ဒီကနေ့အတွက် “သံတာ ကလဲ ” ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။သူ၏အမည် အပြည့်အစုံမှာ “ကလဲအိုဖရေဒူး ချီ ယို” ဖြစ်သည်။ သူ့အား (၁၁၉၄) ခုနှစ်၊ အစီးစီမြို့၌မွေးဖွားသန့်စင်ခဲ့သည်။ တစ်မြို့တည်း သားစိန်ဖရန်စစ် ၏အတုယူအား ကျဖွယ်ကောင်း သောစွန့်လွှတ်ဆက်ကပ်သောအသက်တာကိုအားကျ၍၊ သူသည်လည်း (၁၂၁၂) အသက် (၁၈) နှစ်တွင်၊ ပိုင်ရာဆိုင်ရာဥစ္စာအ မွှေများအားလုံး ကိုစွန့်၍ နေအိမ် မှာထွက်သွားခဲ့သည်။ ထိုနေ့သည် မေတ္တာပန်းပွဲတနင်္ဂ နွေ နေ့ဖြစ်သည်။ စိန်ဖရန်စစ်ထံမှဝိညာဉ်ရေး လမ်း ညွှန်မူ များကိုနည်း လမ်းမှန်ကန်စွာခံယူပြင်ဆင် ပြီးနောက်၊ သီလရှင် အသက် တာကိုပြတ် သား ခိုင်မာစွာခံယူရှင်သန်ခဲ့သည်။ စိန်ဖရန်စစ်သည်ဖရန်စ္စ ကင် အသင်းကို တည် ထောင်သူဖြစ်လာခဲ့သကဲ့သို့၊ စိန်ကလဲသည် လည်းအမျိုး သမီးသီလရှင် အ သင်းကိုတည်ထောင်သူဖြစ် လာခဲ့သည်။ ထိုအသင်းကို “နွမ်းပါးသောကလဲ သီလရှင်များ” ဟုခေါ်သည်။ အဘယ် ကြောင့်ဆိုသော် လောကဥစ္စာ၊ ပကာ သနများ အားလုံးကိုစွန့်လွှတ်၍ အရိုးရှင်းဆုံး၊ အနှောင် အဖွဲ့များကိုနည်းနိုင် သမျှနည်းအောင် ကျင့် ဆောက်တည်ရင်း ဘုရားသခင် နှင့်ပိုမိုနီးစပ်ရန်၊ ဆု တောင်းခြင်းဖြင့် ဝိညာဉ်များအတွက်ဆက်ကပ်ပူဇော်နိုင်ရန်ဖြစ်သည်။ သူသည်နုပျိုချောမော သလောက် စည်းမျဉ်းဥပဒေများ၊ စင်ကြယ်ခြင်းနှင့်ချို့ခြံ ခြွေ တာခြင်း ပါရမီအသက်တာ၌လည်း ပီပြင်စွာရှင်သန် နိုင်ခဲ့ သူဖြစ်ပါသည်။ သူသည် (၁၂၅၃) ခုနှစ်တွင်ပျံလွန်သွားခဲ့ပါသည်။

ရှင်ဖရန်စစ်အစီးစီနှင့်ရှင်ကလဲအစီးစီးတို့၏ဘ၀ဇာတ်ကြောင်းကို ‘အစ်ကိုသူရိန်နေမင်း၊ နှမတော်စန္ဒာလမင်း’ ဗီဒီယိုတွင်ရင် သပ်ရူမော ဖွယ် ကြည့်ရူ့ခဲ့ရပါသည်။ သူတော်စင်တစ်ပါးဖြစ်လာရန်နှင့်ရ ဟန္တာဖြစ် လာရန် သူ၏ဘ၀အစမှာ ရုပ်ရှင်ဇာတ် လမ်းဆန်လှပါသည်။ သူအသက် (၁၅) နှစ် တွင်အိမ်ထောင်ရက်သားချပေးရန်မိဘများကအတင်းအကြပ် စီ စဉ်သည် ကို လွန်ဆန်၍၊ သူတော်စင်တစ်ပါးအဖြစ်ခံယူ ရန်အိမ်မှ ထွက်ပြေးခဲ့သည်။ သူ သည်ရှင်ဖရန်စစ်အစီးစီ၏တရား ဒေသနာကို ကြား နာပြီးနောက်ပိုင်း၊ လော ကအသက်တာကိုစွန့်လွှတ်ရန်ကြိတ်၍ကြံစည် နေခဲ့သည်။ ရှင်ဖရန်စစ်အ စီးစီ သည်ငယ် ရွယ်ပြီး၊ ချမ်းသာသောမိသား စုမှဖြစ်ခဲ့သည်။ သို့သော်ထာ၀ရ အသက်ကိုတွေ့ရှိလိုက်သောအခါ၊ မက်မော လှသောလော ကဥစ္စာ၊ ဂုဏ် များသည်ဘာမျှမဟုတ်တော့ပေ။ ထို့ကြောင့်ရှင်ကလဲသည် ရှင်ဖရန်စစ် အားအလွန်ကြည် ညိုလေးစား အား ကျခဲ့သည်။ ရှင်ဖရန်စစ်သည်သူ၏ ဝိညာဉ်ရေးလမ်းပြ ကောင်းဖြစ်ခဲ့ သည်။ အသက် (၁၈) နှစ်ပြည့် သောအခါ၊ တစ်ခုသော မဟူရာည ၌ကလဲ သည်ဖခင်၏အိမ်မှတိတ်တဆိတ်ပြေးထွက် ခဲ့ပါတော့သည်။ ထိုသို့ထွက် ပြေးလာစဉ်လမ်းခုလပ်၌ မီးတုတ်များကိုယ်စီကိုင်၍လမ်းခရီးမှပြန်လာသောရသေ့များနှင့် ပက်ပင်းတိုးမိသွားလေသည်။ ရသေ့များကကလဲအား ဟောင်းနွမ်းနေပြီဖြစ်သောပေါလ်ဆီအွန်ကူလာ (Portiuncula) အမည်ရ သောဘုရားကျောင်းဆောင် ငယ်သို့ခေါ်ဆောင် သွားပြီး၊ ဂုဏ်လျှော်ဖြင့် ရက် လုပ်ထားသောအင်္ကျိဖြင့်အအေး ဒဏ်ကိုကာကွယ်ရန်ခြုံပေးကြ သည်။ သူ ဆင်လာသော ရွှေခါးပတ်ကိုထုံးထားသောချည်ခါးပတ်ဖြင့် လဲ လည်ခဲ့သည်။ သူ၏ရွှေရောင်သန်းနေသောဆံပင်များ ကိုလည်းရှင်ဖရန် စစ် အားအပ်၍ ညှပ်ပစ်စေကာဘ၀တစ်ခုလုံးကိုဘုရားသခင်အား ဆက်ကပ်အပ်နှံခဲ့သည်။

အစပိုင်း၌ရှင်ကလဲကို ဘေနယ်ဒစ်တင်းရသေ့ကျောင်းတွင်ခေတ္တထား၍တရားအားထုတ်စေခဲ့သည်။ ကလဲ၏လုပ်ရပ်ကိုသိ သွားသော မိသားစု၀င် များ ကမီးပုံပေါ်ယမ်းကျသွားသည်သို့နှယ်ပေါက်ကွဲသောင်း ကျန်းပါ တော့သည်။ ကလဲသည်မစ္ဆား ပလ္လင်နားမှတစ်ဖဝါးမှမခွာ၊ ဆောင်းထားသောခေါင်း ဆောင်းကိုချွတ်ကာဆံချထားသော ဦးခေါင်း ကိုပြသလိုက်ပါသည်။ သူသည် မိသားစုနှင့်ပြန်လိုက်သွား ရန်ငြင်းဆန်ခဲ့ သည်။ ကလဲအိမ်မှထွက်ပြေးလာပြီး (၁၆) ရက်နေ့မြောက်တွင်သူ ၏ ညီမ အက်ညက်စ်ကလည်းတဖန်အစ်မဖြစ်သူ၏ လမ်းစဉ်ကိုလိုက် ရန် ရောက် လာပြန်သည်။ ထို့အတူအခြားသူများလည်း တစ်စတစ် စရောက် ရှိ လာကြ သည်။ ၄င်းတို့ သည်ရိုးရှင်း၊ ခြွေတာသောအသက်တာ၊ ပြင်းထန်သောဝါရှောင် ဆုတောင်း ခြင်း၊ ရှုပ်ထွေးပွေလီသောလောက ကြီးနှင့် အဆက်အ သွယ်လုံးဝြဖတ်တောက်သည့်အသက်တာကိုအတူ တကွကျင့်ကြံ ဖြတ်သန်းခဲ့ကြသည်။ ဤကျင့်စဉ်သည်ရှင် ဖရန်စစ်၄င်းတို့အားချမှတ်ပေးခဲ့ခြင်းဖြစ် သည်။ ကလဲအသက် (၂၁) တွင်မူ၊ ဘ၀တူရေ သ့သီလရှင်များအားဦးဆောင် စောင့်ရှောက်သောတာ၀န်ကိုရှင်ဖရန် စစ်ကကလဲအားပေးအပ်ခဲ့သည်။ ထို အမူတော်ကိုကလဲပျံလွန်ချိန် အထိ ထမ်း ဆောင်သွားခဲ့ရသည်။

ကလဲနှင့်သူ၏အဖော်များအဘယ်မျှကျင့်ကြံအားထုတ်သနည်းဟူ မူအေးစက်လှသောကြမ်းပြင်တွင်ခြေဗလာ ဖြင့်သွားလာ ခြင်း၊ ကြမ်းပြင် တွင် မည်သည့်အခင်းမျှမရှိဘဲအိပ်စက်ခြင်း၊ အသားကိုလုံး၀မစား ဘဲရှောင်ခြင်း၊ ဆိတ်ငြိမ် ခြင်းကိုအချိန် တိုင်း၊ နေရာတိုင်း၌စောင့်ထိန်း ခဲ့ကြသည်။ သို့သော် နာက်ပိုင်း၌မူထိုပြင်းထန်လှသောကျင့်ကြံအားထုတ်မူကိုပြန်လည်လျှော့ စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခနွာကိုယ်သည်ကြေးဖြင့်ထုလုပ်ထားသည်မဟုတ်ဟု ရှင်ဖရန်စစ်ကသူ၏ဘ၀တူ ရသေ့ များကိုသွန်သင်ခဲ့သကဲ့ သို့၊ ကလဲလည်းသူ၏ဘ၀တူရသေ့ သီလရှင်များကိုမိန့်ကြား ခဲ့သည်။ ၄င်း တို့၏ အဓိက ထောက်ရူ့ ဆင်ခြင် ရန်မှာဧဝံဂေလိ တရားတော်လာခြွေ တာ ခြင်းအသက်တာပင်ဖြစ်သည်။ ၄င်း တို့သည်ကိုယ်ပိုင်ဟုမည် သည့်အရာမျှ ပိုင်ဆိုင်ခြင်းမရှိကြ။ အား လုံးသည်ဘုံသုံးသည်။ နေ့စဉ်စားသောက်စရာ များ ကို မူအလှူခံထွက် ၍ရသမျှသောအလှူများဖြင့် စားသောက်ခဲ့ရသည်။ ကလဲ ၏ကျင့်စဉ် သည်အလွန်ပြင်းထန်နေသေးသော ကြောင့်ရဟန်းမင်းကြီး ကလျှော့ ရန်တိုက်တွန်း သော်လည်း၊ သူ၏ဆုံးဖြတ်ချက်ကိုတိ ကျစွာဖော် ဆောင် ရန်ဆုံးဖြတ်ထား သောကြောင့်အထမမြောက်ခဲ့ပေ။ ‘ငါသည် ငါ့အ ပြစ်အ တွက်ခွင့်လွှတ်ခြင်းရရန်လိုအပ်သည်။

ကလဲနှင့်ဘ၀တူရသေ့သီလရှင်များသည်အစီးစီမြို့ရှိရှင်ဒါမီယံ ဘုရား ကျောင်းအိုကြီးကိုပြန်လည်မွှမ်းမံ၍သီတင်းသုံး ခဲ့ကြသည်။ ကလဲနှင့်ရသေ့ သီလရှင်များသည်မကျန်းမမာသူများ၊ အလှူခံ ထွက် ၍ပြန် လာသောဘ၀တူ ညီမသီလ ရှင်များ၏ညစ်ပတ်နေသောခြေ ထောက်များကိုဆေးပေးလေ့ရှိ သည်။ သူသည်ဆုတောင်းခြင်းပြု အပြီး ထွက်လာပါကသူ ၏မျက်နှာသည် ရောင်ဝါတောက်ပလျှက်ရှိသည်။ သို့သော်သူသည်ဆိုးဝါသော ကျန်းမာရေး ချို့တဲ့သည့်ကားတိုင်ကို (၂၇) နှစ်ကြာထမ်းခဲ့ရသည်။ ကလဲ၏ပါရမီ ကျင့် ဆောက်တည်နိုင် အားကြောင့်၊ ရဟန်းမင်းကြီးများ၊ ရဟန်းအမတ်များ၊ ဆ ရာတော်များသူ့ထံလာ၍အကြံကောင်း ဥာဏ်ကောင်းများလာတောင် ဆွေးနွေးတောင်း ခံလေ့ရှိသည်။ ကလဲသည် စိန်ဒါမီယံဘုရားကျောင်း၏လေး ဖက် နံရံ၏ပြင်ပသို့ခြေမချ၊ မရောက်ဖူးခဲ့ချေ။ ဖရန်ကသူ့အားအမြဲသတိပေးသ ကဲ့သို့၊ အကြံ ကောင်းဥာဏ်ကောင်းများကိုပေးလေ့ရှိသည်။ ကလဲသည်ရှင် ဖရန်စစ်ချမှတ်သောစည်းမျဉ်းစည်းကမ်းများအားလုံးကို နားထောင်နာ ခံခဲ့ သည်။

ကလဲ၏ဘုရားသခင်အားပြုသောဆုတောင်းခြင်းနှင့်ဘုရား သခင် အပေါ်ထားရှိခဲ့သောယုံကြည်မူသည်အလွန် ကျော်ကြားလှ သည်။ ခရူးဆိတ် စစ်ပွဲကာလအတွင်း၌ခရူးဆိတ်စစ်သည်များဘေး ကင်း လုံခြုံ စြရန်နှင့်စစ်ပွဲအမြန်ဆုံး အောင်မြင်ပြီးဆုံးရန် အတွက်သီလ ရှင်ကျောင်း ၏နံရံများ တွင် ကိုယ်တော်မြတ်ကိုဌာပနာ၍ကိုးကွယ်ခြင်းကိုအ ချိန် တိုင်းပြု လုပ်စေခဲ့သည်။ သူနှင့်အတူဘ၀ညီမသီလရှင်များအား ကိုယ်တော်မြတ်ရှေ့၌သီဆိုဆုတောင်းခိုင်းလေ့ရှိသောဆု တောင်းချက် ကား ‘အိုသခင် ကိုယ်တော်ကြည်ဖြူ လက်ခံ တော်မူပါ။ ကြမ်းကြုတ်ရက် စက်သောအရိုင်းအစိုင်းတို့၏ရန်မှ အကာအ ကွယ်မဲ့နေသော၊ ကိုယ် တော်၏ချစ်ခြင်းကိုသုံးဆောင် လျှက်လူဖြစ်နေသော တပည့်တော်တို့ကိုကယ်နုတ် တော်မူပါ။ တပည့်တော်တို့ အကာအကွယ် မပေးနိုင် သောသူတို့ကိုကာကွယ်ပေးတော်မူပါရန်တပည့်တော်တို့တောင်း လျှောက်အသနားခံပါသည်’ ဟုဖြစ်ပြီး၊ ‘မကြောက်နှင့်။ ယေဇူးကိုသာကိုး စားယုံကြည်ပါ။ အရိုင်းအစိုင်းများထွက်ပြေးရ ပါလိမ့်မည်’ ဟုလည်းသူ၏ ညီမသီလရှင်များကိုအားပေးမိန့်ကြားလေ့ရှိသူဖြစ်သည်။

ကလဲ၏လောကအသက်တာ (၄၁) နှစ်တွင်ဖြူစင်ခြင်းအ သက် တာ ဖြင့်တန်ဆာဆင်နိုင်ခဲ့သည်။ စာပန်းချီရေး သီ၍မမှီသော ရိုးရှင်း လှ သည့်ဘ၀ ကိုရှင်သန်ခဲ့သည်။ ဧဝံဂေလိတရား၏အသက် တာ ကိုရှင်ဖ ရန်စစ်အစီး စီ သင်ကြားပေး သည့်အတိုင်း လုံးစေ့ပတ်စေ့ကျင့်ကြံ အား ထုတ်ရှင်သန် ခဲ့ သည်။ သူခံယူရန်ဆုံးဖြတ်ထားသောဘ၀တစ်ခုမှ နောက်ဆုတ် တပ်ခေါက် သွားရန်အကြိမ်ကြိမ်အကြောင်းဖန်လာသော လည်းလွယ်လွယ်ဖြင့်အရှုံးမပေးခဲ့သောအဂအမျိုးသမီးတစ်ဦးဖြစ်သည်။ ခြွေတာခြိုးခြံသော အသက် တာနှင့်နှိမ့်ချခြင်းအသက်တာကို လွန်စွာခုံ မင်ခဲ့သူဖြစ်သည်။ ဆုတောင်းခြင်း ပြုရာ တွင်လည်းအလွန်စိတ်အား ထက်သန်သူ၊ ဘ၀တူညီမသီလရှင်များ၏ ဘ၀ကိုလည်းမိခင်သဖွယ်၊ အစ်မကြီးသဖွယ်အစဉ် တွေးတော၍စီမံကြံစည်ပေး တတ်သူဖြစ်ခဲ့ပါ သည်။

rvamyanmar
rvamyanmar
Articles: 702

Leave a Reply

Your email address will not be published. Required fields are marked *