Christian Angelology ခရစ်ယာန် သိကြားတမန်အကြောင်း

Christian Angelology ခရစ်ယာန် သိကြားတမန်အကြောင်း လေ့လာသူများအရ ကိုယ်စောင့် ကောင်းကင် သိကြားတမန် (Guardian Angels) များကိုအမျိုးအစား (၃) မျိုးနဲ့ အဆင့် (၉)ဆင့် ခွဲခြားထား ပါတယ်။
ကောင်းကင်တမန်များရဲ့ အဆင့် (၉)ဆင့်ကတော့…
ပထမအမျိုးအစား —
Seraphim (Burning) ဆေရာဗိမ်သိကြားတမန် (လောင်ကျွမ်းခြင်း)၊ Cherubim (Streams of wisdom) ခေရုဗီမ်သိကြားတမန် (ဉာဏ်ပညာစီးဆင်ရာ) နဲ့ Thrones ရာဇပလ္လင်တော်သိကြားတမန်များ။
ဒုတိယအမျိုးအစား—
Dominions (Lordships) အစိုးရသောတမန်တော်များ (အာဏာရှင်)၊ Virtues (Strongholds) တန်ခိုးတော်ရှင် သိကြားတမန်တော်များ (ခိုင်ခံ့သောရဲတိုက်)နဲ့ Powers (Authorities) အာဏာစက် သိကြားတမန်တော်များ (အာဏာပိုင်များ)
တတိယအမျိုးအစား—-
Principalities အထွက်အမြတ် သိကြားတမန်များ ၊ Archangels သိကြားမင်းများ (အမိန့်တော်ပြန်များ)၊ နဲ့ Guardian Angels ကိုယ်စောင့်သိကြားတမန်များ။
**********
သိကြားတမန် အဆင့် (၉)ဆင့်မှ အဆင့်တိုင်းရဲ့ လုပ်ဆောင်ချက်များ။
#ပထမအမျိုးအစား (၁၊ ၂၊ ၃) ကောင်းကင် သိကြားတမန်တွေဟာ ထာဝရ ဘုရားသခင်ကို တိုက်ရိုက် ကိုးကွယ် ချီးမွမ်းကြပါတယ်။
၁။ SERAPHIM ဆေရာဗိမ်သိကြားတမန်များ
သူတို့အကြောင်းကို (ဟေရှာ ၆: ၁-၇) မှာ ဖော်ပြထားပြီး သူတို့ဟာ ကောင်းကင်ဘုံမှာ အမြင့်ဆုံးသော ကောင်းကင် သိကြားတမန် တွေ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် အဲဒီကောင်းကင် တမန်တွေဟာ ဘုရားသခင်နဲ့ အနီးစပ်ဆုံး သိကြားတမန်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဘုရားသခင်ကို သီးသန့် ကိုးကွယ်ခြင်းနဲ့ ကျေးဇူးတော် ချီးမွမ်းခြင်း လုပ်ဆောင်ကြ ပါတယ်။
၂။ CHERUBIM ခေရုဗီမ်သိကြားတမန်များ
သူတို့အကြောင်းကို (ထွက်- ၂၅း၁၉, ကမ္ဘာ ၃း၂၄, Ezek 1:10) ကျမ်းစာမှာ မြင့်မြတ်တဲ့ သိကြားတမန်အဖြစ် ဖော်ပြထားပါတယ်။ ဒီကောင်းကင်တမန်တွေယာ ဘုရားသခင်ရဲ့ ရာဇပလ္လင်တော်ကို ဝန်းရံပြီး တန်ခိုးကြီးသောသတ္တဝါများလို့ သမ္မာကျမ်းစာမှာ ဖော်ပြထပ့တယ်။ သူတို့ဟာ ပဋိညာဉ်သေတ္တာနဲ့ ဧဒင်ဥယျာဉ် ဝင်ပေါက်တို့ အပါအဝင် အထူးနေရာများနဲ့ အရာများကို ကာကွယ်ဖို့ တာဝန်ပေးအပ်ခြင်း ခံရပါတယ်။
၃။ THRONES ရာဇပလ္လင်တော်သိကြားတမန်များ
သူတို့အကြောင်းကို (Ezek 10:17, Col 1:16) ကျမ်းချက်ထဲမှာ ဖော်ပြထားပါတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ တရားမျှတမှုကို ဖြန့်ဝေပေးပြီး Cosmos စင်္ကြဝဠာ ဥပဒေအားလုံးကို သဟဇာတဖြစ်အောင် ထိန်းသိမ်းတဲ့ သိကြားတမန်တွေ ဖြစ်ပါတယ်။
#ဒုတိယအမျိုးအစား (၄၊ ၅၊ ၆)က ကောင်းကင် သိကြားတမန်တွေဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း စင်္ကြဝဠာ တစ်ခုလုံးကို ဖြည့်ဆည်း လုပ်ဆောင် ကြပါတယ်။
၄။ DOMINIONS အစိုးရသောတမန်တော်များ။
သူတို့အကြောင်းကို (ဧဖက် ၁း၂၁) မှာ ဖော်ပြထား ပါတယ်။ သူတို့ဟာ ဏရုဏာတရားရှိခြင်း၊ အမှန်တရားအတိုင်း စီရင်ခြင်းနဲ့ အောက်ခြေက သိကြားတမန်တွေရဲ့ လုပ်ဆောင်ချက်တွေ စီးမံအုပ်ချုပ် ကြရပါတယ်။
၅။ VIRTUES တန်ခိုးတော်ရှင် သိကြားတမန်တော်များ။
သးတို့အကြောင်းကို (ဧဖက် ၁:၂၁) ကျမ်းချက်မှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ အဓိက တာဝန်မှာ ကောင်းကင်မှ ခန္ဓာကိုယ်လှုပ်ရှားမှုများကို စောင့်ကြည့်ရန်နဲ့ စင်္ကြဝဠာကို ထိန်းချုပ်ဖို့ရန် ဖြစ်ပါတယ်။
၆။ POWERS အာဏာစက် သိကြားတမန်တော်များ။
သူတို့အကြောင်းကို (ဧဖက် ၃း၁၀၊ ၆း၁၂) ကျမ်းစာမှာ ဖော်ပြထားပါတယ်။ သူတို့ဟာ ကမ္ဘာသို့ နတ်ဆိုးရဲ့ ကျူးကျော်မှုအတွက်အစဉ်တစိုက် စောင့်ကြည့် လေ့လာနေကြသောအထက်တန်းက ကောင်းကင်ဘသိကြားတမန်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ လူသားများအကြားမှာ သြဇာအာဏာ ခွဲဝေး မသုံးပြုနေကြသလဲ ဆိုတာကို လေ့လာဖို့ရန် ဖြစ်ပါတယ်။
#တတိယအမျိုးအစား (၇၊ ၈၊ ၉) ကောင်းကင် သိကြား တမန်တွေဟာ လူသားတွေကို အနီးကပ် ကြည့်ရှု စောင့်ရှောက် ပေးကြပါတယ်။
၇။ PRINCIPALITIES အထွက်အမြတ် သိကြားတမန်များ။
သူတို့အကြောင်းကို (ဧဖက် ၃း၁၀၊ ၁း၂၁) ကျမ်းချက်မှာ ဖော်ပြထားပါတယ်။ သူတို့ဟာ လူသားတွေကို ဘုရားသခင်ရဲ့ လုပ်ဆောင်ချက် အတိုင်း ကူညီစောင့်ရှောက်ပေးပြီး ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း စောင့်ကြည့်ပေး နေကြပါတယ်။
၈။ ARCHANGELS သိကြားမင်းများ။
သူတို့အကြောင်းကို (တရားသူကြီးမှတ်စာ ၁း ၉၊ ၁ သက် ၄း၁၆) ကျမ်းစာမှာ ဖော်ပြထား ပါတယ်။ သူတို့ဟာ နိုင်ငံများ၊ နိုင်ငံ ပတ်ဝန်းကျင်၊ တိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များ၊ အဖြစ်အပျက်များနဲ့ သက်ဆိုင်တဲ့ အရာတေတွေကို အုပ်ထိန်းသူတွေ ဖြစ်ကြပါတယ်။
၉။ ANGELS ကိုယ်စောင့်သိကြားတမန်များ။
သူတို့အကြောင်းကို (လုကာ ၁၅:၁၀၊ မဿဲ ၁၈:၁၀၊ ဟေဗြဲ ၁၃: ၂) ကျမ်းချက်တွေမှာ ဖော်ပြထားပါတယ်။ လူတွေသာမက ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့ပါ အနီးကပ်ဆုံး ကြည့်ရှုပေးတဲ့ ကိုယ်စောင့် သိကြား တမန်တွေပါ။ အနှိမ့် လူ့ဘုံကို စောင့်ရှောက်ပေးတဲ့ ကျွန်ုပ်တို့ လူသားတွေရဲ့ Guardian Angels ကိုယ်စောင့် သိကြားတမန်အများစု ရှိနေကြပါတယ်။
ဒါကြောင့်လည်း နေ့စဥ်နံနက်တိုင်း ဆိုအပ်သော မေတ္တာမှာ “ကိုယ်စောင့်သိကြားအားပြုအပ်သော မေတ္တာ” ကို ရွက်ဆို ကြပါတယ်။ “ဘုရားရှင်က အမိန့်တော်ရှိ၍ ကျွန်ုပ်ကိုစောင့်သော သိကြား။ ကျွန်ုပ်အား နေ့၊ ည မပြတ် ဆုံးမ သွန်သင် ကြည့်ရှု စောင့်မ တော်မူပါ။ အာမင်။” ဒီမေတတာကို နေ့စဥ် ဆုတောင်းရင်း သူတို့ရဲ့ စောင့်ရှောက်မှုကို ခံစားရကာ ဘေးရန် အန္တာရာယ် ခမ်းသိမ်းကနေ ကင်းဝေးကာ စစ်မှန်တဲ့ တရားလမ်းအတိုင်း ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်နဲ့ လူအများ ကောင်းကျိုး ပေးဆပ်ရင်း အမြဲအသက်ရှင် နိုင်ကြပါစေ။
ထန်းဟာ, SJ
Source: sources: www.Churchpop.com
Credit to, Catholics at Work