ဇွန်လ(၂၄)#အထင်အရှားနေတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၄)#အထင်အရှားနေတော်မူသောယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ ဤလောက၌ငါသည် အထင်အရှားနေထိုင်တော်မူသည့် အကြောင်းရင်းကား၊ ဝန်လေး၍ပင်ပန်း သောသူတို့ငါ့ထံသို့လာကြလေကုန်။ ငါသည်သင်တို့ကိုအားဖြည့်တင်းပေးမည်ဟူသော စကားတို့၌အတိအလင်း ဖော်ပြထားလျက်ရှိ၏။ ထို့ကြောင့်လူတို့သည် ငါ၏ရွှေနှလုံးတော်အကြောင်းကိုသိနားလည်ကြသဖြင့် ငါ၏ကျေးဇူး တော်နှင့်ကောင်းကြီးမင်္ဂလာကို ၎င်းတို့အပေါ်သို့ချပေးရန် ငါသည်တောင့်တစောင့်မျှော်လျက်ရှိ၏။

ငါသည် ငါ၏နိုင်ငံတော်ကို တည်ဆောက်လိုသဖြင့် ဤလောကသို့ဆင်းကြွမလာမှီက လူတို့၏စိတ်ထဲ၌ရှိနှင့် ပြီးသောကြောက်ရွံ့ခြင်းတရားကို ချစ်ခြင်းတရားဖြင့်အစားသွင်းပေးရန် ငါအလိုရှိ၏။ အကူအညီလိုသောသူတို့အား နှစ်သိမ့်ခြင်းပေးရန် ငါသည်အခွင့်အရေးရတိုင်းအဘယ်အခါမျှ ပျက်ကွက်ခဲ့သည်ဟူ၍မရှိခဲ့ချေ။

ငါ့သား၊ သင်သည်လည်း သူတပါးတို့အား ဝမ်းမြောက်ခြင်းနှင့်နှစ်သိမ့်ခြင်းပေးရန် အမြဲအသင့်ရှိပါသလား။ ကြင်နာတတ်သောစကားတစ်ခွန်း၊ အမျှော်အမြင်ရှိသော အပြုအမူကလေးတစ်ခု၊ အလုပ်များနေသောသူတို့အား အကူအညီပေးခြင်း စသည့်ဤသေးငယ်သော ကရုပြုခြင်းကလေးများသည် လူတို့၏စိတ်ကိုနှစ်သိမ့်စေ၍ ဖျားနာနေ သောသူတို့အား ထိုထိုသောလောက၏ဝေရာဝစ္စများကြောင့် သောကပူပန်ခြင်းရှိသောသူတို့အားလည်းကောင်း၊ အ ထူးဝမ်းမြောက်ခြင်းဖြစ်စေတတ်၏။

သံယောဟန်ဗတ္တိစတားသည် အကျဉ်းထောင်၌ရှိနေစဉ်အခါ သူ၏တပည့်နှစ်ယောက်စေလွှတ်၍ ငါသည် ခရစ္စတူးဖြစ်သလော။ သို့မဟုတ် အခြားသောသူကိုစောင့်ရဦးမည်လောဟု မေးခိုင်းလေ၏။ ထိုအခါငါက သင်တို့ ကြားရသမျှမြင်ရသမျှတို့ကို သွား၍ယောဟန်အားပြောကြားကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားကြရ၏။ နူသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြရ၏။ နားပင်းသော သူတို့သည် နားကြားကြရ၏။ ဆင်းရဲသောသူတို့အား ဧဝံဂေလိတရားတော်ကို ဟောပြောရ၏ဟုသာ ဖြေလိုက်၏။ ငါသည်ဘုရားသခင်စေလွတ်တော်မူသောသူ အစစ်အမှန်ဖြစ်ကြောင်းကိုသက်သေပြ အလို့ငှါ ချစ်ခြင်းနှင့်ကြင်နာ သနားခြင်းအမှုကို လူခပ်သိမ်းတို့အပေါ်မှာပြုခြင်းမှတပါး၊ တခြားသက်သေပြစရာမလိုတော့ချေ။

တဖန်တုံ ဝန်လေး၍ပင်ပန်းသောသူတို့ငါ့ထံသို့ လာလေကုန်။ ငါသည်သင်တို့ကိုအားဖြည့်တင်းပေးမည်ဟု ကိုယ်တော်မြတ်ကျောင်းဆောင်ကလေးထဲမှ ငါသည်ထပ်မံမိန့်ခဲ့၏။ ငါသည်လူမျိုးမရွေး၊ လူတန်းစားမရွေး၊ လူခပ် သိမ်းတို့အပေါ်သို့ကျေးဇူးတော် သွန်းလောင်းလျက်ရှိ၏။ ကယ်တင်ရေးကိုကရုမစိုက် လစ်လျူရှုနေသောသူတို့ အပေါ်သို့လည်းကောင်း၊ ငါ့ကျေးဇူးတော်ကိုသွန်းလောင်းလျက်ရှိ၏။ ကြီးလေးသောအပြစ်ကြောင့် ဘုရားမျက် မှောက်တော်မှာဝိညာဉ်သေလွန်သူတို့အတွက် အာပတ်ဖြေခြင်းစက္ကရမင်တူးအားဖြင့် ငါသည်အားဖြည့်တင်းပေး၏။ အကြင်သူသည်ပါရမီလမ်း၌ အခေါင်းပါးဆုံးသောသူဖြစ်စေကာမူ စုံလင်းခြင်းအဖြစ်သို့ေ ရာက်နိုင်စေခြင်းငှာ ထိုသူတို့ကိုကူညီရန် ငါသည်အသင့်ရှိသတည်း။

ငါသည်ဤလောက၌ အထင်အရှားသီတင်းသုံးနေစဉ်ကာလာ၊ ဆင်းရဲဒုက္ခရောက်သောသူတို့အပေါ်မှာ ကြင်နာသနားခြင်းရှိသည့်နည်းတူ ကိုယ်တော်မြတ်ကျောင်းဆောင်ကလေးတွင် ငါ၏ရွှေနှလုံးတော်သည်လည်းကြင် နာသနားခြင်းရှိတော်မူ၏။ ထို့ကြောင့်နှစ်သိမ့်ခြင်းကိုတခြားမှာမရှာပါလင့်။ ချစ်ခြင်းနှင့်ပြည့်လျှံနေသော ငါ၏ရွှေ နှလုံးတော်ထံသို့ လာ၍ရှာပါလော့။ ထိုမှာငြိမ်သက်ခြင်းကိုသင်တွေ့ပါလိမ့်မည်။

အိုချစ်ဖွယ်လှသောယေဇူးသခင်၊ ကိုယ်တော်သည်ကြင်နာသနားခြင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော် မူပါသည်။ ကိုယ်တော်၏ရွှေနှလုံးတော်နှင့်နီးကပ်စွာရှိစေရန်တပည့်တော်ကိုဆွဲဆောင်တော်မူအလို့ငှါ ကိုယ်တော် မြတ်ကျောင်းဆောင်ကလေးတွင် နေ့ရောညပါစောင့်စားမျှော်လင့်လျက်နေပေသည်။ သို့သော်လည်းနှစ်သိမ့်ခြင်းကို လူအများဆီမှ ရှာခဲ့ကြောင်းကိုစဉ်းစားမိသောအခါ ရှက်လှပါ၏။ အိုချစ်ဖွယ်လှသောယေဇူးသခင် ဆင်းရဲဒုက္ခဆိုက် ရောက်လာသောအချိန်မှာ ကိုယ်တော်သည်တပည့်တော်၏ မိတ်ဆွေအစစ်အမှန်ဖြစ်ကြောင်းကို သတိယတော်မူပါ။

#ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကျောင်းဆောင်လေးထဲတွင်ကိန်းအောင်းလျက်ရှိတော်မူသောယေဇူးထံတော်သို့ သွားရောက်ဖူးမျှော်၍ သင်အလိုရှိရာများကိုလျှောက်ထားပါလော့။

#ဆုတောင်း။ ။ အလွန်သန့်ရှင်းစင်ကြယ်တော်မူသောယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

အက်ဒွက်ဂရေးသည်မိခင်ကို တိုင်ပင်မေးမြန်းခြင်းမရှိပဲနှင့် သင်္ဘောသားအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရန် စာရင်းသွင်းလိုက်၏။ သူထွက်ခွာသွားရမည့်နေ့၌ မိခင်ဖြစ်သူက အက်ဒွက်၊ မင်းသင်္ဘောသားအလုပ်ကိုလုပ်ရန်မေ မေ မကြိုက်ဘူး။ မင်းမသွားရန်မေမေအလိုရှိတယ်။ ဤကဲ့သို့မဟုတ်ရင် အနည်းဆုံးဤရွှေနှလုံးတော်ရုပ်ပုံကလေး ကိုအမြဲတမ်း ဆောင်ထားဖို့ကတိထားပါဟုပြောလေ၏။ သားဖြစ်သူက စိတ်မပူပါနှင့် မေမေ၊ မေမေ၏ဆုတောင်း မေတ္တာနှင့် ကျွန်ုတော်ယခုဆောင်ထားရမည့် ရွှေနှလုံးတော်ကြောင့်၊ မည့်သည့်ဘေးဒုက္ခမျှကျွန်တော့အပေါ်သို့ ကျ ရောက်လိမ့်မည့်အဟုတ်ပါ ပြန်ဖြေလေ၏။ မိခင်ဖြစ်သူမှာသက်ပြင်းချလိုက်လေ၏။ အကြောင်းမူကား၊ သားဖြစ်သူ အားကျရောက်မည်ဖြစ်သော ဘေးရန်ကိုသိထားသောကြောင့်ဖြစ်၏။ သို့သော်သားဖြစ်သူအား မသွားရန်ထပ်မံတား မြစ်ရန်ကား အကျိုးမဲ့သာဖြစ်ချေသည်။ အက်ဒွက်သည်နာရီအနည်းငယ်အတွင်းမှာပင် အိမ်မှထွက်ခွာသွားလေ သည်။

လက်ဦးအစ၌ အက်ဒွက်သည်ဖြစ်နိုင်သည့်အခါတိုင်း၌ စက္ကရမင်တူးများကိုကြိုးစားခံယူခြင်းဖြင့် မိမိ၏ဘာ သာဝတ္တရားများကို သစ္စာရှိစွာစောင့်ရှောက်လေ၏။ သို့ရာတွင် အချိန်ကြာညောင်းလာသောအခါ ပေါ့လျော့လာလေ ၏။ မိခင်ထံစာရေးခြင်းလည်းနည်းပါးလာသဖြင့်မိခင်ဖြစ်သူမှာ စာပို့သမားအလာကိုစောင့်နေပါသော်လည်း အချည်း နှီးသာဖြစ်ချေတော့သည်။

အက်ဒွက်သည် သဘောင်္သားအလုပ်ကိုလုပ်ရန် ကက်လီဖိုးနီးယားရှိမိမိ၏ နေအိမ်စွန့်ခဲ့သည်မှာ နှစ်ပေါင်း များစွာကြာခဲ့လေပြီ။ သူတို့၏သင်္ဘောသည် နယူးဘရန်စ်ဝိခ်(New Brunswick)ရှိ စိန်ဂျွန်းသင်္ဘောဆိပ်၌ ဆိုက်လေ ၏။ သင်္ဘောသားများအတွက် တာဝန်ယူရသောရဟန်းတော်ကား အလွန်စိတ်အားထက်သန်သော ပုဂ္ဂိုလ်တပါးဖြစ် ၍သင်္ဘောသားများအား မစ္ဆားတရားနာရန်နှင့် စက္ကရင်မင်တူးခံယူရန်နှိုးဆော်တိုက်တွန်းလေ၏။ ရဟန်း၏ဖိတ်ခေါ် ခြင်းကိုလက်ခံသောသူများထဲတွင် အက်ဒွက်သည် တစ်ဦးအပါအဝင်ဖြစ်လေ၏။ သူသည်အာပတ်ဖြေ၍ ယေဇူး ကိုယ်တော်ကိုပင့်ယူလေ၏။ မစ္ဆားတရားပြီးဆုံးသောအခါ ရဟန်းတော်ထံသွားပြီးလျှင် ကိုယ်တော်၊ ကိုယ်တော့မှာ ယေဇူးရွှေနှလုံးတော်ပုံရှိခဲ့လျှင် တစ်ခုလောက်ပေးပါ။ တပည့်တော်သည် တပည့်တော်၏မိခင်ကို ရွှေနှလုံးတော်ပုံ အမြဲဆောင်ထားပါမညဟု ကတိထားခဲ့၏။ တပည့်တော်ကတိအတိုင်းလည်း မပျက်မကွက်ဆောင်ထားပါသည်။ သို့ သော်တပည့်တော်မှာရှိသော ရွှေနှလုံးတော်ပုံသည် ဟောင်းနွမ်းဆွေးမြေ့နေပါပြီဟု ပြောပြလေ၏။ ထိုအခါ ရဟန်း တော်က တစ်ခုမက များစွာပေးလိုက်ပြီးလျှင် သင်ယခုခံစားရသောကျေးဇူးတော်များသည် သင်၏ကတိကိုသစ္စာရှိ စွာစောင့်ရှောက်သောကြောင့်ဖြစ်၏ဟု ပြော၏။ ထိုအခါ အက်ဒွက်က ဟုတ်ပါတယ်ဘုရား။ ဒါတင်မကသေးပါဘူး၊ တပည့်တော်မိခင်၏ ဆုတောင်းမေတ္တာကြောင့်လည်းဖြစ်ပါသည်ဟုပြန်ဖြေလိုက်၏။

ရဟန်းတော်က ဆက်လက်၍ သင်၏မိခင်ထံသို့သင်သည် ဘုရားသခင်နှင့်ငြိမ်သက်ခြင်းပြုလုပ်ပြီးပြီဖြစ် ကြောင်း ဆက်လက်စာရေးပါဟု မှာကြားလိုက်လေ၏။

ကက်လီဖိုးနီးယားရှိသေးငယ်သောအိမ်ကလေး၌ မိခင်ဖြစ်သူသည် အိပ်ယာပေါ်မှာလဲလျောင်းကာသေခါနီး အခြေအနေရှိလေ၏။ ဆရာဝန်ကလည်း နေကုန်အောင်ခံမည်မဟုတ်ဟုပြောလေ၏။ သူသည် ငြိမ်သက်လျက်မိမိ လက်ထဲ၌မူကား ရွှေနှလုံးတော်ပုံကိုဆုပ်ကိုင်ထား၏။ စိတ်ထဲ၌ကား သူ၏သားသည် ရွှေနှလုံးတော်နှင့်အတူရှိရန် တောင်းပန်၏။ ထိုအခိုက် တံခါးခေါင်းလောင်းထိုးသံကြားလျက် သမီးကလေးဖြစ်သူမှာ တံခါးဖွင့်ရင်း ဝမ်းမြောက်စွာ အော်သံကြားရ၏။ ထိုအခါမိခင်ဖြစ်သူမှာ မိမိအနား၌စောင့်နေသောသူနာပြုဆရာမကလေးဘက်သို့ လှည့်၍ လေ သံတိုးတိုးဖြင့် အက်ဒွက်ထံကလာသည့်စာအကြောင်းကို သိချင်တယ်ဟု ပြောလေ၏။

မိနစ်အနည်းငယ်အတွင်း၌ သမီးကလေးဂဲထရူးသည်မိခင်ထံသို့လာ၍ အောက်ပါစာကိုဖတ်ပြလေ၏။ မေမေ၊ ရွှေနှလုံးတော်ပုံကို ကျွန်တော်အမြဲဆောင်ထားလျက်ရှိပါသည်။ ရွှေနှလုံးတော်၏သနားခြင်း၌ ကျွန်တော် သည် ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကိုတွေ့ရှိပါပြီ။ လာမည့်အချိန်ကာလများ၌ သနားခြင်းကြီးလှသောဘုရားသ ခင်အား မထိခိုက်ရန်သတိနှင့်ကြိုးစားနေထိုင်စောင့်ရှောက်ပါမည်။ သမီးကလေးဖြစ်သူသည် အထက်ပါစာကိုဖတ်ပြ စဉ် မိခင်ဖြစ်သူသည် မိမိသားအတွက် ကောင်းသတင်းကြားရ၍ ဝမ်းသာရွှင်ပြုံးလျက်ရှိသော်လည်း မကြာမှီရွှေနှလုံး တော်၏ချစ်ခြင်း၌ ငြိမ်းချမ်းစွာအသက်ကုန်ဆုံးလေသတည်း။

Credit: Printed by Catholic Press, Taungoo. 1961.

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *