ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၁၊၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၁၊၂၀၂၁ 

July 21. 2021 ဓမ္မမိတ်ဆွေ တို့ ဒီကနေ့ ကြားနာခဲ့ရတဲ့ ကြမ်းချက်တွေ ကို ထောက်ရှု့ကြည့်ကြရအောင်၊ ပထမကျမ်းမှာ အီဇရာအဲလ်တွေ အီဂျစ်ပြီက ထွက်ပြေးလွတ်မြောက်လာကြတယ်၊ ဒါပေမဲ့ အစားအစာ မရှိတော့လို့ စားစရာအတွက် မိုးဇယ် နဲ့ ဘုရားသခင်ကို ပြစ်တင်ဝေဖန်ကြတဲ့အကြောင်းကြားနာခဲ့ရတယ်၊

ရှင်မာတေဦး ဧဝံဂေလိကျမ်းမှာတော့ မျိုးစေ့ကြဲးသောသူ ပုံဥပမာ ပထမပိုင်းကို ကြားနာခဲ့ရတယ်၊ အီ‌ဇရာအဲ လူမျိုးတွေ အငတ်ဘေးကြုံရချိန် ကောင်းကင်ကမုန့် မာနာ ချ‌ပေးပြီး ကိုခန္တာ ဆက်လက်ရှင်သန်ပြီး ကတိထားရာ ကာနန်ပြည့် ပျားရည်နဲ့ နွားနို့စီးဆင်းရာတိုင်းပြည့် ထိရောက် အောင်းခရီးဆက်နိုင် ဖို့ ကြွေမွေးစောင့်ရှောက်ပေး ခဲ့တယ် ။။

သခင် ခရစ်တော် မက်ဆီးယာသခင်၊ ကယ် တင်ရှင်ရဲ့ လက်ထက်မှာ သူကိုယ် ၌က ဝိညာဉ်အစာအဟာရအဖြစ် ဆင်းသက်လာခဲ့တယ် သူရဲ့ နုတ်တော်ထွက် စကား တွေ ဟာ ဝိညာဉ်အဟာရပဲ သူဟောကြားတဲ့ကောင်းကင်နိုင်ငံကို ရောက်ဖို့ သူရဲ့ နုတ်ကပတ်တော်နှင့် အသက်ရှင်ရမှာ သူရဲ့ နုတ်ကပတ်တော်ကို လိုက်နာကျင့်ဆောက်တည်သူဟာ ကောင်း တဲ့မြေအမျိုးအစား ဖြစ်ပြီး တော့။

ဘုရားရဲ့ နုပ်ကပတ်တရားတော် တွေနဲ့ ရှင်သန်နေသေူတွေဟာ ချစ်ခြင်းမေတ္တာ အသီး အပွင့်ကြောင့် ချစ်ခင်သူတွေ အဆသုံးဆယ်၊‌ ခြောက်ဆယ်၊ တရာ ပွားများပြီး ချစ်ခြင်ခံကြရတယ်၊ အဲ့လို့ပဲ ရိုးသားတဲ့ မျိုးစေ့ ကြီးထွားရှင်သန်စေသူရဲ့ဘဝထဲး မှာလည်း ယုံကြည်ခြင်းခံရမှု့၊ လူတကာရိုသေ လေးစားခံရမှု့ တွေ အဆ တရာ၊ မက ရကြတယ်၊

အဲ့လိုပဲ ဘုရားရဲ့ နုပ်တော်ထွက်စကားကိုလိုက်နာကျင်ကြံတဲ့သူတွေဟာ ချစ်ခြင်း၊ သီးခံခြင်း၊ ခွင့်လွတ်ခြင်း၊ ရိုးသားခြင်း၊ နုညံ့သိမ်မွေခြင်း၊ ငြိမ်းချမ်းချင်း၊ တရားမျှတခြင်း၊ ကရုနာတရားနဲ့ပြည့်ဝခြင်း၊ စတဲ့ ပါရမီး အသီး အပွင့်တွေ အများကြီး တိုးပွားတဲ့ အတွက် လောကမှာ အဆ ၃၀: ၆၀: ၁၀၀ ဆိုတာ ရရှိကြတယ်။ ဘုရားနုပ်ကပတ်တရားတော်တွေနဲ့ ရှင်သန်သူတွေဟာ ဘုရားစကား ကိုနားထောင် လို့ ကောင်းကင်ထာဝရ အသက်ကိုပါရရှိ ပိုင်ဆိုင်ကြရတယ်။

အီးဇရာအဲ့ လူမျိုးတွေကို ကတိထားတော်မူရာ ကာနန်ပြည်ကို ရောက်စေ ရန် မာနာမုန့်နဲ့ ခရီး ဆက်စေခဲ့သလို၊ ကျွန်တော်တို့ကိုလည် နုပ်ကပတ်တော်နဲ့ ကောင်းကင်နိုင်ငံ‌ ရောက်အောင်းပို့ပေး နေတာ ကို သတိရကြပါ။ ဓမ္မမိတ်ဆွေ အပေါင်း ကိုယ် စိတ်နှ ဖျာ ကျမ်းမာချမ်းသာတော် မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *