အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင်
မိန်းမပျိုတစ်ယောက်
ကားတစ်စီးကို
ကိုယ်တိုင်မောင်းနှင်နေသည်။
သူမဘေးထိုင်ခုံမှာတော့
သူမ၏အဖေထိုင်နေ၏။
သူမသည်ကားမောင်းလာခဲ့ရာ
ခရီးအတော်ရောက်လာတော့
သူမတို့သားအဖနှစ် ယောက်
မုန်တိုင်းတစ်ခုထဲ ရောက်မှန်းမသိ
ရောက်လာမိကြတယ်။
မိန်းကလေးက သူမအဖေကို
မေးလိုက်တယ်။
” အခု ဘာလုပ်သင့်သလဲ… ဖေဖေ ”
” ကားကို….ထိန်း
မောင်း…သမီး”
ဒီလိုနဲ့…သူမက ကားကိုထိန်းမောင်းရင်း…
မီတာအတော်ရောက်လာတော့
တခြားကားတွေ လမ်းဘေးမှာ
ရပ်နားဖို့ပြင်ဆင်နေတာကို တွေ့ရတယ်..
မုန်တိုင်းက အတော်လေးဆိုးလာတာကိုး။
မိန်ကလေးလည်း အနည်းငယ်
ကြောက်စိတ်၀င်လာပြီး
သူမအဖေကို ထပ်မေးတယ်။
” ဖေဖေ ….သမီးတို့လည်းပဲ …
လမ်းဘေးမှာ
ရပ်နားရင် ကောင်းမယ်နဲ့တူတယ်နော် ”
” မရပ်နဲ့သမီး…ကားကို ထိန်းမောင်း..ပါကွယ်”
မိန်းကလေးလည်း ကားကို
ထိန်းသိမ်းမောင်း
နှင်လာရာ မိုင်အတော်များများ
ခရီးရောက်ခဲ့၏။
မုန်တိုင်းလည်း အတော်လေးပြင်းပြင်းထန်ထန် တိုက်နေ၏။
ကားအတော်များများလမ်းဘေးမှာ
ရပ်နားနေတာကို သူမကြည့်ရင်း
ကားအရှိန်လျှော့လိုက်ပြီး
”ဖေဖေ ….အခုချိန်ဟာ
ကားကိုလမ်းဘေးမှာ
ရပ်နားဖို့သင့်ပြီလို့ထင်တယ်…
မုန်တိုင်းကပိုဆိုးလာပြီး
ရှေ့မြင်ကွင်းကလည်းဖုန်တွေနဲ့
လမ်းကိုသဲသဲကွဲကွဲ…
မမြင်ရတော့ဘူး ” ဟု
သူမ၏
အဖေကို ထပ်ပြောလိုက်သည်။
” မရပ်နဲ့သမီး…ကားကို ထိန်းမောင်း..ပါကွယ်”
သူမသည်သူမ၏အဖေပြောသလို
ကားကိုဆက်လက်ထိန်းမောင်းခဲ့တယ်။
မုန်တိုင်းက
လည်း….ပို၍ပို၍ ဆိုးလာသလို
သူမ ရှေ့
မြင်ကွင်းကိုကြည့်ပြီး…
ကားကိုထိန်းမောင်းရတာပိုမိုပြီး
ခက်ခဲလာတယ်
လမ်းဘေးလုံခြုံတဲ့နေရာမှာ
ကားကိုရပ်လိုက်ပြီး နားနေရင်
ကောင်းမယ်လို့
သူမစဉ်းစားနေမိတယ်
ဒါပေမယ့်…သူမက …
ကားကိုဆက်လက်ပြီး
ထိန်းမောင်းလာခဲ့တယ်…
သူမက …ဆိုးဝါးတဲ့မုန်တိုင်းထဲမှာ
ကားကိုသတိကြီးစွာထိန်းမောင်းရင်း…
သူမရှေ့မြင်ကွင်းဟာ
တဖြည်းဖြည်းကြည်လင်လာတယ်
အတော်လေးမောင်းမိတော့…
သူမတို့ မုန်တိုင်း
ကင်းလွတ်ပြီးခြောက်သွေ့သာယာတဲ့
လမ်းမပေါ်ရောက်နေတာကိုတွေ့ရတယ်…
ဒီအချိန်မှာ…သူမအဖေကပြောတယ်
“သမီးရေ.
ကားကိုလမ်းဘေးချရပ်ပြီး
အပြင်ထွက် ကြရအောင် ”
”ဘာလို့လဲ…ဖေဖေ…
သမီးတို့ မုန်တိုင်းထဲက
လွတ်လာပြီလေ ”
အဖေက ပြုံးပြီး…ပြန်ပြောတယ်
” သမီးရေ….
စောစောက လမ်းဘေးမှာ
ရပ်ထားခဲ့တဲ့ကားတွေဟာ
အခုချိန်ထိ မုန်တိုင်းထဲမှာ
ပိတ်မိ
ရုန်းကန်နေကြရသေးတာကို
သမီးကားထဲကနေ..
အပြင်ထွက်ကြည့်တဲ့အခါ
တွေ့လိမ့်မယ်
သမီးရဲ့ဘ၀မှာလည်း..
မုန်တိုင်းလိုမျိုး ဆိုးဝါးတဲ့
အခက်အခဲတွေကို
ဘယ်တော့မှ အရှုံးမပေးနဲ့ သမီး
ရှေ့ဆက်သွားပါ အခုလို..
မုန်တိုင်းကိုဖြတ်ကျော်ခဲ့သလိုမျိုးပေါ့…ကွယ် ”
ဘ၀ခရီးလမ်းတလျှောက်မှာ
စိတ်ဖိစီးမှုတွေ
စိတ်ပျက်အားငယ်စရာ
အတွေ့အကြုံတွေ၊
တွေ့ကြရမှာအသေအချာပါပဲ။
ဘ၀ရဲ့ခက္ခဲတဲ့
အချိန်ကာလတွေကို
ဖြတ်ကျော်နေစဉ်မှာ
လူအများစုက စိတ်ပျက်
အားလျှော့တတ်ကြတယ်
မုန်တိုင်းထဲမှာ ပိတ်မိခံပြီး
ရပ်နားနေတဲ့ကားတွေလိုပဲ
ရုန်းမထွက်နိုင်ကြတော့
အချိန်အကြာကြီး ပိုမိုခက်ခဲစွာ
ရုန်းကန်နေကြရတယ်။
အခက်အခဲတွေကို အရှုံးမပေးပဲ
ရုန်းကန်
ဖောက်ထွက်ခြင်းဟာ
အောင်မြင်မှုတံခါးကို
ဖွင့်တဲ့သော့ချက်တစ်ခုဖြစ်တယ်
လူတိုင်း
လူတိုင်းမှာ အောင်မြင်မှုတံခါးကို
ဖွင့်လှစ်တဲ့သော့တစ်ချောင်းစီ
ပါကြပါတယ်.အဲ့ဒါကတော့ …
ခက်ခဲတဲ့အချိန်တွေကို တည်
တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး
ဖောက်ထွက်တဲ့နည်းပါပဲ
သင်ကြိုးစားရုန်းကန်နေသ၍
အောင်မြင်မှု
တံခါးဆီကို တရွေ့ရွေ့
ချဉ်းကပ်နေတာပါ
ကြိုးစားမှု အားထုတ်မှု
ရပ်တန့်လိုက် မှသာ ရှုံးနိမ့်သွားတာပါ…
သင်တို့ဘ၀မှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်
နိုင်ကြပါစေ…

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *