငန်းတစ်ခု ဒီနေ့ ရပ်တန့်သွားခဲ့သည့်တိုင် နောက်နေ့မှာ စိတ်သစ် လူသစ် ခွန်အားသစ်နဲ့ အစပြုနိုင်ပေမယ့် တချို့ကတော့ ဒီနေ့မှစတဲ့ စီးပွါးရေးလေး ဒီနေ့အဆင်မပြေရုံနဲ့ စိတ်ဓာတ်ဟာ အောက်ဆုံးထိ ထိုးကျသွားတတ်ပါတယ်။
တချို့က ချစ်သူနဲ့ လမ်းခွဲလိုက်လို့ ရက်ပိုင်းလေးပဲ ဝမ်းနည်းရနိုင်ပေမယ့် တချို့ကတော့ နှစ်ကာလအရှည်ကြီး ဆွေးမြေ့နေနိုင်ပါတယ်။
ဒါကြောင့် လူတစ်ယောက် suicide လုပ်သွားတယ်ဆိုရင် ကျွန်တော်တို့ဟာ သွားလေသူအပေါ် အပြစ်တင်နေရမှာ မဟုတ်ပါဘူး။ နားလည်ပြီး စိတ်မကောင်းဖြစ်ရုံသာ ဖြစ်ပါတယ်။ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့ ပြဿနာဆိုတာ သူ့အတွက်တော့ Suicide အပြင် ထွက်ပေါက်မရှိတဲ့ ပြဿနာလားမှ မသိနိုင်တာပါပဲ။
ကျွန်တော်တို့ချစ်ရသူတွေအနေနဲ့ ဘဝကိုအဆုံးသတ်ပစ်ချင်တဲ့ အတွေးတွေ၊ suicidal thoughts တွေ မရှိလာစေဖို့ တာဝန်ရှိသူတွေဟာ ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။ ကိုယ်ချစ်ရတဲ့သူတွေကို ချစ်ပေးဖို့၊ တန်ဖိုးထားပေးဖို့၊ ဂရုစိုက်ပေးဖို့၊ ကြင်နာပေးဖို့၊ ထွေးပွေ့ပေးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ရင်ဖွင့်သံတွေ နားထောင်ပေးဖို့ လိုအပ်ပါတယ်။
ကိုယ်တိုင်ကလည်း suicidal thoughts တွေ ဝင်မလာရလေအောင် self-love အလေ့အထတွေကို တဖြည်းဖြည်းချင်း လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *