ကလေးငယ်လေးတွကို မိဘတွေက sex education လိင်ပိုင်းဆိုင်ရာ အသိပညာကို ဘယ်လို သင်ပေးရင် ကောင်းမလဲ

Sex education for children
လိင််ပိုင်းဆိုင်ရာ အသိပညာ
    ဒီနေ့မှာ အသက် ၂ နှစ်မှ ၈ နှစ်အောက်ထိရှိတဲ့ကလေးငယ်လေးတွကို မိဘတွေက sex education လိင်ပိုင်းဆိုင်ရာ အသိပညာကို ဘယ်လို သင်ပေးရင် ကောင်းမလဲဆိုတဲ့ အကြောင်းအရာနဲ့ message ပေးချင်ပါတယ်။
    Sex education ဆိုတာက အင်္ဂလိပ်လိုတော့ about sex and sexuality လိင်ပိုင်းဆိုင်ရာနဲ့ ဖို၊ မ၊ လက္ခဏာတို့ကို ကိုယ့်ရဲ့ သားငယ် သမီးငယ်လေးတွေကို ဒီနေ့ခေတ်မှာ တပ်အပ်စွာ သိနေဖို့လိုနေပါပြီ။
    ကျွန်မတို့ငယ်ငယ်တုန်းက သိဖို့မလိုခဲ့ပေမဲ့ ဒီနေ့ ၂၁- ရာစုမှာ သိနေပါမှ မိမိကိုယ်မိမိ ဒီသိထားတဲ့ Sex education အသိနဲ့ ကာကွယ်နိုင်မှာပါ။ သားငယ်၊ သမီးငယ်လေးတိုင်း သိထားသင့်တဲ့ အသိပညာပါ။
    ကျွန်မတို့ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်မှာတော့ မိဘကိုယ်တိုင် ဒီ sex education အကြောင်း ပြောရမှာ အင်မတန်မှ ကသိကအောင့်နိုင်တဲ့အတွက် ဝန်လေးကြပါတယ်။
    ဒါပေမယ့် ကလေးငယ်လေးတွေ သိထားမှ ကျရောက်လာမဲ့ အန္တရာယ်ကို မိမိဖာသာ မိဘတွေနဲ့ လက်လွတ်တဲ့ အချိန်မှာ ကာကွယ်လို့ရမှာပါ။
    ကလေးတွေဆိုတာက တစတစနဲ့ ခန္တာကိုယ်ရော ဦးနှောဏ်ပါ develop ဖွံ့ဖြိုးတိုးတက်လာတာပါ။
    ဒီနေ့ခေတ်မှာ သမီးရော သားပါ အနီးကပ်မိခင်က နာလည်းအောင် ပြောပြရမယ်။ သင်ပေးရမယ် သင်ပေးပြီးပြီပဲ တတ်မှာပါလို့ ပေါ့ပေါ့တန်တန် မတွေးမိစေဖို့လိုပါတယ်။ မိခင်(၀ါ) မိဘက သင်ထားတာကို တတ်ပြီးလာ သိပြီးလား (ဘယ်လိုကာကွယ်ရမယ် ဆိုတာကို) ပြန်မေးရပါအုံးမယ်။
    ဒါဆိုရင် သားသမီးကို ဒီ sex education  သိအောင် တတ်အောင် ဘယ်လိုစပြီး ပြောပြသင်ပေးမလဲ။
    ကျွန်မ ဒီနေ့တင်ပြပေးချင်တာက လိင်ပိုင်းဆို်င်ရာအကြောင်းမဟုတ်ပါဘူး။ ဖို၊ မ လက္ခဏာ ဆိုတဲ့ အကြောင်းအရာပါ။
    ကလေးတွေက တဖြည်းဖြည်းကြီးလာတဲ့အခါမှာ ဒီ ဖို၊ မ လက္ခဏာကလည်း develop ဖွံ့ဖြိုးကြီးထွားလာတယ်။ ဒီလိုကြီးထွားလာတဲ့ ဖိုမလက္ခဏာကို ဒီခလေးငယ်က သိဖို့လိုတယ်။ သိထားမှ ဒီကြီးထားလာတဲ့ ဖိုမလက္ခဏာကို မိမိ ကိုယ်တိုင်ထိန်းသိမ်းရမယ်။ ဒီလိုထိန်းသိိမ်းတတ်မှ အများရဲ့ ရိုသေခံရတဲ့ relationship ကိုရမယ်ဆိုတာကို ပြောပြပေးထားရပါမယ်။
    ကလေးရဲ့ အသက်အရွယ် level လိုက်ပေါ့နော်။ ဥပမာ အသက် ၂ နှစ် အရွယ်ဆိုရင် ကျား၊ မ လက္ခဏာတွေမတူဘူး ကွဲပြားတယ်ဆိုတာ ကလေးကသိနေရမယ်။ သူတို့လည်း သိမှာပါ။ ကလေးကို ရေချိုးပေတဲ့ အချိန် အဝတ်အစားလဲပေးတဲ့ အချိန်တွေမှာ ခန္ဓကိုယ် အစိတ်အပိုင်းတွေရဲ့ ဖို၊ မ လက္ခဏာတွေရဲ့ ခေါ်ဝေါ်ပုံပြောပြရမယ်။ သင်ပေးရမယ် sexuality and Bodies ပေ့ါနော်။ ခွဲခြားတတ်အောင်လို့ပါ။ 
    ဒီအရွယ်လေးတွေက သူ့ရဲ့ ကိုယ်ခန္ဓာနဲ့ အခြားသူရဲ့ ခန္ဓာကိုယ် မတူဘူးဆိုတာ သိပြီးသား ကျား၊ မ ကွဲပြားတယ်ဆိုတာလဲ သိနေတယ်။
    မိမိကလေးကို ဒီအောက်ပိုင်းပစ္စည်းရဲ့ ခေါ်ဝေါ်ပုံအမည် ကျား၊ မ ခွဲပြီး ပြောပြရမယ်။ ဒီပစ္စည်း တွေက လူအများမြင်တွေ့ရမဲ့ ပစ္စည်းမဟုတ်ဘူး။ ရေချိုးပြီးရင် ရေချိုးခန်းထဲက ထွက်ရင် မျက်နှာသုတ်ပုဝါနဲ့ ဖုံးအုပ်ပြီးမှ ထွက်ရမယ်။ အရင်ဆုံး အောက်ပိုင်း အဝတ်အစားကို အရင်ဝတ်ရမယ်။ ဒီနေရာတွေကို မေမေကလွဲလို့ အခြားသူ ထိရင်ကိုင်ရင် မေမေကို ပြောပြရမယ် မဖုံးကွယ်ထားရဘူး။ အဲဒီလိုလေး ပြောပြရင် သူတို့က နားလည်းလာမှာပါ။
    ဒီလိုနဲ့ ၃ နှစ်ကျော် ၄ နှစ် ရောက်လာတဲ့အခါ ကလေးတယောက်ဟာ သူတို့မိခင်ရဲ့ ဝမ်းဗိုက်ကနေ ထွက်လာတယ်ဆိုတာ သူတိို့ သိချင်နေမယ် မူကြိုကျောင်းကိုလည်း စတတ်ပြီဆိုတော့ ကလေးက မေမေရဲ့ ဝမ်းဗိုက်ထဲကနေ အကြာကြီးနေပြီး ကြီးထွားလာပြီးတော့မှ အပြင်ကို ရောက်လာတာ။ ဝမ်းဗိုက်ကို ထောက်ပြပြီးတော့ ပြောပြပေးရမယ်။ ဒါကြောင့် ဒီအောက်ပိုင်နေရာက အရေးကြီးတယ် ကျောင်းက သူငယ်ချင်းပဲ ဖြစ်ဖြစ် တခြားလူစိမ်းတွေ ဦးဦးတွေ မကိုင်ရမထိရဘူး။ လာထိရင်လည်း No ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောရမယ်။ လာထိရင် မေမေ့ဖြစ်ဖြစ် ဖေဖေကိုပဲ ဖြစ်ဖြစ် ချက်ချင်းပြောပြရမယ်။ ဘယ်သူ့ကိုမှ မကြောက်ရဘူးလို့ပြောပြထားပေရမယ်။ ကလေးတစ်ယောက်အနေနဲ့ မိမိရဲ့ အပေါ်ပိုင်း (ဝါ) အာက်ပိုင်းကို လူစိိမ်းက လာထိတာဟာ မကောင်းဘူး လက်မခံရဘူးဆိုတဲ့ အသိဟာ ကလေးတစ်ယောက် မိဘနဲ့ ဝေးတဲ့အချိန် သူ့ကိုယ်သူကာကွယ်တတ်ဖို့ သူဘဝအတွက် အရေးပါဆုံး အချက်တစ်ခုပဲ မဟုတ်လား။ 
    ၈ နှစ်လောက်ရောက်သွားရင်တော့ မိခင်ကို မေးခွန်းတွေအများကြီးမေးတတ်လာပြီး ဥပမာ မေမေ့ ဗိုက်ထဲကိုကလေးကဘယ်လိုရောက်လာတာလဲ။ အဲဒီလိုမေးလာရင် ဖို မ ဆက်ဆံရေးဆိုတာ ရှိတယ်။ မိန်းကလေးနဲ့ ယောကျင်္ားလေးရဲ့ အောက်ပါ ပစ္စည်းချင်းထိတွေ့ရင် အခုလို မိန်းမကလေး ဗိုက်ထဲမှာ ကလေးဖြစ်လာတယ်။ ဒါကြောင့် မပဲ ဖြစ်ဖြစ် ကျားပဲဖြစ်ဖြစ် ဒီအောက်ပိုင်းကို တစိမ်းတွေမကိုင်းရ မထိရဘူး။ No လို့ ပြောရမယ်လို့ အသိပေး သင်ပေးပြီး တတ်အောင် နာလည်းအောင် သေသေချာချာ ပြောပြရပါမယ်။
    ကျွန်မအနေနဲ့က အခုလိုပြောရလို့ သောတရှင်တို့အတွက် ရင့်သီးသွားမယ် ဆိုရင် နားလည်းပေးပါ။ ဒါဟာ ကလေးတစ်ယောက်ရဲ့ personnal Safty Skill တွေပဲ မဟုတ်လား။ 
    ၈ နှစ်ကျော်သွားပြီးဆိုရင် ကလေးက နည်းနည်းသိလာပြီး  အဲဒီချိန်မှာ မိခင် (ဝါ) မိဘပဲဖြစ်ဖြစ် ဒီထက်အသက်ကြီးလာရင် ဒီထက်ပြောင်းလဲအုံးမှာ ဒီလိုပြောင်းလဲတာဟာ လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပဲ ကလေးကြီးလာရင်း ပိုပိုသိလာမယ်လို့ ပြောပေးထားရပါမယ်။
    ဒါကြောင့်မို့ မိမိကလးမွေးကင်းစမှာကတည်းက မိဘ(ဝါ) မိခင်က ညင်သာစွာ ပြုစုစောင့်ရှောက် ပေးပါ။ ကလေးငိုရင် အပြုံးတွေများများနဲ့ ပွေ့ဖက်ထားပေးပါ။ မိခင် (ဝါ) မိဘက ဒီလိုပြုမှုပေးတဲ့အတွက် မိဘက သူ့ကိုချစ်ပါလား သူဟာချစ်စရာကောင်းတဲ့ သူတစ်ယောက်ပါလားဆိုတာ သူ့ကိုယ်သူသိလာပြီး သူကိုယ့်သူတွေးတောတတ်လာတယ်။ Self esteem ပေ့ါနော် တဖြည့်ဖြည့်နားလည်းလာတယ်။
    ဒါကြောင့်မို့ မွေးကင်းစအရွယ်ကစလို့ မိဘတွေက အခြေခံ healthy self esteem တွေနဲ့ ပြုစု စောင့်ရှောက်မယ်ဆိုရင်ဖြင့် ကျွန်မတို့ တိုင်းပြည်မှာ အခုဖြစ်ပျက်နေတဲ့ သက်ငယ်မုဒိန်းမှုတွေ လျော့ပါးသွားမှာပါဆိုတဲ့ message ပေးရင်း နိဂုံးချုပ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *