စိပ်ပုတီးစိပ်ခြင်း
ဒီကနေ့အတွက်စိပ်ပုတီးစိပ်ခြင်းနှင့်ဘာကြောင့်စိပ်ပုတီးစိပ်သင့်သလဲဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ဘာသာတရားတိုင်းမှာဘုရားသခင်ကိုဝတ်ပြုဆုတောင်းဆည်းကပ်ကြတဲ့မေတ္တာတို၊မေတ္တာရှည်များစွာရှိပါတယ်။အဲ့ဒီမေတ္တာတွေကိုရွတ်ဖတ်ဆုတောင်းကြရာမှာအကြိမ်အရည်တွက်ကိုရေရွတ်ဖို့နည်းလမ်းအမျိုးမျိုးကိုရှာဖွေခဲ့ကြပါတယ်။ယနေ့ကျမတို့ကိုင်ဆောင်ထားကြတဲ့စိပ်ပုတီးတစ်ကုံးဖြစ်ပေါ်လာဖို့နှစ်ရာစုပေါင်းများစွာကြာမြင့်ခဲ့ရသလိုပထမဉီးဆုံးသဲကန္တာရမှာသီတင်းသုံးနေထိုင်ကြသောရသေ့များဟာသူတို့နေ့စဉ်ရွတ်ဆိုရတဲ့မေတ္တာတွေကိုရည်တွက်ဖို့လက်ချောင်းများ(သို့)လုံးဝိုင်းတဲ့ခဲလုံးလေးတွေကိုအသုံးပြခဲ့ကပါတယ်။လက်ချောင်းတွေကိုအသုံးပြုတဲ့အခါအားနည်းချက်တစ်ခုမှာအခြားအလုပ်ကိစ္စတွေကိုမပြုလုပ်နိုင်ခြင်း၊အနှောင့်အယှက်တွေပေါ်လာတဲ့အခါမှာဘယ်နေရာမှာအဆုံးသတ်ခဲ့တာကိုမမှတ်သားနိုင်ခြင်းစတဲ့အကြောင်းအရာတွေကြောင့်အခြားရည်တွက်နည်းလမ်းတွေကိုရှာဖွေဖို့လိုအပ်လာခဲ့ကြပါတယ်။ရှေးကျတဲ့လူ့အဖွဲ့အစည်းတစ်ခုမှာအစပြုပြီးကျောက်တုံးချောလေးတွေကိုအသုံးပြုကာဆုတောင်းမေတ္တာတွေကိုစတင်ရေတွက်လာကြပါတယ်။ကျောက်တုံးလေးတွေကိုတစ်ပုံကနေတစ်ပုံရွှေ့ခြင်း၊ကျောက်တုံးများကိုလိုက်လံစုဆောင်းခြင်းနှင့်စုထားသောကျောက်တုံးများကိုတစ်လုံးစီလွှတ်ပစ်ခြင်းများပြုလုပ်ခြင်းဖြင့်ဆုတောင်းမေတ္တာများကိုရေတွက်ခဲ့ကြတယ်။ဤနည်းလမ်းတွင်လည်းမေတ္တာများကိုအာရုံပြဖို့အတွက်အဆင်မပြေတဲ့အချက်ရှိနေပြန်ပါတယ်။အဲ့တာကတော့ ကျောက်တုံးတွေကိုလိုက်ကောက်ရတာနှင့်မေတ္တာအရည်အတွက်များလာတဲ့အခါစုဆောင်းထားရသည့်ကျောက်တုံးအရည်အတွက်များခြင်းတို့ဖြစ်လာပါတယ်။
ထိုအချိန်တွင်နောက်နည်းလမ်းအသစ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ကြိုးချဉ်မျှင်ငယ်များကိုကျစ်ထားသောကြိုးတစ်စကိုအသုံးပြုခြင်းဖြစ်သည်။ထိုကြိုးပေါ်တွင်အထုံးလေးများပြုလုပ်ကာအရည်အတွက်ကိုမှတ်သားနိုင်သကဲ့သို့ခရီးသွားတဲ့အခါမှာလည်းလွယ်ကူစွာသယ်ဆောင်သွားလာနိုင်ခဲ့ကြသည်။ဤနည်းလမ်းမှာအရမ်းလွယ်ကူပြီးမေတ္တာများကိုအာရုံပြုဖို့ရန်အတွက်လည်းအထောက်အကူပြုလာပါတယ်။ဒီနည်းလမ်းကိုအသုံးပြုခဲ့ချိန်မှာအားနည်းချက်တစ်ခုကတော့ အချိန်ကြာလာတာနဲ့အမျှကြိုးတွေဟာညစ်ပတ်ပေတေလာခြင်းပဲဖြစ်ပါတယ်။အလှအပကြိုက်သူများအတွက်စိတ်ကျေနပ်မှုကိုလည်းမပေးနိုင်တော့ပါဘူး။ဒါကြောင့်အလုံးလေးတွေကိုသံ၊ကြေးကွင်းများဖြင့်ချိတ်ဆွဲထားသောကြိုးများပေါ်ပေါက်လာခဲ့ပါတယ်။သံ၊ကြေးကွင်းများဖြင့်ချိတ်ဆွဲထားတဲ့အလုံးလေးများမှာလှပသပ်ရပ်မှုရှိရုံသာမကကြာရှည်ခံခြင်း၊သပ်ရပ်ခြင်းများကိုပေးနိုင်ခဲ့ခြင်းကြောင့်သံ၊ကြေးကွင်းဖြင့်ပြုလုပ်ထားသောအလုံးလေးများကိုစတင်အသုံးပြုလာခဲ့ကြပါတယ်။ကြိုးထုံးလေးများကိုသီကုံးထားသောကြိုးတစ်ချောင်းကိုအသုံးပြုကာမေတ္တာဆိုခြင်းကိုအလယ်ရာစုခေတ်မှာပိုမိုတွင်ကျယ်စွာအသုံးပြုခဲ့ခြင်းကိုသမိုင်းအထောက်အထားများအရတွေ့ရှိရပါတယ်။
အလယ်ရာစုခေတ်တွင်ရှိခဲ့သောရသေ့ကျောင်းများမှာမစ္ဆားတရားချိန်ပြင်ပ၌နေ့စဉ်ဒါဝိတ်မင်းကြီးရေးစပ်ထားသောဆာလံကျမ်း၁၅၀အားလုံးကိုရသေ့များနေ့စဉ်ဆုတောင်းမှုအသက်တာတစ်ခုအဖြစ်ရွတ်ဆိုလေ့ရှိကြသည်။ဆာလံများမှာလက်တင်းဘာသာဖြင့်ရေးသားထားခြင်းကြောင့်ရသေ့တချို့မှာလိုက်မဆိုနိုင်ခဲ့ကြပါ။ဒါကြောင့် ဆာလံ ၁၅၀ အစား ကောင်းကင်ဘုံမေတ္တာကိုအကြိမ် ၁၅၀ရွက်ဆိုရေသောဓလေ့တစ်ခုဟာထိုအချိန်မှစတင်ပြီးဖြစ်ပေါ်လာခဲ့ပါတယ်။၁၅၂၀ခုနှစ်မှာပုပ်ရဟန်းမင်းကြီးဒသမမြောက်လေအိုမှစိပ်ပုတီးသဒ္ဓါကြည်ညိုမှုကိုတရားဝင်ခွင့်ပြုသတ်မှတ်ပေးခဲ့ပြီးအောက်တိုဘာလကိုသန့်ရှင်းသောစိပ်ပုတီးစိပ်ခြင်းလဟုထုတ်ပြန်ကြေညာခဲ့ပါတယ်။၁၇၁၆ခုနှစ်မှာတကမ္ဘာလုံးအသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာပြက္ခဒိန်မှာစိပ်ပုတီးသဒ္ဓါကြည်ညိုခြင်းပွဲနေ့ကိုနှစ်စဉ်နှစ်တိုင်းကျင်းပဖို့ထည့်သွင်းခဲ့ပါတယ်။