St. Soter (Martyr), စိန့်ဆောတာရ် (ဓမ္မအာဇာနည်)

St. Soter (Martyr), စိန့်ဆောတာရ် (ဓမ္မအာဇာနည်)

#22 April 2021

အေဒီ ၁၆၆-ခုနှစ် စိန့်အန်နီဆဲအူစ် ပျံလွန်သည့်နောက်ပိုင်း စိန့်ဆောတာရ်သည် ရဟန်းမင်းကြီး ဖြစ်လာသည်။ ရဟန်းမင်းကြီးများအနက် (၁၂)ပါးမြောက်သော ပုပ်ရဟန်းမင်းကြီးဖြစ်သည်။ သူသည် အီတလီပြည် ဖောင်ဒီနီချဲတာဇာတိဖြစ်သည်။ သူ၏(၉)နှစ်သာ အသင်းတော်အား အုပ်ချုပ်သောအချိန်မှာ အယူလွှဲမှားသူ ဖရီကျားများရှိသည်။ ၎င်းတို့၏အယူမှာ အပြစ်ခွင့်လွှတ်မရသည့် အပြစ်များရှိကြောင်း၊ ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော် အကူအညီဖြင့် ငါ့အားသွန်သင်ကြောင်း ဟောပြောသူ ပေါ်လာသည်။ ထို့ကြောင့် စိန့်ဆောတာရ်က ဤကဲ့သို့သော အယူအဆ ယုံကြည်သူသည် အ​ပြစ်ရှိသည်။ ဘာသာဝင်သူတော်စင်တို့ မယုံကြည်ကြရန် ကြေညာသည်။

ဤကဲ့သို့သော ပုပ်ရဟန်းမင်းကြီး ကြော်ငြာစာချွန်တော်သည် ကော်ရင်တူးမြို့သို့ မရောက်ဘဲ ပျောက်သွားသည်။ သို့သော် ကော်ရင်တူးဆရာတော် ဒေအိုနီဆစ်က အယူမမှားစေရန် ဟောပြောခဲ့သည်။

အေဒီ ၁၇၅-ခုနှစ်၌ စိန့်ဆောတာရ်သည် ဘုရင်မာကူးအော်ရီအုစ် လက်ထက်၌ တရားတော်အတွက် အသတ်ခံရကြောင်း အသင်းတော်က ယုံကြည်သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *