St. Dominic Savio, စိန့်ဒေါမိနစ်ဆာဗီယို (1842-1857) #6 May 2021

St.Dominic Savio, စိန့်ဒေါမိနစ်ဆာဗီယို (1842-1857) #6 May 2021

သူသည် အီတလီပြည် မြောက်ပိုင်း၊ မာရီဒိုမြို့၌ (၁.၄.၁၈၄၂) ခုနှစ်တွင် မွေးဖွားသည်။ မိဘများမှာ ချားလ်စ် ဆာဗီယိုနှင့် ဘရီဂျစ်တို့ ဖြစ်ကြသည်။ စိန့်ဒွန်ဘော့စ်ကို၏ ပထမ တပည့်များမှ တစ်ယောက် အပါအဝင် ဖြစ်သည်။

စိန့်ဒေါမိနစ်၏ ဘဝသည် မိမိ၏အိမ်နှင့် ဘုရားကျောင်းတော်တွင် အစပျိုးခဲ့သည်။ မိဘများနှင့် ငြိမ်းချမ်းပျော်ရွှင်သော မိသားစုဘဝမှ စိန့်ဒေါမိနစ်သည် ကျေးဇူးတော် သိနားလည်နိုင်သော အလင်းကျေးဇူးကို ခံစားရသည်။ ဘုရားကျောင်းတော်မှာ (ဘုန်းတော်ကြီး ဂျွန်၏ ကူညီ သွန်သင် လမ်းပြမှု၊ အထူးသဖြင့် ကလေးသူငယ်များ၏ စိတ်နှလုံး၌ ဘုရားတရား ကြည်ညို သက်ဝင်စေခြင်းနှင့် မယ်တော်အား ယုံကြည် ကိုးစားချင်စိတ်အား ထည့်သွင်း ပေးခြင်းကြောင့် ဖြစ်သည်။ ဒေါမိနစ်သည် နေ့တိုင်း နံနက်စောစောတွင် ဘုရားကျောင်းတက်၍ ၅း၀၀နာရီ မစ္ဆားတရား၌ တရားထောက်ခြင်း၊ ဆုတောင်းခြင်းအား အမြဲပြုလုပ်သည်။ နေပူမရှောင်၊ မိုးရွာမရှောင် အမြဲဘုရားကျောင်း မပျက်ခဲ့ပါ။

စိန့်ဒွန်ဘောစ်ကိုထံမှ ဘုရားသခင် အမှုထမ်းရာတွင် ပျော်ရွှင်မှု၊ သူတစ်ပါး၏ ချစ်ခင်လေးစားမှုဖြင့် ဘုရားအတွက် အမှုထမ်းကြောင်း စိန့်ဒေါမိနစ်သည် သင်ခန်းစာ နမူနာယူခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ပီအူးစ်(၁၀)က ဒေါမိနစ်သည် ငယ်ရွယ်သောသူ ဖြစ်သော်လည်း သတ္တိရှိစွာ အကောင်းကိုသာ ကျင့်ပြီး သူ၏ဆေးကြောခြင်း ခံသောအချိန်ကရသည့် ကျေးဇူးတော်ဖြင့် ရဟန္တာများဘဝသို့ နီးစပ်စေသည်ဟု ဆိုခဲ့သည်။ အသက်(၁၅)နှစ် အရွယ်တွင် ဝိညာဉ်ရေး၌ သတ္တိရှိစွာ စံနမူနာဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ပီအူးစ်(၁၁)က ထပ်၍ပြောသည်မှာ ဒေါမိနစ်ဘဝ၌ ခရစ်ယာန်များ၏ ဘဝပြည့်စုံခြင်း အခြေခံအင်အား (၃)ခုရှိကြောင်း၊ ၎င်းတို့မှာ သန့်ရှင်းဖြူစင်ခြင်း၊ ဘုရားတရား ကြည်ညိုခြင်း၊ ဇွဲလုံ့လ ဝီရိယ ရှိခြင်းတို့ ဖြစ်သည်။

၁၈၅၇၊ မတ်လ (၉)ရက်နေ့ သူသေခါနီး အချိန်တွင် ဘယ်လောက် လှပပျော်ရွှင်ခြင်း မြင်ကွင်း မြင်ရကြောင်း ရွတ်ဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ပီအူးစ်(၁၂)က ၁၉၅၄၊ ဇွန်(၁၂)ရက်နေ့ ဒေါမိနစ်ဆာဗီယိုအား ရဟန္တာ တင်မြှောက်ပွဲ၌ ပြောခဲ့သည်မှာ ကျွန်ုပ်တို့အားလုံး ပျော်ရွှင်ဝမ်းမြောက်စေသော ဤ(၁၅)နှစ်အရွယ် ဒေါမိနစ်ဆာဗီယိုသည် ဘုရားရှင်၏ ပလ္လင်တော်အား ရိုသေလေးစားခြင်းနှင့် လူငယ်များအားလုံး အတုယူရန် အလင်းကျေးဇူး ဖြစ်သည်။ ဒီခေတ် ဒီအချိန်မှာ လူငယ်များအတွက် ဘုရားတရား၌ စံနမူနာထားရန် ဘုရားသခင် စီမံခြင်းဖြစ်သည်။ ခရစ်တော် သခင်အား ချစ်ခင်မြတ်နိုးခြင်း၊ စိတ်အားထက်သန်ခြင်းဖြင့် ခန္ဓာကိုယ် အားနည်းသော်လည်း ဝိညာဉ်ခွန်အား သန်မာသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

rvamyanmar
rvamyanmar
Articles: 3943

Leave a Reply

Your email address will not be published. Required fields are marked *