မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်
ထိန်းသိမ်းကြစေ သဘာဝအမွေ
ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ကောင်းသော သိုးထိန်းသီလရှင်များအသင်းဂိုဏ်းမှ စစ္စတာရ် ဧလိဇဘတ်ရဲ့ ” A First Aid Guide on Suicide Prevention (မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်) ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
****** ကိုယ့်မိသားစုထဲမှာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဒီဗီဒီယိုထဲကလို လက္ခဏာလေးတွေကိုတွေ့နေရပြီဆိုရင် သူတို့ကို အားပေးနှစ်သိမ့်ပေးပါ။အမြဲဆက်သွယ်ပေးနေကြပါလို့လည်း အကြံပြုချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က ဒီလိုစိတ်ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင်လဲ စိတ်ကျန်းမာရေးအကူအညီပေးနေတဲ့နေရာတွေကို ဆက်သွယ်ပါ။ ကောင်းသောသိုးထိန်းသီလရှင်တွေဆီမှာလည်း စိတ်ကျန်းမာရေးအကူအညီရယူလို့ရပါတယ်။ ဗီဒီယို မှာပေးထာတဲ့ Signal Ph Numbers တွေကို ဆက်သွယ်ကာ အကူအညီတောင်းခံနိုင်ပါတယ်။ *****
တင်ဆက် – Sr. Elizabeth Joseph RGS, Guidance Counselor
တည်းဖြတ် – Pinky
#rvamyanmar #rvapastoralcare #AFirstAiGuideonSuicidePrevention #SuicidalPrevention
A First Aid Guide on Suicide Prevention
မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်
- Checklist of Suicidal Feelings ခံစားချက်များကိုစစ်ဆေးခြင်း
- စိတ်ဓာတ်ကျနေခြင်း
- မျှော်လင့်ချက်ကင်းမဲ့ခြင်း
- အရှက်တရားကင်းမဲ့ခြင်း
- အကူအညီမဲ့နေခြင်း
- တန်ဖိုးမဲ့နေခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- စိတ်ကသိကအောင့်ဖြစ်ခြင်း
- အဆိုးမြင်ခြင်း
- အပြစ်ရှိသလိုခံစားရခြင်း
မီးဝါပြချိန်/ သတိပေးအချက်ပြ
အချိန်မှန်မအိပ်စက်ခြင်း
- အစောကြီးနိုးနေတာ၊ အိပ်ယာဝင်ပြီး အိပ်မပျော်နိုင်တာ၊
- အအိပ်လွန် အိပ်ပဲအိပ်နေတာ၊ အိပ်သင့်တာထက်ပိုအိပ်နေတာ
ခံတွင်းအာရုံအလွန်အကျွံပြောင်းလဲခြင်း
- ခံတွင်းပျက်၊ အစားမဝင်၊ စားချင်စိတ်မရှိ၊ ကိုယ်အလေးချိန်သိသိသာသာကျ
- ပုံမှန်ထက်ပိုပြီးစားလာတာ၊ ကိုယ်အလေးချိန်သိသိသာသာတက်လာတာ။
မကြာခဏငိုနေခြင်း
- ဝမ်းသာမျက်ရည်မဟုတ်၊ ငိုချင်စိတ်၊ ဝမ်းနဲစိတ်၊ စိုးရိမ်စိတ်တွေကိုမထိန်းနိုင်တော့တာ
သတိထားဖို့/စောင့်ကြည့်လို့ရသော အပြုအမူများ
ရှောင်ဖယ်၊ အတွယ်အတာဖြတ်ခြင်း
- မိသားစု၊ သူငယ်ချင်းတွေကိုရှောင်ဖယ်လာတယ်
- သူတစ်ပါးနဲ့ မထိတွေ့ဆက်ဆံ၊ စကားမပြောချင်တော့ဘူး
- တစ်ယောက်တည်း သီးသန့်နေချင်တယ်
- အလုပ်ကိစ္စတွေကို အစီအစဥ်တကျလေးလုပ်ထားတယ်၊ သေတမ်းစာတွေရေးထား၊ ပိုင်ဆိုင်မှုတွေကို သူများကိုပေးလိုက်တာ
စိတ်ဝင်စားမှုတွေလျော့ကျလာ၊ ဘာမှစိတ်မဝင်စားတော့ဘူး
- အရင်ကဝါသနာပါတာ၊ လုပ်ရတာပျော်တဲ့အလုပ်လေးတွေ လုပ်ချင်စိတ်မရှိတော့ဘူး
- ပျော်ရမှာ မေ့နေသလိုဖြစ်လာတယ်
အလုပ်တွေကိုလျှော့ချလာတယ်
- အာရုံစူးစိုက်နိုင်စွမ်းလျော့ကျလာတယ်
- ဆုံးဖြတ်ချက်ချဖို့ခက်ခဲလာတယ်၊ မေ့တတ်လာတယ်။
သေကြောင်းကြံစဥ်နေတဲ့လူတစ်ဦး၌ရှိတတ်သောအတွေးများ
- ငါအသက်ရှင်စရာအကြောင်းကိုမရှိတော့ဘူး
- ငါဘာမှဂရုစိုက်မလိုတော့ပါဘူး
- ဘုရားရယ်ငါ့ကိုပြန်ခေါ်သွားပါတော့
- ငါဘယ်လိုသေရင်ကောင်းမလဲ
- ငါ့ကိုငါသတ်ချင်လိုက်တာ
- ငါမရှိရင်ကမ္ဘာကြီးကပိုအဆင်ပြေသွားမှာ
- ဘဝကြီးကအဓိပ္ပာယ်မဲ့လိုက်တာ
ဂရုစိုက်ပေးသူများအတွက်လမ်းညွှန်
ဒါလေးတွေမေးဖို့ သတိရပါ
- သတ်သေချင်တဲ့အတွေးလေးတွေများရှိနေလား
- ကိုယ့်ကိုကိုယ် သတ်သေဖို့များစဥ်းစားနေလား
How to take action? ဘယ်လိုတွေလုပ်လို့ရလဲ
- သတ်သေချင်နေတဲ့သူကို ဘယ်တော့မှ တစ်ယောက်တည်းမထားပါနဲ့
- ကျွမ်းကျင်ပညာရှင်ရဲ့အကူအညီရှာပေးပါ
- ဖြစ်နိုင်လျှင် သတ်သေနိုင်မည့်ပစ္စည်းများကို ထိုသူ၏အနီးအနားမှဖယ်ရှားပေးပါ။
- မိမိကိုယ်ကိုအဆုံးစီရင်လိုသောသူ၏ မိသားစုအား ထိုသူ၏သတ်သေလိုသောအခြေအနေအကြောင်းပြောပြပေးပါ
- သူနဲ့အမြဲအသွယ်အသွယ်လုပ်ပေးပါ
အရေးပေါ်အခြေအနေတွေမှာ စိတ်ကျန်းမာရေးအကူအညီပေးတဲ့နေရာများကိုဆက်သွယ်အကူအညီတောင်းခံပါ။
ကောင်းသောသိုးထိန်းသီလရှင်များထံမှစိတ်ကျန်းမာရေးအကူအညီရယူချင်တယ်ဆိုရင်တော့
Signal Numbers
+959784039900
+959769337756
+959457445324
+959254347155
များကိုဆက်သွယ်ရင်ဖွင့်လို့ရပါတယ်ရှင်။