မွတ်ဆလင်ဖာတီမာ နှင့် ဖာတီမာမယ်တော်

မွတ်ဆလင်ဖာတီမာ နှင့် ဖာတီမာမယ်တော်

~~~~~~~~~~~~~~~~~

ပေါ်တူဂီနိုင်ငံ ဖာတီမာရွာလေး၌ မယ်တော်မာရီးယားသည် သိုးကျောင်းသားကလေးသုံးဦးကို ခြောက်ကြိမ်တိုင် ထင်ရှားပြခဲ့သည်။ မေ ၁၃ မှ အောက်တိုဘာ ၁၃ ထိထင်ရှားပြခဲ့သည်။

#ဖာတီမာရွာလေး၏နောက် ခံရာဇဝင်~

မွတ်ဆလင်တို့သည် စပိန် နှင့် ပေါ်တူဂီရှိ အိုင်ဘဲရီးယားကျွန်းဆွယ်ကို အေဒီ ၇၁၁မှ စ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုဒေသများသည် မွတ်ဆလင်လက်အောက်တွင် နှစ်ရာစု တော်တော်များများ ကျရောက်ခဲ့သည်။ အေဒီ ၉၂၉ နှင့် ၁၀၃၂ ကြားတွင် မွတ်ဆလင်ယဉ်ကျေးမှု လွမ်းမိုးမှု အထွတ်အထိပ်ရောက်ခဲ့သည်။ သို့သော် ၁၄၉၆ ခုနှစ်မှစ၍မွတ်ဆလင်များ အင်အားဆုတ်လျော့လာသည်။

မွတ်ဆလင်များ စစ်အရှုံးမျာနှင့်ရင်ဆိုင်ရ၍ နောက် ဆုတ်ရမည့်အချိန်ရောက်လာသည်။ ထိုချိန်၌ #မွတ်ဆလင်ခေါင်းဆောင်တစ်ဦးတွင် ဖာတီမာ အမည်တွင်သော သမီးပျိုတစ်ဦးရှိသည်။ သူမသည် ကက်သလစ် စစ်သူရဲတစ်ဦးနှင့် မေတ္တာမျှနေခဲ့သည်။ ထိုကြောင့် မွတ်ဆလင်နိုင်ငံသို့ ပြန်မလိုက်တော့ဘဲ နေခဲ့သည်။ ခရစ်ယာန်ဘုရင်ကလည်း ဖာတီမလေးအား အထူးအခွင့်အရေးပေးကာ ဆေးကြောခြင်းခံယူစေပြီး ထိုကက်သလစ် စစ်သူရဲလေးနှင့် လက်ထပ်ပေါင်းသင်းစေခဲ့သည်။ ခင်ပွန်းဖြစ်သူသည် မိမိဇနီးအားအလွန်ချစ်မြတ် နိုးလေရာ သူတို့နေထိုင်ရာနေရာလေးကို ဖာတီမာဟု အမည်ပြောင်းပေးခဲ့သည်။

#ပရောဖက်မိုဟာမက်၏ သမီးတော် ဖာတီမာ

ဖာတီမာသည် မိုဟာမက်နှင် ကာဒီဂျာ မှ ဖွားမြင်သော သမီးရတနာဖြစ်ပြီး အထွေးဆုံးဖြစ်သည်။ အေဒီ ၆၀၅ခန့်တွင်ဖွားမြင်သည်။သူမသည် သူ့ဖခင်အတွက် မားမားမတ် မတ်ရပ်တည်ခဲ့သည်။ ဖခင်ကြီး အတိုက်အခံများစွာနှင့် ရင်ဆိုင်ရချိန် ဖခင်ဘက်၌ ရပ်တည်ပေးခဲ့သည်။ သူမဖခင် ဆုံးပြီးနောက် ၆လခန့်တွင် သူမလည်းကွယ်လွန်ခဲ့သည်။ထိုစဉ် သူမ၏အသက်မှာ ၂၉နှစ်သာရှိသေးသည်။ မိုဟာမက်က သူ၏အချစ် တော် သမီးတော်အား “မယ်တော်မာရီယားပြီးရင် ကောင်းကင်နိုင်ငံမှာ အမြင့်ဆုံးနေရာရသည်” ဟုကြွေး ကြော်ခဲ့သည်။

#ခရစ်ယာန်တော်တော်များများမသိသေးသည့်အချက်

မိုဟာမက်သည် မယ်တော်မာရီယားအပေါ် အလွန်ရိုသေလေးစားခြင်းရှိသည်။ ကိုရမ်ကျမ်း၌ မယ်တော်မာရီယား ၏အမည် (၃၄)ကြိမ်ပါသည်။ ကိုရမ်ကျမ်း၌ အခြားမည်သည့် အမျိုးသမီးအမည်နာမ မှ ပါဝင်ခြင်းမရှိချေ။ သမီးတော် ဖာတီမာ၏ နာမည်ပင် မပါချေ။

မိုဟာမက်သည် မယ်တော်မာရီယားအား ယုံကြည်သူအားလုံး၏ စံပြဟု မိန့်ကြားခဲ့သည်။ကိုရမ်ကျမ်း (၆၆း၁၂) ၌ “သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့် ကျမ်း စာတော်မြတ်ကို ယုံကြည်သည်” ဟု မယ်တော့်ကိုရည်ညွှန်းဖေါ်ပြထားသည်။ မိုဟာမက်သည် ယေဇူးအား ပရောဖက်အဖြစ် လက်ခံသည်နှင့်အညီ ပရောဖက်၏ အမေဖြစ်ခွင့်ရသော မယ်တော်မာရီယားကို အထူးတလည် ချီးမွမ်းထားသည်။

ကိုရမ်ကျမ်း (၃း၄၂)၌ #အာလ္လာအရှင်မြတ်သည်သင့်ကိုရွေးချယ်ခဲ့၍ #သန့်ရှင်းစေကာမိန်းမတကာတို့ထက်မြင့်တင်တော်မူလေပြီ” ဟု

#မယ်တော့်အားမိန့်မြွက်ထားသည်။ ဤအချက်သည် ရှင်လုကာ (၁း၂၈) ရှိ” #ဂုဏ်ကျေးတော်နှင့်ပြည့်စုံသောမယ်တော်….#မိန်းမတကာတို့ထက်သခင်မသည်မင်္ဂလာရှိပါ၏” ဟူသော အချက်နှင့် ကိုက်ညီလေသည်။

#ဖာတီမာမယ်တော်

မယ်တော်မာရီယားသည် ဤကဲ့သို့ လှပသော နောက်ခံရာဇဝင်ရှိသည့် ဖာတီမာရွာလေး၌ ရွေးချယ်ထင်ရှားပြခဲ့ခြင်းသည် အကြောင်းရှိသည်ဟု ကျမ်းပညာရှင်များက မှတ်ချက်ပေးကြသည်။

ဆရာတော်ဖူတန်ရှင်း၏အ ဆိုအရ ဤအရာသည် မွတ်ဆလင်များနှင့် သာ၍ ချစ်ခင်စည်းလုံးစေမည့်အဖြစ်အ ပျက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ #ဤအရာအားလုံးသည်ဒဏ္ဏာန်ရီတစ်ခုမဟုတ်သကဲ့သို့တိုက်ဆိုင်မှုတစ်ခုလည်းမဟုတ်ပါ။ ဘုရားသခင်၏ စနစ်တကျစီစဉ်ထားခြင်းဖြစ်လေသည်။

ဤအကြောင်းအရာများကို ဖတ်မိမှတ်သားမိသောအ ခါဝယ် ဘုရားသခင်ကိုသာ၍ အံ့သြသကဲ့သို့ ပို၍ ယုံကြည်လာမည်မှာ မလွဲပေ။ အရာရာ၌ ကောင်းမြတ်တော်မူသော ဘုရားသခင်အား ယုံကြည်ကိုးစားရင်း ဘုန်းဂုဏ်တော်ကို အစဉ်ချီးမွမ်းဖို့သာ ကျန်တော့သည်။

#ကမာလူ

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *