အဘယ်ကြောင့်သန့်ရှင်းသောရက်သတ္တပတ်ဟုခေါ်ရသနည်း။

အဘယ်ကြောင့်သန့်ရှင်းသောရက်သတ္တပတ်ဟုခေါ်ရသနည်း။
အမိကက်သလစ်သာသနာကြီးသည် ယမန်နေ့ ယေဇူးသခင်ဂျေရုဆလင်မြို့သို့ခမ်းနားစွာငြိမ်းချမ်းရေးဘုရင်တစ်ပါး၏အဆောင်အယောင်အပြည့်ဖြင့်ကြွဝင်၍ သန့်ရှင်းသောရက်သတ္တပတ်ကိုအစပြုလိုက်ပြီဖြစ်သည်။
အဘယ်ကြောင့်သန့်ရှင်းသောရက်သတ္တပတ်ဟုခေါ်ဆိုရသနည်းဟုမူ
၁။ နဂ်နွေနေ့ – ယေဇူးသခင်ဂျေရုဆလင်မြို့ထဲသို့ခမ်းနားစွာကြွဝင်ခြင်း၊
၂။ သန့်ရှင်းသော တနလ်လာ – မာရိယာသည်ယေဇူးသခင်၏ခြေတော်ကိုနာဒုဆီမွှေးဖြင့်လူးမှတ်ပေးခြင်း၊
၃။ သန့်ရှင်းသောအဂ်ါနေ့ – ယေဇူးသခင်သည် ယုဒအီစကာရီရုတ်၏ရောင်းစားခြင်းခံရမည့်အကြောင်းကြိုတင်မန့်ကြား၊
၄။ သန့်ရှင်းသောဗုဒ္ဓဟူးနေ့ – ယုဒသည်ဆရာသမားကိုအလိုရှိနေသောရဟန်းအကြီးအကဲတို့အား ကောင်းစားလိုက်သည်။
၅။ သန့်ရှင်းသောကြာသပတေးနေ့ – ယေဇူးသခင်သည် တပည့်တော်ကြီးများနှင့်နောက်ဆုံးညစာစား ပွဲ၌အချင်းချင်းချစ်ရန်ပညတ်တော်သစ်ကိုပေး သည်။ ကိုယ်တော်မြတ်စက္ကရာမင်တူး (မစ္ဆားတရားကိုတည်ထောင်) နှင့်ရဟန်းသိက္ခာစက္ကရာမင်တူးကိုလည်းတည်ထောင်လိုက်သည်။
၆။ ကောင်းမြတ်သော သောကြာနေ့ကြီး – ယေဇူးသခင်ဒုက္ခခံ၍သက်တော်ကုန်ဆုံးတော်မူသည်။
၇။ အမှောင်လွှမ်းသော စနေနေ့ – ယေဇူးသခင်၏အသက်မဲ့ခန္ဓာတော်ဂူထဲ၌လှောင်းစက်နေသည်ကိုထောက်ရူဆင်ခြင်ရမည်။
၈။ ယေဇူးသခင်သေခြင်း၊ အပြစ်နှင့်မကောင်းမှုများကိုအောင်မြင်ပြီး၊ သူသည်ဘုရားဖြစ်ကြောင်း
သက်သေပြလိုက်သည်။
ဤသို့မဂ်လာရှိသောနေ့ရက်များဖြင့်ဖွဲ့စည်းထားသောကြောင့် သန့်ရှင်းသောရက်သတ္တပတ်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။
ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of Google images