ဖာသာရ် Peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၂၅) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၂၊ ၉၊ ၂၀၂၂

ယောဟန်ကို‌‌ခေါင်းဖြတ်သတ်ခဲ့တဲ့ဟေရုဒ်က ခရစ်တော် အကြောင်းတွေကြားရချိန် သူခေါင်းဖြတ်သတ်ခဲ့တဲ့

ယောဟန်ရှင်ပြန်လာတာလား ဆိုပြီးသိခြင်စိတ်တွေပြင်းထန်းနေခဲ့တယ်။ အမှန်တရားပြောတဲ့‌ယောဟန်

ကို ခေါင်းဖြတ်သတ်ခဲ့တဲ့သူက သခင်ခရစ်တော်ကို သိခြင်၊မြင်ခြင်တယ် ဆိုတာ ဘာအတွက်လဲမကောင်း

တာလုပ်တဲ့သူ၊ မကောင်းတဲ့အရာ ဆိုးယုတ်တဲ့အရာကို နှစ်သက်သူမကောင်းတဲ့အသိုင်းအဝိုင်းမှာနေသူက

အမှန်တရား ဘုရားသခင်ကို တွေ့ခြင်တာ တကယ် စစ်မှန်တဲ့ တောင်းတမှု့ဟုတ်ရဲ့လားယောဟန်ကိုခေါင်း

ဖြတ်သတ်ခဲ့သလို ခရစ်တော်က သူကိူ အမှန်တရားအတိုင်း ဟေားပြေားသွန်သင်ခဲ့ရင်လည်းသခင်ခရစ်တော်

ကိုလည်းယောဟန်လိုပဲသတ်ပြစ်အုံးမှာပါပဲ။ ရာထူးအာဏာရှိသူ၊ ငွေကြေးချမ်းသာသူ၊ ဂုဏ်မောက်သူ

မာနကြီးသူတွေဟာ အမှန်တရားကို သိခြင်တာလောက်ပဲရှိတယ် မိမိတိုဘဝထဲမှာ လက်တွေ့ရှင်သန်ဖို့ ကြိုး

စားအားထုတ်လုပ်ဆောင်တာမျိုးမရှိကြပါဘူး။ ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ ဟေရုဒ်လို လူတွေအများကြီး

ရှိတယ်မာနတရား၊ ဒေါသအမျက်၊ တဏှာရာဂ၊ လိုခြင်တပ်မက်မှု့ ၊ အတ္တမာန တွေကို ဖက်တွယ်နေပြီးအမှန်

တရား ကို ၊ သခင်ခရစ်တော်ကိုသိချင်ရုံသက်သက်ပဲသိခြင်ကြတာ၊ ကိုယ်ဘဝထဲ့မှာရှင်သန်ဖို့သိခြင်ကြတာမ

ဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုခရစ်ယာန်ခေါ်တယ်၊ ခရစ်တော်ရဲ့နောက်လိုက်လို့ပြောတယ်။ ခရစ်တော်ရဲ့တရားနဲ့

ဆန့်ကျင်ဘက်မှာရှင်သန်နေကြတာကိုတွေ့ရတယ်။ ချစ်ပါလိုပြောတယ်ရန်သူလိုသဘောထားကြတယ်။

နိုမ့်ချပါလိုပြောတယ်မာနတရားတွေအပြည့်နဲ့ခွင့်လွှတ်ပါလိုပြောတယ်ဘယ်တော့မှာခွင့်မလွှတ်နိုင်ဘူးဆိုတဲ့

အရာ၊ မကောင်းတဲ့စိတ်တွေအတ္တစိတ်တွေမာန်မာနတွေနှလုံးသာထဲ့မှာရှင်သန်ကြီးထွားစေကြတယ်။

ဒါကြောင့်မို့ဒီကနေ့သမ္မာကျမ််းစာကဟေရုဒ်မင်းလိုသခင်ခရစ်တော်ကိုဦးနောက်နဲ့မရှာနဲ့နှလုံးသားနဲ့ရှာကြပါ။

ခရစ်တော်ကိုယုံကြည်တယ်၊ ခရစ်တော်ကိုသိချင်တယ်၊ ခရစ်တော်ရဲ့နောက်ကိုလိုက်ချင်တယ်ဆိုရင်ခရစ်တော်

ကိုနှလုံးသားနဲ့ပဲရှာပါ။ နှလုံးနဲ့ရှာမှသခင်ခရစ်တော်ရဲ့စစ်မှန်တဲ့တရားတွေ၊ စစ်မှန်တဲ့အကြောင်းအရာတွေသင်

ဘဝထဲမှာရှင်သန်လာပါလိပ်မယ်။ ဓမ္မမိတ်‌ဆွေအပေါင်းကျန်မာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *