သားယောကျ်ားလေးတွေကို စာအုပ်စာပေ ဖတ်ရှုတဲ့ အလေ့ အကျင့်ရအောင် ဘယ်လိုကူညီထောက်ပံ့ပေးနိုင်မလဲ

To Read
ဒီနေ့မှာ ဆယ်ကျော်သက်ရွယ် သားယောကျ်ားလေးတွေကို စာအုပ်စာပေ ဖတ်ရှုတဲ့ အလေ့ အကျင့်ရအောင် မိဘတွေအနေနဲ့ ဘယ်လိုကူညီထောက်ပံ့ပေးနိုင်မလဲ ဆိုတဲ့အကြောင်း မျှဝေပေး သွားချင်ပါတယ်။
အခုချိန်ခါက ကျောင်းတွေကလည်း ပိတ်ထားတဲ့အချိန် distance learning တွေနဲ့ပဲ စာသင် နေကြရတော့ နားထောင်တာနဲ့ စာဖတ်တာ၊ စာကျက်တာတို့လောက်ပဲ ရှိတော့ မိဘတွေအနေနဲ့ မိမိ သားသမီး စာအုပ်စာပေမဖတ်ရင် ရနိုင်မယ့် ဆိုးကျိုးတွေကို တွေးပြီး ပူပင်ကြတယ်။ ဝတ္ထုစာအုပ်ပဲ ဖြစ်ဖြစ်၊ စာအုပ် မဂ္ဂဇင်း စသဖြင့် တစ်ခုခုကို ကိုင်ပြီး ဖတ်မှ စာဖတ်တယ်လို့လည်း ယူဆတတ် ကြတယ်။
ဟိုးလွန်ခဲ့တဲ့ နှစ်များစွာက စာကြည့်တိုက်ကို သွားပြီးဖတ်ရင်လည်း ဖတ်၊ ဒါမှမဟုတ် ငှားလာတဲ့ စာအုပ်ကို အိမ်မှာဖတ်ကြတဲ့ အဲဒီခေတ်က ကျန်ခဲ့ပါပြီ။ ကျွန်မဆိုလိုတာက ဂန္ထဝင်မြောက် စာအုပ်စာပေ မဟုတ်ပါဘူး။ ဒီလို စာအုပ်မျိုးတွေက အနှစ်သာရအပြည့် ဗဟုသုတအပြည့်နဲ့ အေးဆေးစွာ ထိုင်ဖတ်ရတာပါ။
ခုခါမှာ သဘာဝတရားက ပြောင်းလဲလို့လာပါပြီ။ စာဖတ်ပုံကလည်း ပြောင်းလဲသွားပြီး ဆယ်ကျော်သက်ယောကျ်ားလေးတွေ ကြိုက်တဲ့ အားကစား စာစောင်တွေ၊ ကြောက်ရွံ့ထိတ်လန့် ဖွယ်ကောင်းတဲ့စာအုပ်မျိုးစုံ၊ မဂ္ဂဇင်းမျိုးစုံ မိမိဝါသနာပါရာ စိတ်ကြိုက်စာစောင်တွေ၊ အလျှံပယ်ထွက် လို့ ရောင်းအားလည်း အင်မတန်ကောင်းလှပါတယ်။ online ကနေလည်းရှာပြီး ဖတ်လို့ရနေပါပြီ။ စာရေးဆရာတစ်ယောက်ပြောတာ ကျွန်မ ပြန်သတိရမိတယ်။ သူ့ရဲ့ စာအုပ်ထုတ်ပြီး ရောင်းတာ တနှစ်နေမှ ကုန်တယ်လို့ ပြောတာ ကြားဖူးတယ်။ အရင်တုန်းကတော့ ပုံနှိပ်တဲ့ စာအုပ်ကိုပဲ စာအုပ် အဖြစ် ထုတ်ပြီး ဖတ်ရှုခဲ့ရတာကိုး-
ဒီနေ့ခေတ်မှာတော့ ဆယ်ကျော်သက် ယောကျ်ားလေးတွေက audio book ပေါ့နော်။ online ကနေ မိမိစိတ်ကြိုက်ဝတ္ထုတွေ နည်းပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဗဟုသုတမျိုးစုံရှာပြီး ဖတ်လို့ရပြီး၊ မိမိဝါသနာပါရာ ရှာပြီး ရွေးပြီး ဖတ်ကြတယ်။ audio book ဆိုတော့ ရွေးပြီး နားထောင် ရုံပဲပေါ့နော်
ဆယ်ကျော်သက် ယောကျ်ားလေးတွေက အခုလို ပြောကြတယ်။ ကျွန်တော်တို့က online ကနေ သတင်းအစုံ၊ အားကစား intertainment ဒါ့အပြင် social media ကနေပဲ ဖတ်တာကို ပြောပါ တယ်။ စာအုပ်တစ်အုပ်ကို ဖတ်ရတာထက် screen ကနေ စာအုပ်ဖတ်ရတာပိုပြီး အကျိုးရှိတယ်လို့ ဆိုပါတယ်။ game ဆော့တာကောပေါ့နော်။ ကျွန်မကတော့ သူတို့ခေတ် သူတို့စိတ်ကြိုက်ပဲလို့ ထင်ပါ တယ်။
အဲဒီတော့ မိဘတွေ ဘယ်လို လုပ်ပေးကြမလဲ။ ဥပမာ- ဒီဆယ်ကျော်သက်သားက သတင်း အသစ်တွေကို ဖတ်ရတာ နှစ်သက်တယ်ဆိုရင် အဲဒီအကြောင်းအရာတွေကို မိသားစုနဲ့အတူ audio book ဖတ်ရင်း comment တွေပေးကြရင်း သတင်းတွေရဲ့ ဦးတည်ချက် တချို့သော သတင်းတွေရဲ့ ထွက်ပေါက်တွေကို ခန့်မှန်းကြစို့လား။
မိဘတွေ လုပ်နိုင်တဲ့ တနည်းက ကိုယ့်သားက ဘယ်အကြောင်းအရာကို crazy ဖြစ်သလဲ။ သူနဲ့အတူ စိတ်ဝင်တစားလိုက်ပြီး follow လုပ်ပေးရင်လည်း ရတာပါပဲ။
တခါတလေ audio book ကနေ စိတ်ကြိုက်စိတ်ဝင်စားဖွယ် ခရီးသွားတဲ့ဒေသအကြောင်း တွေ ဝတ္ထုအမျိုးစုံပေါ့နော်။ အဲဒါတွေကို အသံကျယ်ကျယ်ဖွင့် နားထောင်ရင်း ဗဟုသုတရစေဖို့ အသံထွက်ဖတ်ပြတာကို မိသားစုလိုက် နားထောင်ရင်း ဆွေးနွေးပြောကြရင်း မိသားစုအတွင်း communicative လည်း ပိုပြီး ဖြစ်စေပါသေးတယ်။
စာအုပ်စာပေ (ဝါ) audio book ပဲဖြစ်ဖြစ် စာဖတ်တဲ့အခါ သိမြင်ခြင်းနဲ့ ဆိုင်တဲ့ စိတ်ကို တက်ကြွစေတယ်။ ဦးနှောက်ကို လေ့ကျင့်ခန့်လုပ်သလို ဖြစ်စေပါတယ်။ ဝေါဟာရတွေ ကြွယ် လာတယ်။ ဗဟုသုတ တိုးစေတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်တောင့်တင်းနေတာကို သက်သာစေပါတယ်။ စာတွေဖတ်ရင်း မှတ်စိတ်ကို တိုးတက်စေတယ်။ မိမိရဲ့ စိတ်ကို မျှဝေခံစားတတ်တဲ့ စိတ်ကို တိုးမြှင့် ပေးပါတယ်။ အိပ်ရာဝင်ခါနီး စာအုပ်ကို ဖတ်ပြီး အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ အကောင်းဆုံး အကျိုးကတော့ အတွေးအခေါ်ကို ကျယ်ပြန့်ဖို့ အကူအညီပေးပါတယ်။
တကယ်တမ်းကတော့ နှစ်ပေါင်းများစွာ ရာစုနဲ့ ချီပြီး စာဖတ်တဲ့သူတွေကို ဖျော်ဖြေပုံတစ်ခု ကို entertainment ပေးတာပါပဲ။ ဒါကို စာဖတ်သူတိုင်း သိကြပါတယ်။
စာဖတ်တဲ့အတွက် အတွေးတွေကို တိုးတက်ပြောင်းလဲသွားစေတယ်။ အဆုံးအစမရှိတဲ့ ဗဟု သုတတွေနဲ့ ဘဝသင်္ခန်းစာတွေကို ပေးတဲ့ အတွေးတွေကို ရှင်သန်စေတဲ့ စာအုပ်စာပေဖတ်ရှုခြင်းကို မိမိသားသမီးတွေကို ဝေငှကြပါစို့။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *