ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၂၅) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၂၃၊ ၉၊ ၂၀၂၂

သခင်ခရစ်တော် သူဒုက္ခခံရမယ် အသေခံရမယ် ရှင်ပြန်ထမြောက်မယ် ဆိုတဲ့အကြောင်းသမ္မကျမ်းစာ

မှာ သုံကြိမ်ပြောခဲ့တဲ့ထဲ ဒီကနေ့ကျမ်းစာမှ ပထအကြိမ်ပြေားခဲ့တာကိုဖေါ်ပြထားတယ်။ တဆက်ထဲ

မှာပဲ သခင်ခရစ်တော်ဖြစ်ကြောင်း ပီတာရဲ့ ဝန်ခံချက် ကိုလည်ကြားနာခဲ့ရတယ် သခင်ခရစ်တော်က

သူရဲ့နောက်လိုက်တပည့်တော်ကြီးတွေ၊ သူ့မည်သူလည်းဆိုတာကောင်းကောင်းနားမလည်ကျတဲ့အ

တွက် သူတို့ကို သခင်ခရစ်တော်က  မေးခွန်းနှစ်ခုမေးခဲ့တယ်ပထမတစ်ခုက လူတွေငါ့ကိုဘယ်သူလို့

ထင်သလဲ။ ဒုတိယတခုက မင်းတို့ရောငါ့ကိုဘယ်သူလို့ထင်သလဲပြီမေးခွန်းနှစ်ခုကကျနော်တို့ဘဝအ

တွက် ဒီကနေ့ထိ ထိရောက်မှုရှိနေတယ် သည်နေရာမှာ သိခြင်းနဲ့ လက်ခံယုံကြည်ခြင်းဒီနှစ်ခုကိုထောက်

ရှုကြည့်ရအောင်ခရစ်တော်ကသင့်ကိုအခု‌မေးနေတယ်။ မင်း‌ကောငါ့ကိုဘယ်သူလို့ထင်သလဲ ကျွန်တော်

လက်ခံသိမြင်ပုံလေးကို ဓမ္မမိတ်ဆွေတို့အတွက် ဝေမျှပေးပါတယ်။  သခင်ခရစ်တော်ဟာ ဘုရားဖြစ်

တယ်၊ သခင်ခရစ်တော်ဟာ အပြောနဲ့လက်တွေ့ကျတဲ့သူ၊ သူဟေားတဲ့အတိုင်းသူကျင်ပြတဲ့သူ၊

တပါးသူကို ချစ်ဖို့သင်ပေးသလို ၊အသက်ပေးပြီးချစ်ပြခဲ့သူ၊ ခွင့်လွတ်ဖို့သင်ပေးခဲ့သလို သူကိုသတ်

တဲ့သူ‌တွေတို့ကို ခွင်လွတ်ပေးခဲ့သူ၊ နှိမ်ချတပ်ဖို့‌သင်ပေးခဲ့သလို့ သူတပည်တွေကိုချေဆေးပြီးနိုမ့်ချပြခဲ့

သူလူတေတွေကို ငြိမ်းချမ်းခြင်းတရားဟေားပြီး ငြိမ်းချမ်းမူ့ပေးသူကျွန်တော်အပြစ်ကို သူသွေးနဲ့ဆေး

ကြေားပေးပြီး ကျွန်တော်လိုအပြစ်သားကို တန်ဖိုးထားချစ်ပြပေးသူအပြစ်သားကျွန်တော်နောင်တရဖို့

အချိန်ပေး စောင့်ဆိုင်နေသူ၊ အပြစ်ခွင့်လွတ်ပေးဖို့ အဆင်သင်စောင့်နေသူ။ နေ့စဉ် အသက်တာအတွက်

အလင်း နှင့်လမ်းပြသူ၊ အမှန်အမှားခွဲးခြားတပ်အောင်သွန်သင်ပေးသူ၊ ကျေးဇူးတော် သွန်းလောင်းပေး

သူ၊ သန့်ရှင်းသောဝိညဉ်တော်ကို ပေးပြီး အဖခမည်းတော်စီ ပြန်လာနိုင်အောင်လမ်းပြပေးသူ၊

ကျွန်တော်အတွက် ကောင်းကင် တခါး ဖွင့်ပေးသူ။  လို့ ကျွန်တော်လက်ခံထားတယ် သင်လည်းခရစ်

တော်ကို ဘယ်လိုလက်ခံထားလဲး ထောက်ရှုဆင်ခြင်ကြည့်ပါမိတ်ဆွေ။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *