ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၀) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၅၊ ၈၊ ၂၀၂၂

မျှော်လင့်စရာမရှိတဲ့အချိန်မှာမှ တစ်ကယ့်စစ်မှန်တဲ့မျှော်လင့်ခြင်းဖြစ်လာတယ်မြင်ရကြား
ရတာတွေ၊ ဖြတ်သန်းနေရတာတွေကြောင့် တစ်ခါတစ်လေကျရင် မျှော်လင့်ချက်ကုန်ဆုံးသွာ
းသလိုခံစားကြရပါတယ်၊ ကမ္ဘာကြီးကိုကြည့်လိုက်ရင်၊ ကိုယ့်ကိုယ်ကိုပြန်ပြီးကြည့်လိုက်ရင်
သိစိတ်ကဖြစ်စေ မသိစိတ်ကဖြစ်စေ ကျွန်တော်တို့တွေးတတ်ကြတယ်၊ ဒါကတော့ အရမ်းကို
နောက်ကျသွားပြီ၊ ဒါကတော့အရမ်းကိုလွန်သွားပြီ၊ ဘယ်အရာကမှ ဒါကိုမကယ်နိုင်တော့ဘူး၊
ဒီအခြေအနေကိုပြောင်းလဲနိုင်ဖို့ အခွင့်အရေးတွေအကုန်လုံးကိုလဲ သုံးပြီးပြီ၊ မျှော်လင့်ချက်မရှိ
တော့ဘူး။ ဒါမဲ့ ဒီသဘာဝကျတဲ့ စိတ်ဓါတ်ကျခြင်းခံစားချက်က မျှော်လင့်ခြင်းဆုံးရှုံးခြင်းလား။
မဟုတ်ပါဘူး။ တစ်ကယ်တမ်းက ဒီလိုမျိုးခံစားရတဲ့အချိန်မှာ ကျွန်တော်တို့မှာရှိတဲ့ အခွင့်အ
လမ်းတွေအကုန်လုံးကိုကုန်ခမ်းသွားပြီလို့ခံစားချက်ဖြစ်လာတဲ့အချိန်မှာမှ မျှော်လင့်ချက်က
ရောက်ရှိလာနိုင်ပြီး၊ မျှော်လင့်ချက်အစစ်အမှန်မဟုတ်တဲ့ wishful thinking အကောင်းဖက်
ကတွေးခြင်း နဲ့ natural optimism သဘာဝအလျောက် အကောင်းမြင်ခြင်း တွေနေရာမှ
ာ တစ်ကယ့် မျှော်လင့်ခြင်း hope က အစားထိုးဝင်ရောက်လာမှဖြစ်ပါတယ်။ ဒါဆိုမျှော်
လင့်ခြင်း ကဘာလဲ။
များသောအားဖြင့် မျှော်လင့်ခြင်းကို အကောင်းဖက်ကိုတွေးခြင်း၊ သဘာဝအကောင်းမြင်ဝါ
ဒအဖြစ်နားလည်လွဲကြပါတယ်။ ဒီနှစ်ခုစလုံးက မျှော်လင့်ခြင်းနဲ့ ဘာမှမဆိုင်ပါဘူး။ အကောင်း
ဖက်ကတွေးခြင်းက သူ့မှာ အောက်ခံ ဖေါင်ဒေးရှင်းမရှိပါဘူး။ ထီ‌ပေါက်ချင်လိုက်တာ၊ ကမ္ဘာ့အား
ကစားသမားရဲ့ ခန္ဓာကိုယ်မျိုးရချင်လိုက်တာဆိုပြီး ဆန္ဒရှိနိုင်ပါတယ်၊ ဒါမဲ့ဒီဆန္ဒမှာ မှီခိုနိုင်တဲ့
လက်တွေ့ဖြစ်ရှိတရားမရှိပါဘူး။ optimism အကောင်းမြင်ခြင်းမှာလဲ သဘာဝစိတ်နေစိတ်ထား
အပေါ်အခြေခံထားတာဖြစ်တယ်။ မျှော်လင့်ခြင်းနဲ့ ဘာမျှမဆိုင်ပါဘူး။ မျှော်လင့်ခြင်းက ဆန္ဓ wish
မဟုတ်ပါဘူး၊ စိတ်အခြေအနေ mood လဲမဟုတ်ပါဘူး။ မျှော်လင့်ခြင်းက လုံလောက်တဲ့ဖြစ်ရှိ
တရားအပေါ်အခြေခံထားဖို့လိုအပ်တဲ့ ဘဝအပေါ် အမြင် perspective on life ဖြစ်တယ်။ အဲဒီ
လုံလောက်တဲ့ တစ်ကယ်ဖြစ်ရှိသောအရာ sufficient reality က ဘာဖြစ်သလဲ။
ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းက ညစဥ်မြင်တွေ့ကြားရတဲ့ ကမ္ဘာ့သတင်းတွေအပေါ် အခြေမခံသင့်
ဘူးလို့ Jim Wallis ကပြောပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီသတင်းတွေက အမြဲတမ်းပြောင်းလဲနေ
မှာဖြစ်တယ်၊ တစ်ချို့ညတွေမှာ သတင်းတွေက အရမ်းဆိုးလွန်းတာကြောင့် မျှော်လင့်ခြင်းပေးဖို့
ဘယ်လိုမှမဖြစ်နိုင်ဘူးဖြစ်တယ်။ နေ့တစ်နေ့ရဲ့ညနေခင်းသတင်းမှာ ကမ္ဘာကြီးကပိုကောင်းလာတယ်၊
ပိုဆိုးလာတယ်ဆိုတဲ့အခြေအနေက အဆုံးမှာအရာအားလုံးကအဆင်ပြေသွားမယ်လို့ ယုံကြည်နိုင်
ရအောင် လုံလောက်တဲ့အကြောင်းတရားမဟုတ်ပါဘူး။ နောက်ညမှာ အခြေအနေတွေက လုံးဝ
ပြောင်းလဲသွားတာမျိုးဖြစ်နိုင်ပါတယ်။ မျှော်လင့်ခြင်းအတွက် လုံလောက်တဲ့အကြောင်းတရား
နှစ်ခုရှိတယ်ဆိုတဲ့ မေးခွန်းကို Pierre Teilhard de Chardin ကအခုလိုအကြံပြုခဲ့တယ်။
အဏုမြူဗုံးနဲ့ကမ္ဘာကြီးကိုဖေါက်ခွဲလိုက်ရင် ဘာဖြစ်သွားမလဲလို့မေးလာတဲ့အခါ သူကပြန်ဖြေတယ်။
အခြေအနေတွေက နောက်ကို နှစ်သန်းပေါင်းအနည်းငယ်လောက် နောက်ပြန်ဆုတ်သွားလိမ့်မယ်။
ဒါပေမဲ့ ကမ္ဘာကြီးအတွက် ဘုရားရဲ့စီမံကိန်းက ဆက်လက်ဖြစ်နေမှာဖြစ်တယ်။ ဘာဖြစ်လို့လဲ။
ဘာဖြစ်လို့လဲဆိုရင် ခရစ်တော်က ဒါကိုကတိပေးခဲ့တာဖြစ်ပြီး၊ ရှင်ပြန်ထမြောက်ခြင်းဖြင့် ဒီကတိ
ကိုအကောင်အထည်ပြုလုပ်နိုင်တဲ့အကြောင်းပါဝါကိုဖေါ်ပြခဲ့တယ်။ မျှော်လင့်ခြင်းက ဘုရားရဲ့ကတိ
God’s promise နဲ့ ဘုရား၏ ပါဝါ God’s power အပေါ်အခြေခံတာဖြစ်တယ်။
ဒါမဲ့ ကျွန်တော်တို့မျှော်လင့်ခြင်းထားနိုင်ဖို့ နောက်ထပ်အကြောင်းတရားတစ်ခုရှိပါသေးတယ်။ အဆုံး
မှာ အရာအားလုံးကအဆင်ပြေသွားမှာကို ယုံကြည်ခြင်းနဲ့ရှင်သန်နိုင်စေဖို့လုံလောက်တဲ့အကြောင်း
တရား ကျွန်တော်တို့ကိုပေးတဲ့ တစ်စုံတစ်ခု၊ မျှော်လင့်ခြင်းထားနိုင်ဖို့အခြေခံတဲ့တစ်စုံတစ်ခု ရှိနေတယ်။
အဲဒါက God’s inexhaustibility ဘုရား၏သုံးစွဲ၍ မကုန်နိုင်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့အောက်မှာ
စကြာဝဠာရဲ့အောက်မှာ ဘယ်အရာကမှ ကုန်ခမ်းသွားအောင် မသုံးပစ်နိုင်တဲ့ရေတွင်းတစ်ခုရှိနေတယ်။
ဘုရားရဲ့ ရေတွင်း divine well ကကိုကုန်ခမ်းသွားအောင်လုပ်နိုင်တဲ့အရာဘာတစ်ခုမျှမရှိပါဘူး။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *