ဇွန်လ(၂၁)#ယေဇူးရွှေနှလုံးတော်၌ ယုံကြည်ကိုးစားခြင်းရှိပါလော။
ဇွန်လ(၂၁)#ယေဇူးရွှေနှလုံးတော်၌ ယုံကြည်ကိုးစားခြင်းရှိပါလော။
ငါ့သား၊ ငါအလွန်ချစ်ခင်မြတ်နိုးတော်မူလှသော သူတို့သည် ငါ့အပေါ်မှာ ယုံကြည်ကိုးစားခြင်းကင်းမဲ့ကြ ကုန်၏။ ထို့ကြောင့်ငါ၏နှလုံးတော်မှာ ထုတ်ဖော်မပြနိုင်လောက်အောင်ဝမ်းနည်းခြင်းကြီးမားလှ၏။
သင့်တသက်တာအတွင်း ဖြစ်ရောက်သမျှ အရာခပ်သိမ်းဖြစ်စေ၊ နေ့စဉ်နှင့်အမျှ သင်တွေ့ကြုံနေရသောဆင်း ရဲဒုက္ခများ၊ စုံစမ်းခြင်းများနှင့် အခက်အခဲများဖြစ်စေ၊ အလုံးစုံကိုသိမြင်တော်မူသော မြတ်စွာဘုရား၏စီမံခန့်ခွဲခြင်းမှ ဖြစ်လာသည်ကို သင်၏စိတ်၌ သံမှိုနှင့်ရိုက်ထားဘိသကဲ့သို့ စွဲမြဲပါစေလော။ ထို့ကြောင့် ဘုရားသခင်ပို့လိုက်သည်ဟု အောက်မေ့လျက် ဝမ်းနည်းခြင်းမရှိပဲ အပြစ်တင်ခြင်းကိုလည်းရှောင်ရှားလျက်၊ ကြီးစွာသောယုံကြည်ကိုးစားခြင်းနှင့် အားလုံးကိုလက်ခံပါလော့။ သင်၏ဆင်းရဲဒုက္ခကိုလည်း ငါ၏ရွှေနှလုံးတော်အတွင်း၌ထည့်သွင်းထားပါလော့။ ထာဝ ရဆုတော်လာဘ်တော် ကိုခံယူရန် အချိန်ရောက်လာသောအခါ သင်ခံရလတံ့သော ဗေါင်းတော်၌မွမ်းမံစီခြယ်ရန် အ ဖိုးမဖြတ်နိုင်သောရတနာများကဲ့သို့ ၎င်းတို့ကိုသင့်အားငါပြန်ပေးတော်မူလိမ့်မည်။
ငါ့သား၊ သင်၏အပြစ်များမည်မျှကြီးစေကာမူ သင်သည်ငါ့ထံမှမည်မျှဝေးစွာ ကွဲလွင့်စေကာမူ၊ အပြစ်ဆပ်ဖြေ ရာ တရားခွင်သို့လာပါလော။ ထိုနေရာ၌ သနားတတ်သော ငါ၏နှလုံးတော်အားသင်၏အပြစ်အားလုံးကို ဖော်ပြပြီးမှ ငါ၏သနားခြင်းနှင့် ချစ်ခြင်းကို လုံးလုံးလျားလျားယုံကြည်ကိုးစားလျက် ဆက်လက်သွားပါလော။
အိုချစ်ဖွယ်လှသောယေဇူးသခင်၊ ကိုယ်တော်သည် တပည့်တော်အပေါ်မှာ သနားခြင်းကိုပြတော်မူခဲ့သည် ဖြစ်၍ ကိုတော်အားယုံကြည်ကိုးစားခြင်းမရှိပဲ အဘယ်သို့နေနိုင်ပါအံ့နည်း။ ဆင်းရဲဒုက္ခစုံစမ်းခြင်း အခက်အခဲများနှင့် တွေ့ကြုံရတိုင်း၊ ၎င်းတို့ကို ကိုယ်တော်အားအပ်နှံပူဇော်လျက် ကိုယ်တော့အပေါ်၌ လုံးလုံးလျားလျား ယုံကြည်ကိုး စားခြင်းရှိရန် ကျေးဇူးတော်ကိုတောင်းခံပါတော့မည်။
ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကို သွားရောက်ဖူးမျှော်ပြီး လျှင်တည်ကြည်ခိုင်မြဲသော ယုံကြည်ကိုးစားခြင်းရရှိရန် အတွက်ဆုတောင်းပါ။
ဆုတောင်း။ ။ အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူး၏ရွှေနှလုံးတော် ကိုယ်တော်၌ ယုံကြည်ကိုးစားခြင်း ရှိပါသည်။
ဥပမာပုံပြင်။
မေဟုခေါ်သော မိန်းကလေးသည် အလွန်လှပသော အိမ်ကြီး၌နေရသော်လည်း တစ်ဦးတည်းငြီးငွေ့လျက် ရှိလေသည်။ သူ့အသက်(၅)နှစ်အရွယ်၌ သူ၏မိခင်သေဆုံးသွားလေသည်။ မိခင်သေဆုံးသည့်နေ့မှစ၍ ဖခင်မှာတမူ ထူးခြားလာပြီးလျှင် ဘုရားကျောင်းသို့တခါမျှ မသွားတော့ချေ။ သမီးဖြစ်သူသည် မိခင်ရှိစဉ်ကပင် ကြိုးစား၍ကစား ပါသော်လည်း ဖခင်ဖြစ်သူက သူ့အားဆူညံလွန်းသည်ဟုပြော၏။ သို့မဟုတ် အခန်းအပြင်သို့ထွက်သွားလေ၏။
တနေ့သ၌ ဆရာမတစ်ယောက်သည် စာသင်ကျောင်း၌မိမိတပည့်များအား အလွန်သန့်ရှင်းစင်ကြယ်တော်မူ သော ယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်သည် ကိုယ်တော်၌ယုံကြည်ကိုးစားခြင်းရှိပါ၏၊ ဟူသောမေတ္တာတစ်ပုဒ် ကို မင်းတို့အားငါသင်ပေးမည်။ ၎င်းမေတ္တာကိုလည်းမင်းတို့ ခဏခဏဆိုစေချင်ပါတယ်ဟုပြောပြီးမှ၊ မင်းတို့သည် ရွှေနှလုံးတော်၌ အမြဲယုံကြည်ကိုးစားခြင်းရှိရမည်ဟု ပြောလေ၏။
ထိုအခါမေသည်အတန်းထဲတွင်သူ့ကိုစကားပြောရန်အခွင့်ပေးပါမည့်အကြောင်းလက်ထောင်ပြီးလျှင်၊ ဆရာ မ၊ ကျွန်မတို့မိခင်ကိုသိမ်းပိုက်သွားလျှင်လည်းအတူတူပဲယုံကြည်ကိုးစားခြင်းရှိရမည်လားဟုမေးလေရာ၊ ဟုတ်တယ် မိန်းကလေး။ မင်း၏မိခင်သည် အသက်ရှင်လျက်ရှိပါမူ ဒုက္ခခံထမ်းရမည်ကို သခင်ယေဇူးကိုသိထားသည်ဖြစ်၍ ကောင်းကင်မှာ မင်းရဲ့မေမေပျော်ရွှင်ခြင်းရှိရအောင်သူ ခေါ်ယူခြင်းဖြစ်တယ်ဟုရှင်းပြလေ၏။
စာသင်ကျောင်းဆင်းလာသောအခါ၊ ဆရာမသည်ထိုမိန်းကလေးအားရွှေနှလုံးတော် ရုပ်ပုံကလေးတစ်ခုပေး ၏။ ၎င်းပုံတော်၌ အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူ၏ရွှေနှလုံးတော်တပည့်တော်သည်ကိုယ်တော်၌ ယုံ ကြည်ကိုးစားခြင်းရှိပါ၏။ မေတ္တာကလေးပါရှိ၏။ မေသည်ဝမ်းသာလှသဖြင့်ဖေဖေကို ဒီမေတ္တာအဆိုခိုင်းမည်ဟုပြော လေ၏။ မေသည် သူ၏ဖခင်ထံသို့သွား၍ အထက်ပါမေတ္တာကလေးကို သူ့အားသင်ပေးရန်ခိုင်းလေ၏။ သူ၏ဖခင်က ၎င်းစကားများကိုသင်ပေး၏။ သို့သော်၊ မေကား မိမိဆိုရုံနှင့်မကျေနပ်သဖြင့် ဖခင်အား၎င်းမေတ္တာကလေးကို ထပ်ခါ တလဲလဲဆိုစေ၏။ သမီးကလေးနှစ်သက်စေရန် ဖခင်ဖြစ်သူလည်းထပ်ခါထပ်ခါဆိုလေ၏။ ထို့နောက်မေသည် ၎င်းပုံ ကလေးကိုဖခင်၏ စားပွဲပေါ်မှာတင်ထားခဲ့သည်ဖြစ်၍ ဖခင်ကားမမြင်ဘဲ မမြင်နိုင်တော့ချေ။ ရက်ပေါင်းများစွာမေ သည် ဖခင်ထံသို့လာ၍ ၎င်းမေတ္တာ၏ အဓိပ္ပါယ်ကိုစဏ်စားစပြုလာ၏။ မည်သည့်ဘက်ကိုပင်လှည့်လှည့် ရုပ်ပုံထဲရှိ ယေဇူးရွှေနှလုံးတော်၏ မျက်လုံးတော်များသည် သူ့ကိုကြည့်နေသကဲ့သို့ ပင်ဖြစ်တော့်၏။
တစ်နေ့သောအခါ ဖခင်ဖြစ်သူသည်အခန်းတွင်း၌စာရေးနေစဉ်၊ မေသည်ပြေးဝင်လာပြီးလျှင်ဖေဖေ၊ သမီးမှာ အလွန်ကေင်းမြတ်သောလျှို့ဝှက်ရာသတင်းတစ်ခုရှိတယ်ဟုပြောသဖြင့် ဖခင်ကဘာလဲဟုမေးသောအခါ ဆရာမက မေမေအတွက် ပူဇော်ပေးနိုင်သည်ဟုလည်း ပြောပါတယ်။ မေမေလည်းမိုးကောင်းကင်မှ ရွှေနှလုံးတော်နှင့်အတူ သ မီးတို့ကို ကြည့်နေသည်ဟု သမီးထင်ပါသည်။ ဒါကြောင့် ဖေဖေ၊ သမီးပထမကိုယ်တော်မြတ်ပင့်ယူသောနေ့မှာ ဖေ ဖေလာမည်မဟုတ်လား၊ ဖေဖေလာလျှင် သမီးတို့အားလုံးအမြဲပျော်ရွှင်မှာဘဲ ဟုပြောလေ၏။ ဖခင်က ဖြည့်ညှင်းစွာ ဖြင့် ဖေဖေစဉ်းစားအုံးမည်ဟုသာဖြေလိုက်လေ၏။
မေ အခန်းထဲမှ ထွက်သွားပြီးနောက် ဖခင်ဖြစ်သူသည် ကြာမြင့်စွာနက်နက်နဲနဲစဉ်းစားနေလေ၏။ ထို့နောက် သမီးကလေးပြောသောစကားများကို စဉ်းစားရင်း ရွှေနှလုံးတော်ကားချပ်ကိုယူလိုက်လေ၏။ သူ၏ဇနီးသည် ဘုရား သခင်ကို ချစ်ခင်ခြင်းနှင့် ယုံကြည်ကိုးစားခြင်းများစွာရှိသည်ကို သူသိ၏။ သူမူကား ဘုရားသခင်အပေါ်၌ ယုံကြည် ကိုးစားခြင်းမရှိခဲ့ချေ။ သို့ဖြစ်၍ သူလည်းရွှေနှလုံးတော်၌ ယုံကြည်ကိုးစားခြင်းရှိရန် သမီးကလေးခေါ်ဆောင်ရာသို့ လိုက်ပါတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေ၏။
Credit: Printed by Catholic Press, Taungoo. 1961.