ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ ကြာသာပတေးနေ့ ဩဝါဒ ဇူလိုင်လ ၂၂ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ ကြာသာပတေးနေ့ ဩဝါဒ ဇူလိုင်လ ၂၂ ၊ ၂၀၂၁ 

July 22: 2021 ဓမမိတ်ဆွေတို့ ဒီကနေ့မှာ သာသနာတော်က မာရီယာ မာဒလေနားရဲ့ ပွဲးနေ့ကို ကျင်းပတယ်

ဒီကနေ့ ကြားနာကတဲ့ ဧဝံဂေလိကျမ်းမှာ သူမ အရမ်းချစ်တဲ့သူမရဲ့ အရှင်သခင် ခရစ်တော်ကို မြုပ်နှံ သင်ဂြိုလ်ထားရာ ကျောက်ဂူမှာ လာရောက်ငိုကြွေးနေခဲ့တယ်၊ သင်ချိုင်းဂူ ပွင့်နေပြီး အလောင်း‌ တော်ကို မတွေတော့တဲ့ အချိန်မှာ ငိုကြွေးပြီး ရှာဖွေနေခဲ့တယ်။

သူမ သခင်ခရစ်တော် ကို ရှာနေတာက သေနေတဲ့ သခင်ခရစ်တော် ကို တယောက်ယောက်က ယူသွားတယ်လို့ထင်ပြီး ရှာနေတာ၊ အသက်ရှင်နေတဲ့ သခင်ကို ရှာနေတာ မဟုတ်ဘူး ၊ဒါ့ကြောင့် သခင်ခရစ်တော်ကို မတွေနိုင်ခဲ့တာ၊ သခင်ခရစ်တော်က ပဲ သူ့ကို တွေ့ပြီး ငါဟာ ရှင်ပြန်ထမြောက်တော်မူသော ဘုရား၊ အသက်ရှင်သော ဘုရား ၊ ဆိုတာဖွင်လှစ်ပြသခဲ့တယ်။

ခရစ်တော် ဘုရားကို သေသူတို့ အထည်းမှာ ရှာလို့မတွေ့ နိုင်ဘူး၊ ငါတို့လည်း ဘုရားကို သေသောသူတွေ ၊သေသော အရာတွေ ၊ ပြောက်ကွယ် မဲ့ အရာတွေမှာ ရှာနေကြသလား လောကီ ပစ္စည်းဥစ္စာတွေ၊ ကြော်ဇော် ထင်းရှားမှု့တွေ၊ ဒီအရာတွေက စစ်မှန်ပြီးအမြဲးတန်း ရှင်သန်တဲ့ ဘုရားစီကို ခေါ်မသွားနိုင်ဘူး

ထာဝရအသက်ရဖို့ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ၊ ညဏ်ရှိသမျှ အစွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ရမယ် ၊ အဲ့တာပြီးတော့ ကိုယ် နဲ့နည်းစပ်သော သူတိုင်းကို ကိုယ်ကိုယ် ချစ်သလိုမျိုး ချစ်ရမယ်။

အဲ့ဒီ ချစ်ခြင်းမေတ္တာမျိုးမှာ အသက်ရှင်သော ဘုရားကို ရှာတွေမယ်၊ ချစ်ခြင်းမေတ္တာ အလုပ်တွေ ကရုနာရေး အလုပ်တွေ ငြိမ်းချမ်းရေး အလုပ်တွေ၊ တရားမျှတမူအတွက်၊ အများအတွက် ပေးဆပ် အနစ်နာခံမှု့တွေ၊ အမှန်တရားအတွက်၊ လွတ်လပ်မူ့အတွက် လုပ်ဆောင်မူတွေ ဒီလုပ်ရပ်တွေဟာ အမြဲးရှင်သန်နေသလို အသက်ရှင်သော ဘုရားစီကို ပို့ဆောင်ပေး မည့် လုပ်ရပ်တွေ ဖြစ်တယ်။

မာဒလေးနားလို ဘုရားကို ချစ်စိတ် ကြောင့် ရှင်ပြန်ထမြောက်သော အရှင်ဘုရားကို တွေခဲ့ရသလို၊ ချစ်ချင်းမေတ္တာ ဂရုနာရေးလုပ်ငန်းတွေ ပေးဆပ် အနစ်နာခံမူ့တွေမှာ ဘုရားကို တွေ့နိုင်အောင်ကြိုးစားကြပါစို့ ။ ဓမ္မမိတ်ဆွေ အပေါင်း ကိုယ် စိတ် နှစ်ဖြာ ကျမ်းမာချမ်းသာတော် မူကြပါစေ။ 

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *