ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ကြာသာပတေးနေ့ ဩဝါဒ ဇူလိုင်လ ၂၉ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ကြာသာပတေးနေ့ ဩဝါဒ ဇူလိုင်လ ၂၉ ၊ ၂၀၂၁

July 29. 2021

ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာ သာသနာတော်ကြီးက လာဇရူး နဲ့ မေရီ တို့ရဲ့အမ သူတော်စဉ်မ မာသားရဲ့ ပွဲနေ့ကို ကျင်းပပေးတယ်၊

သခင်ယေဇူးက ဂျေရု‌ဇလင်ကို သွားတဲ့ လမ်းခရီးမှာ ရှိတဲ့ ဘက်သနီ ရွာက သူရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်တဲ့ လာဇရူး၊ မေရီ၊ မာသား တို့အိမ်းကို လမ်းကြုံတိုင်ဝင်ရောက်လေ့ရှိတယ်၊ ဒီကနေ့ဧဝံဂေလိကျမ်းမှာ လာဇရူး‌ သေဆုံးလို့ ဝမ်းနည်းနေတဲ့ မေရီနဲ့ မာသား တို့စီကို သခင်ယေဇူးကြွလာခဲ့တယ် အဲ့ဒီမှာ မားသားရဲ့ ကြီးမားတဲ့ ယုံကြည်ခြင်းကို ကြားနာရတယ်၊ ကိုတော်သာရှိနေခဲ့ပါလျှင်ကျွန်မ၏မောင်သည် မသေရပါ၊ သို့သော် ကိုတော်တောင်းသမျှကို အဖခမည်းတော်ပေးမည်ကိုကျွန်မယုံကြည်ပါ၏၊ အဲ့ မှာ သခင်ယေဇူး အပေါ်မှာထားရှိတဲကြီးမားတဲ့ ယုံကြည်မူ့၊ သခင်ခရစ်တော်က သင်၏မောင်ဟာ ရှင်ပြန်လိမ့်မယ် လိုပြောတဲ့အချိန် မာသားက ထမြောက်ကြရာ နောက်ဆုံးသောနေ့မှာ သူဟာ ရှင်ပြန်မည်ကို ကျွန်မယုံကြည်ပါ၏လို့ပြောခဲ့တယ်။ ဒီမှာတချက် ဒီအချက်မှာ မာသာဟာ သေသူတို့ရှင်ပြန်ထမြောက်ရမည်ဆိုတာကို ယုံကြည်နေတဲ့ အချက်၊ သခင်ယေဇူးက ငါဟာ ရှင်ပြန်ထမြောက်ခြင်း ဖြစ်တယ်၊ အသပ်လည်ဖြစ်တယ်၊ ငါကိုယုံကြည်သောသူတို့သည် သေပြီးသော်လဲ အသက်ရှင်ကြလိမ့်မည်၊ အသက်ရှင်လျှက်ငါကို ယုံကြည်သောသူသည် ဘယ်သောအခါမျှမသေရ ၊ ဒါကိုသင်ယုံကြည်ပါသလား လို့‌ မာသားကို ခရစ်တော်မေးတဲ့အခါ မာသားက ယုံပါ၏ အရှင်ဘုရား ကိုယ်တော်သည် ဘုရားရှင်၏တပါးတည်းသောသားနော် ကယ်တင်ရှင် မက်ဆီးယား သခင်ဖြစ်ပါ၏ လို့ပြန်ပြောခဲ့တယ်

သခင်ခရစ်တော် နဲ့ ရင်းနှီးတဲ့ သး မိတ်ဆွေဖြစ်တဲ့သူ၊ သိကြွမ်းခွင့်ရသူတွေဟာ ထာဝရအသက်ကို ရမယ်၊ သင့်ရဲ့ဝိညာဉ်ဟာ သခင်ခရစ်တော်ကို အပြည့်အဝယုံကြည်ပြီ ဆိုရင် အဲ့ဝိညာဉ်ထာဝရအသက်ရှင်ခွင့်ရပြီ။ ဒိအချက်ကို မာသားက နားလည် ယုံကြည်ခဲ့တယ်။ သခင်ယေဇူး နှင့်ရင်းနှီးခွင်ရသော မိသားစု ဘယ်လိုကျေးဇူးခံစားရလဲး ဆိုတာ ကြားသိခဲ့ရတယ် မာသားလို အမမျိုးပိုင်ဆိုင်ထားသော မောင်အငယ်များ၊ မာသားကဲ့သို့ ကြီးမားသော ယုံကြည်ခြင်းကြောင့် သေသူတောင် ရှင်ပြန်ခွင်ရ၊ ကြီးမားတဲယုံကြည်ခြင်းရိုသော အမ သခင်ယေဇူး နှင့် ရင်းနှီးမိတ်ဆွေ၊ သင့်ကိုသင်နဲ့ ၊ သင့်မိသားစုကို စမ်းစစ်ကြည့်ပါ ဓမ္မမိတ်ဆွေ ငါနဲ့ သခင်ယေဇူး ဘယ်လောက်ရင် နှီးမှု့ရှိလဲ၊

ငါမိသားစုဝင်ထဲးမှာရော သခင်ယေဇူးနဲ့ရင် နှီးတဲ့သူရှိလား၊ ကြီးမားတဲ့ယုံကြည်ခြင်းရှိတဲ့ မိသားစုဝင်ရော ရို့ရဲ့လား၊ ရေလိုက်ငါးလိုက် မိရိုးဖလာ ခရစ်ယာန် တနဂ်နွေတရက် တပတ်မှ တနာရီ ဘုရားကျောင်း ရောက်ပြီး တာဝန်ကျေနေပြီလို့ခံစားနေလား၊ ဆုကောတောင်းရဲ့လာ ဘုရားနဲ့ရော အတွင်းစိတ်ထဲးက စကားပြောဖြစ်ရဲ့လား ၊ သခင်ယေဇူးရဲ့ တရားတော်တွေ နဲ့ရော ရင် နှီးမှုရှိလား၊ ဒါမှ မဟုတ် ဘုရားနဲ့တော့ မိတ်ဆွေ မဖြစ်ပဲ နတ်ဆိုးနဲ့ပဲ မိတ်ဆွေဖြစ်နေကြလား စဉ်စားစဉ်ခြင်ကြပါစို့

ဓမ္မမိတ်ဆွေအပေါင်းကိုစိတ်နှဖျာ ကျန်းမာချမ်းသာတော်မှုကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *