ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၈ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၈ ၊ ၂၀၂၁

July 28.2021

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကျမ်းစာ မှာ ကောင်းကင်နိုင်ငံတော် တန်းဖိုးကြီးတဲလယ်ကွင်းထဲးမှာ နစ်မြုပ်နေတဲ့ရတနာ နဲ့နိုင်းယှဉ် ထားတယ် အဲ့တာကို တွေတဲ့သူက ရှိတာရောင်းပြီး လယ်ကိုဝယ် တယ်၊ နောက် ဥပမာ တခုက တန်ဖိုးကြီးတဲ့ပုလဲကိုတွေသူဟာ သူမှာရှိတာကို ရောင်းပြီး အဲ့ပုလဲ ကိုဝယ် တယ် ဆိုတဲ့အကြောင်း၊ ဥပမာ နှစ်ခုလုံးက အဓိပ္ပါတခုထဲး ကိုဖေါ်ဆောင်ပေးနေတယ်။

တန်းဖိုးကြီးတဲ့ ရတနာ နဲ့ တန်းဖိုးကြီးတဲ့ ပုလဲ ဆိုတာ ဘုရားရဲ့ အလို့ ဆန္ဒ ကို ဆိုလိုခြင်းဖြစ်တယ်၊ ဘုရားရဲ့ အလို ဆန္ဒကို ရှာဖွေတွေရှိသွားသူဟာ အရာရာ အားလုံးကို ရှာဖွေတွေရှိသွားတာပဲ၊ သင့်အတွက် ဘုရားရှင်ရဲ့အလိုဆန္ဒက ဘာလဲ၊ လောကမှာ လူတွေအတွက် အရန်း တန်ဖိုးကြီးတဲ့အရာက ဘာတွေလဲ တကယ် ရယူပိုင်ဆိုင်ခြင်တဲ့အရာက ဘာတွေလဲ ဘုရားသခင်စီမှာ ပိုက်ဆံသွားမတောင်းနဲ့ သူစီမှာ ပိုက်ဆံမရှိဘူး ဒါပေမဲ့ တကဲ့ စစ်မှန်တဲ့ ချမ်းသာမှု့ရှိတယ်၊

စစ်မှန်တဲ့ ရတနာ၊ တန်းဖိုးကြီးတဲ့အရာ ဆိုတာ ဘာလဲ ပူလောင်နေတဲ့ လောကကြီးထဲးမှာ ဆင်းရဲးသားရော ချမ်းသားသူရော နောက်ဆုံးမှာ သူတို့လိုခြင်တဲ့ တကဲ့ ရတနာအစစ်တွေက ကြေနပ် တင့်တိမ်ယောင်ရဲးမှု့၊ အတွင်းစိတ်ထဲး၌ကြည်နူးချမ်းမြေ့မှု့၊ အတွင်းစိတ်အေးချမ်းတည်ငြိမ်မှု့၊ ပူလောင်မှု့ကင်ခြင်း၊ အမျက်ဒေါသကင်းခြင်း၊ စိုးရိမ်ပူပန်မှု့ကင်းခြင်း၊ ငြိမ်းချမ်းမှု့ခံစားရခြင်း၊ လွတ်လပ်မှု့ကိုအပြည့်အဝ ခံစားရခြင်း၊ အပြိုင်အဆိုင်ကင်းမဲ့ခြင်း၊ မကောင်းမူ့ကိုထိမ်းချုပ်၊ ချုပ်တည်း နိုင်ခြင်း၊ စစ်မှန်တဲ့ ပျော်ရွှင်မှု့၊ အတွင်းစိတ် ထဲးက တပ်မက်မှု့ကင်းသော ချစ်ခြင်းမေတ္တာနဲ့ ချစ်ခြင်း၊ အဲ့ဒီတန်ဖိုးကြီးတဲ့ရတနာတွေကိုရဖို့ ကို့ဖက်က ပေးဆပ်မူ့တွေရှိရမယ်၊

တပ်မက်မူ့၊ရလိုမှုတွေနောက်လိုက်နေသ၍ တင်းတိမ်ရောင့်ရဲးမှု ဆိုတာ မရနိုင်ဘူး၊ တပ်မက်မူ့တွေရယူပိုင်ဆိုင်လိုမှု့ကို လျှော့ချ ထိမ်းချုပ်မှ တင်းတိမ်မှု့ကို ရမယ်။

အတွင်းစိတ် အေးချမ်းမှု့ နဲ့ အပူအပင်ကင်းခြင်တယ် ဆိုရင် ဒေါ့သတွေ၊ မနာလိုမှု့တွေ၊ ပြိုင်ဆိုင်မူ့တွေကို ဖယ် ရှာမှ ရမယ် တန်ဖို့ရှိတဲ့အရာတချိုးကို လိုခြင်ရင် ထိုက်တန်တဲ့ပေး ဆပ်မှု့ တော့ရှိရမယ်။

ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖျာကျန်းမာ ချမ်းသာကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *