#St.Antonius (Bishop), စိန့်အန်တိုနီအူးစ် (ဆရာတော်) #10 May 2021

#St.Antonius (Bishop), စိန့်အန်တိုနီအူးစ် (ဆရာတော်) #10 May 2021

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

သူသည် စာချုပ်စာတမ်း မှန်ကန်ကြောင်း တံဆိပ်ရိုက်သော သူ၏သားဖြစ်သည်။ ဖလော်ရင်တိန် ပြည်ထောင်စု နိုင်ငံသားဖြစ်သည်။ စိန့်အန်တိုနီအူးစ်သည် အသက်(၁၅)နှစ်အရွယ်၌ တရားဟောပြော သူများဂိုဏ်းသို့ လက်ခံဝင်ရောက်ခဲ့သည်။ သူ့အား ခေါ်တော်မူခြင်း စစ်မှန်ကြောင်း သက်သေပြနိုင်ရန် ကာနွန်ဥပဒေအား အလွတ်ကျက်မှတ်ခိုင်းသည်။ ဤကဲ့သို့ ခက်ခဲလှသောစာအား အလွတ်ရွတ်ပြနိုင်သည့်အတွက် သူ့အား ရသေ့ကျောင်း ဝင်ခွင့်ပေးကြ၍ ရသေ့ဖြစ်လာသည်။

စိန့်အန်တိုနီအူးစ်သည် ထူးခြားသည့် ကျေးဇူးတော်ကြောင့် ဝိညာဉ်ရေး လမ်းညွှန်သင်ရာတွင် သက်သေပြနိုင်သည်။ သူ၏လုပ်ငန်းဆောင်ရွက်ရာ၌ တည်ကြည်မှု၊ သန့်ရှင်းမှုနှင့် စည်းကမ်းသေဝပ်မှုကြောင့် ကျောင်းတိုင်းအတွက် အကြီးအမှုးအဖြစ် ကွပ်ကဲစေကြသည်။ ၁၄၃၃-ခုနှစ်မှ ၁၄၄၆-ခုနှစ်အထိ ဒေါမိနစ်ကန်ဂိုဏ်း၏ စည်းကမ်းဥပဒေဆိုင်ရာ (Vicar) ဆရာတော် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်သည်။

၁၄၄၆-ခုနှစ်၌ စိန့်အန်တိုနီအူးစ်အား ပုပ်ရဟန်းမင်းကြီး ယူဂျင်း(၄)က သာသနာမှ ထုတ်ပယ်ခံရသူတို့အား အရေးယူရာ၌ တာဝန်ယူရန် ခန့်အပ်ခြင်း ခံရသည်။ ထို့ကြောင့် ဖလောရင့်နယ် ဂိုဏ်းချုပ်အဖြစ် တာဝန်ယူသည်။ ၎င်းတာဝန်အား (၁၃)နှစ်အတွင်း သူသေသည်အထိ တာဝန်ယူရသည်။ ရသေ့ကျောင်း၏ ခြိုးခြံခြင်းဘဝနှင့် ရိုးသားခြင်းအား သူ၏ သံဃာတော် အစည်းအဝေး၌ တင်ပြသည်။ အဝတ်အစားများရောင်း၍ ဆင်းရဲသားများအား ပေးကမ်းခြင်းအား ဦးစားပေးသည်။

ညပိုင်းအချိန်ရပါက စာရေးခြင်းဖြင့် အချိန်ကုန်စေသည်။ သူ၏ Suma Theologycal Morallia သည် အနှစ်(၅၀)အတွင်း (၁၅)ကြိမ် ထုတ်ဝေခဲ့ရသည်။ အာပတ်ဖြေခြင်းနှင့် နောင်တတရားဆိုင်ရာ စာအုပ်သည် နာမည်ကျော်ကြားသည်။ ၎င်းစာအုပ်သည် မိသားစု၌ မိခင်၏ဘဝကို သရုပ်ပေါ်အောင် ရေးသားခြင်းဖြင့် ဘုရားသခင်၏ စီမံတော်မူခြင်းအား သွန်သင်ခဲ့သည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *