ဖာသာရ် Paschal သီကိုရှင်(စလေးရှင်း)သာမန်ကာလ (၁၀) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၇၊ ၆၊ ၂၀၂၂
ဘုရားသခင်က သူဖန်းဆင်းထားတဲ့အရာရာတိုင်းကို သူ့ရည်ရွယ်ချက်နဲ့သူ ဖန်းဆင်းပေးထားခြင်းဖြစ်ပါတယ်။
ဘယ်အရာကမှ အဓိပ္ပါယ်မဲ့ ဖြစ်တည်လာတာ၊ဖန်ဆင်းလိုက်တာမျိုး မရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်ဆင်းထားတာမို့
ရည်ရွယ်ချက်အတိုင်း အသက်ရှင်နေရမှာဖြစ်ပါတယ်။ သီးပင်စားပင်တွေလည်း သူ့အချိန်တန်ရင် သူသီးရမယ့်အသီးကို သီးမှ
ဖန်ဆင်းခံတာဝန်ကျေပွန်မှာပါ။ လူကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ဖန်ဆင်းခဲ့တယ်။ ကျေးဇူးတော်တွေပေးထားတယ်။
ဒါကြောင့် ဘုရားဖန်ဆင်းထားတဲ့ရည်ရွယ်ချက်အတိုင်း လူက အသက်ရှင် နေထိုင်ဖို့လိုတယ်။ အရိုးရှင်းဆုံး ဥပမာကိုပဲ ကြည့်ပါ။
အိမ်မှာရှိတဲ့ မီးလုံးတွေ၊ မီးချောင်းတွေဝယ်ပြီးတပ်ထားတာ အိမ်ကို အလင်းရောင်ရစေချင်လို့ပဲ။ အဲ့ဒီ မီးသီးမီးလုံးတွေက အလင်
းမပေးနိုင်ရင်တော့ ဖြုတ်ပြီး လွှင့်ပစ်လိုက်မှာပဲ။ ခြံစည်းရိုး ခတ်ထားတာ အိမ်ကို လုံခြုံစေချင်လို့။ လုံခြုံမှုမပေးနိုင်ရင်တော့ ဖျက်ပြီ
း တစ်ခြား တစ်ခုအစား ထိုးရမှာပဲ။ ပစ္စည်းတွေ တောင် သူ့ရည်ရွယ်ချက်နဲ့သူရှိတယ်။ လူကိုလည်းပဲ ဘုရားသခင်က ရည်ရွယ်ရှိတယ်။
သင်တို့သည် လောက၏ ဆားများဖြစ်ကြ၏။ ဆားဆိုတာ အပုပ်အသိုးကိုတားဆီးနိုင်တယ်။ အငံဓါတ်ကို ပေးတယ်။ ဟင်းပွဲတွေကို
အရသာရှိပြီး လေးနက်မှုကိုဖြစ်စေတယ်။ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဆားဖြစ်ပြီး အငံဓါတ်ပျောက်ရင်တော့
ဘာလို့သုံးတော့မှာလဲ။ မြေကြီးပေါ်လွှင့်ပစ်လိုက်ကြ မှာပဲ။ နောက်တစ်ခုက သင်တို့သည် လောက၏ အလင်းများဖြစ်ကြ၏။ အလင်းဆိုတာ
လူတိုင်းအတွက် အရေးကြီးတယ်။ အမှောင်ထဲမှာ လူဟာ စမ်းတဝါးဝါးနဲ့ သွားလာလို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ အလင်းရှိမှ တန်းတန်း
မတ်မတ် မထိမတိုက်ဘဲ သွားနိုင်မယ်။ လုပ်စရာရှိတာ လုပ်နိုင်မယ်။ လူ့ရဲ့ ဘဝကိုလမ်းပြပေးတာ အလင်းပဲ။ ဒါကြောင့် ကျွနု်ပ်တို့တွေဟာ
သူများတွေရဲ့ ဘဝတွေကို လမ်းပြပို့ဆောင်ပေးနိုင်တဲ့ လောကရဲ့ အလင်းတွေဖြစ်ရမယ် လို့ သခင်ယေဇူးက တရားပေးထားခြင်းဖြစ်ပါတယ်။
သူများတွေအတွက် ဆားမဖြစ်ခင်၊ သူများတွေအတွက် အလင်းမဖြစ်ခင်၊ အနည်းဆုံး ကိုယ့်ဘဝအတွက် ဘာတွေများ လေးလေးနက်နက်နဲ့
အကျိုးရှိအောင် နေထိုင်ပြုလုပ်ခဲ့ပြီလဲ။ ဘဝအလင်း၊ ညာဏ်အလင်း၊ ဝိညာဉ် အလင်းတွေကြွယ်ဝဖို့ ဘာတွေများ ကြိုးစား ဆည်းပူးအားထုတ်ခဲ့ပြီးပြီလဲ။
သေချာစဉ်းစားပါ ဓမ္မမိတ်ဆွေတို့၊ လောကအတွက် ဆားလည်းမဖြစ်၊ အလင်းလည်း မပေးနိုင်ရင် အလကား ဆန်ကုန်မြေလေး အီးဘောလောကြီးပဲ
ဖြစ်နေပါလိမ့်မယ်။ အနည်းဆုံး ကိုယ့်ရဲ့ မိသားစု၊ အသိုင်းဝိုင်း ပတ်ဝန်းကျင်အတွက် လုပ်နိုင်တာလေးတွေလုပ်ပြီး အကျိူးပြုနေမှသာ လောကရဲ့ ဆား ၊
လောကရဲ့ အလင်းတွေဖြစ်ကြမှာပါ။ ဒီယနေ့ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တရားတော်ကို နားယူပြီး ဆားကဲ့သို့ အလင်းကဲ့သို့ အများအတွက်
အကျိုးပြုနိုင်သူများဖြစ်ကြပါစေ။