ဇွန်လ(၂၂)#ဘက်သလေဟိမ်မြို့ရှိယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၂)#ဘက်သလေဟိမ်မြို့ရှိယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ ဘက်သလေဟိမ်မြို့မှ ငါ၌ရှိသောနှလုံးတော်ကားကလေးသူငယ်၏ နှလုံးဖြစ်၏။ ဘုရား၏နှလုံး တော်လည်းဖြစ်ပေသတည်း။ ငါသည် သူငယ်တော်အဖြစ်နှင့် ရှေ့အစဉ်အလာကို မျှော်ကြည့်သောအခါ ငါ၏နွားစား ခွက်သို့လာ၍ ဒူးထောက်ကြမည့်ကလေးများကိုတွေ့ဘိ၏။ ငါသည်လူလားမြောက်သောအရွယ်ဖြင့် ဤလောက၌ ပေါ်ထွန်းနိုင်တော်မူ၏။ သို့သော်လည်း ငါသည်ဤကဲ့သို့ပေါ်ထွန်းခဲ့ပါလျှင် ကလေးသူငယ်တို့သည် ငါပေးလိုသော ပုံစံတော်ကို ရကြမည်မဟုတ်ပေ။

ငါဖွားမြင်ရာနွားစားခွက်သို့ ချည်းကပ်ပြီးလျှင် တကိုယ်ကောင်းစိတ် မရှိအပ်ကြောင်းကိုသင်ကြားပါလော။ ငါသည်နန်းတွင်း၌ ဖွားမြင်ခြင်းကိုခံနိုင်၏။ သို့ရာတွင်ဆင်းရဲသောသူတို့သည် ငါ့အပါးသို့ချဉ်းကပ်ဝံ့မည်မဟုတ် ကြောင်း ငါ့ထံသို့ တယောက်မကျန်လာရောက်၍ ဖူးမျှော်နိုင်ကြရန် ငါသည်စည်းစိမ်ခံစားခြင်းအားလုံးကို ပယ်ရှားခဲ့ ၏။

မရှိနွမ်းပါးဆင်းရဲသားတို့အား မည်သို့ချစ်ခင်အရေးယူပြုစုရမည်ကို သင်ကြားပေးရန်အတွက် ငါသည် ဆင်း ရဲသားဖြစ်ခဲ့၏။ ဘက်သလင်ဟိမ်မြို့ရှိလူများတို့သည် ငါ့အားတည်းခိုရန် နေရာမပေးဘဲနေကြသောအခါ ငါသည် အီဂျစ်တူးပြည်သို့ထွက်ပြေးတိမ်းရှောင်နေခဲ့၏။ ငါ၏မိဘမျာသည်လည်း ငါ့နည်းတူ သည်းခံခြင်းနှင့်ခံထမ်းခဲ့ကြ၏။

ငါသည်ငါ၏မယ်တော်နှင့် သံဇူဇယ်တို့အားငါ့အပေါ်၌သူတို့ပြုစေလိုသမျှကို အခွင့်ပြုခြင်းဖြင့်၊ နားထောင် ခြင်းပါရမီကိုငါသည် ဆည်းပူးခဲ့၏။ သင်သည်လည်းသင်၏ မိဘများအပေါ်မှာ ဤသို့စိတ်မျိုးကိုအမြဲပြပါသလား။ အထက်ဖေါ်ပြပါသင်ခန်းစာများကိုငါဖွားမြင်ရာ နွားစားခွက်၌ သင်သည် သင်ကြားနိုင်ပါသည်။ ထို့ကြောင့်ငါသင်ပေး သောသင်ခန်းစာများကို လက်တွေ့လေ့ကျင့်ရအောင် သင့်ကိုယ်ကို အရွယ်ကြီးလွန်းသည်ဟု၍ မထင်မှတ်ပါနှင့်။

အိုချစ်ဖွယ်လှသောယေဇူးသူငယ်တော် ဘက်သလေဟိမ်မြို့၌ ကိုယ်တော်သင်ကြားခဲ့ပြီးသော သင်ခန်းစာ များကို တပည့်တော်အားသင်ကြားပေးတော်မူပါ။ ကိုယ်တော်လေ့ကျင့်စေလိုသော ပါရမီများကိုလည်းဆည်းပူးနိုင် အလို့ငှာ တပည့်တ်ာကို ကိုယ်တော်နှင့်နီးကပ်စွာထားတော်မူပါ။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ရှေ့တော်မှောက်သို့ လာရောက်ပြီးလျှင် ဘက်သလေဟိမ်မြို့၌ ရွှေနှလုံးတော် သင်ပြသောပါရမီများကို လူအားလုံးတို့လေ့ကျင့်ကြစေရန် ဆုတောင်းပါ။

ဆုတောင်း။ ။ သာယာချိုလှသောယေဇူး၏ ရွှေနှလုံးတော်၊ ကိုယ်တော်သည် ကျွန်ုပ်၏ချစ်ခင်ရာဖြစ်တော်မူပါ။

ဥပမာပုံပြင်။

စာသင်ကျောင်းဆင်းလေပြီ။ ဆရာမသည် မိမိစားပွဲ၌ တဖန်ပြန်၍ထိုင်နေစဉ် တံခါးခေါက်သံကြားလေ၏။ ထို့နောက်သူမ၏ တပည့်မတစ်ယောက်ဝင်လာလေ၏။ ထိုမိန်းကလေးသည် သူမ၏စာသင်ခုံထဲ၌ စာအုပ်မေ့ကျန်ခဲ့ သဖြင့် သွားယူပါရစေဟုအခွင့်တောင်းလေ၏။ ဆရာမကလည်း ကောင်းပြီဟုပြောပြီးလျှင် အဖြေစာရွက်များကို ဆက်၍ အမှားအမှန်စစ်ဆေးနေ၏။ အိုင်ရင်းသည် မိမိစာအုပ်တွေ့ပြီးနောက် ဆရာမစားပွဲနားသို့ လာပြီးလျှင် ဆရာမ ယနေ့မနက်ဆရာမ သင်ပေးတဲ့ မေတ္တာကလေးကို ကျွန်မကြိုက်လို့ ခဏခဏရွတ်ဆိုပါတယ်ဟု ပြောပြလေသည်။ ဆရာမက ဘယ်မေတ္တာလဲဟု မေးရာ အိုင်ရင်းက အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူး၏ရွှေနှလုံးတော်၊ တ ပည့်တော်သည်ကိုယ်တော့်ကို ယုံကြည်ကိုးစားခြင်းရှိပါသည်ဟု ပြန်ဖြေလေ၏။ ဆရာမက ဟုတ်တယ်၊ ဒီမေတ္တာ သည် အလွန်ကောင်း၍ မင်းဘယ်တော့မျှမမေ့ဘူးဟုမျှော်လင့်ပါတယ်။ ရွှေနှလုံးတော်ကို ယုံကြည်ကိုးစားခြင်းရှိပါ လျှင် ရွှေနှလုံးတော်သည်မင်းကို ဘေးဥပဒ်မှကာကွယ်ပါလိမ့်မည်ဟု ရှင်းပြလေ၏။ အိုင်ရင်းက ဆရာမ၊ ရွှေနှလုံး တော်သည် ကျွန်မကိုဘေးဒုက္ခမှ ကာကွယ်မည်ကိုစိတ်ချပါသည်။ အကြောင်းမူကား ၎င်းမေတ္တာကိုကျွန်မအခါများ စွာ ဆိုပါသည်ဟုပြောလေ၏။

ရက်အနည်းငယ်ကြာပြီးနောက် အိုင်ရင်းသည်ကျောင်းကအပြန်လမ်းကို ဖြတ်ရန်မောင်းနှင်လာသော မော် တော်ကားအရှေ့ဖြတ်ပြေးလေ၏။ မော်တော်ကားများမှာ အထက်အောက်မောင်းနှင်သွားလာနေကြသောကြောင့် အိုင်ရင်းသည် လူသွားလမ်းတဖက်မှတဖက်သို့ မရောက်နိုင်တော့ချေ။ ထိုအခါ လျှင်မြန်စွာဖြင့် အလွန်သန့်ရှင်း စင်ကြယ်တော်မူသော ယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်သည်ကိုယ်တော့်ကို ယုံကြည်ကိုးစားခြင်းရှိပါသည်ဟု ရွတ်ဆိုလိုက်လေ၏။ သို့ရာတွင်အိုင်ရင်းသည် မော်တော်ကားရှေ့ဦးဖုံးပေါ်သို့ တော်တော်အလှမ်းဝေးကွာသည်ထိ ပါသွားလေ၏။ ထိတ်လှန့်လျက်ရှိသောမော်တော်ကားမောင်းသမားသည် ဘရိတ်ကိုအုပ်နိုင်၍ကားကိုရပ်ပြီးလျှင် ထို မိန်းကလေးအားကြည့်လိုက်သောအခါ မိန်းကလေးမှာ တစ်စုံတရာဒဏ်ရာမရဘဲ ရှိသည်ကိုတွေ့လေ၏။ အနီးအနား ရှိလူများသည် စုဝေးလာကြ၍ တစုံတရာထိခိုက်သလားဟု ကြင်နာသောစိတ်နှင့်မေးမြန်းကြရာ သူက ကျွန်မဘာမျှ မထိခိုက်ပါ။ ကျွန်မက အလွန်သန့်ရှင်းစင်ကြယ်တော်မူသောယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်မသည် ကိုယ် တော်၌ယုံကြည်ကိုးစားခြင်းရှိပါသည်ဟု ရွတ်ဆိုသဖြင့် ရွှေနှလုံးတော်ကကျွန်မကို ဘေးရန်အပေါင်းမှ ကာကွယ် စောင့်ရှောက်တော်မူပါတယ်ဟု ပြန်ဖြေလေ၏။

အိုင်ရင်းသည် အိမ်ပြေန်ရောက်လာ၍ မိခင်အားအကျိုးအကြောင်းပြောပြသောအခါ မိခင်သည် သမီးလွတ် မြောက်ခဲ့သောကြောက်မက်ဖွယ်ဘေးဒုက္ခကိုစဉ်းစား၍တုန်လှုပ်ပြီးမျက်နှာဖြူဖတ်ဖြူရော်ဖြစ်လာလေ၏။ ထို့နောက် ရွှေနှလုံးတော်အားသဒ္ဓါကြည်ညိုခြင်းရှိရမည့်အကြောင်း မိမိသမီးကလေးအားသင်ကြားပေးသည့် ကျောင်းတော်သို့ ပို့ရသောကြောင့် ဘုရားသခင်အားကျေးဇူးတင်ပါသည်ဟု ရွတ်ဆိုလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *