သန့်ရှင်းသောဝိညာဥ်တော်ဘုရား

နေ့စဥ်နံနက် ဆိုအပ်တဲ့ ဆုတောင်းမေတ္တာမှာ “သန့်ရှင်းသောဝိညာဥ်တော် ဘုရားထံ ဆုတောင်း” ရှိနေတာကြောင့် လူ့တွေမှာ မရနိုင်၊ မရှိနိုင်တဲ့ ကျေးဇူးတော်တွေကို ဝိညာဥ်တော် ဘုရားကနေ ရရှိနေကြပါတယ်။ အခုလို ခက်ခဲတဲ့ အချိန်မှာ သခင်ခရစ်တော်ရဲ့ ပါရမီနဲ့ တရားကျင့်စဥ်တွေကို အတုယူနေကြတဲ့ ခရစ်ယာန်တွေကို ကူညီ လမ်းပြပေးဖို့ သခင်ယေဇူးကိုယ်တိုင် စေလွှတ်တဲ့ သန့်ရှင်းသော ဝိညာဥ်တော်ဘုရားဟာ ကျွန်ုပ်တို့နဲ့ အတူ ရှိပါတယ်။ ကက်သလစ် ဘာသာတူတွေအနေနဲ့ ဆုတောင်းတိုင်း ခရူစူးအမှတ်သားပြီး “ခမည်းတော်၊ သားတော်၊ ဝိညာဥ်သော ဝိညာဥ်တော် ပုဂ္ဂိုလ်သုံး တစ်ဆူးဘုရားနဲ့ နာမတော်မြတ်ကို ရွတ်ဆိုချိန်မှာ…

#ဝိညာဥ်တော်မြတ်ဘုရားက_မိမိအတွင်းစိတ်နှလုံးသားမှာ_တည်ရှိနေတယ် ဆိုတာကို လုံးဝယုံကြည် ကြပါတယ်။

နေ့စဥ်ပုံမှန် သန့်ရှင်းသော ဝိညာဥ်နော်ဘုရားထံ ဆုတောင်းမေတ္တာကို ရွတ်ဆိုခြင်းအားဖြင့် ရရှိမယ့် အသီးအပွင့်၊ ဆုကျေးဇူးတော်တွေကို ဂလတိကျမ်း (၅း၂၂-၂၃) မှာ အခုလို ဖတ်ရှုနိုင်ပါတယ်။

“…ဝိညာဉ်တော်၏ အသီးအပွင့်များ သည်ကား ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက် ရွှင်လန်းခြင်း၊ ငြိမ်းချမ်း သာယာခြင်း၊ စိတ်ရှည် သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း ၊ သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း ၊ မိမိကိုယ်ကိုချုပ်တီးခြင်း စသည်တို့ ဖြစ်ကြ၏။”

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ကလည်း ကျွန်ုပ်တို့ကို အခုလို မိန့်ကြား ထားပါတယ်။

“သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် #ကျွန်ုပ်တို့ဘဝအတွက်_အဓိကပဲ့ကိုင်သူ ဖြစ်ဖို့ ရန် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲ၌ ဝိညာဉ်တော် ဘုရားအတွက် နေရာပြင်ပေးရမယ်။”

အဲဒီလို ယုံကြည်စိတ်နဲ့ပဲ သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို ဖိတ်ခေါ်တဲ့ ဆုတောင်းမေတ္တာကို ရွတ်ဆိုကြပါတယ်။ အဲဒီမေတ္တာကို ပုံမှာ ဖော်ပြထားပါတယ်။ …

အခုပဲ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးမှာ မရှိမဖြစ် လိုအပ်နေတဲ့ သန့်ရှင်းသော ဝိညာဥ်တော် ဘုရားကို ဖိတ်ခေါ်ပြီး မတရားမှု မှန်သမျှကို ရဲရင့်စွာ ချေမှုန်းကြပါစို့။

ထန်းဟာ, SJ

သန့်ရှင်းသော ဝိညာဥ်တော် ဘုရားနဲ့ ပတ်သက်ပုံ ကက်သလစ်အသင်းတော်ရဲ့ သွန်သင်ချက်ကို ဖာသာရ်ရေမွန်သန်း SDB ရေးသားထားတဲ့ ဆောင်းပါးကို ဖတ်ရှု ခွန်အား ယူနိုင်ပါတယ်။

https://bit.ly/3nTVhRe (အပိုင်း – ၁)

https://bit.ly/3y0KTvA (အပိုင်း – ၂)

Photos Crd: #companionofyouth

#RVAMyanmar #Lanpyatharya google image

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *