စိန့်စီရယ်လ် (ဂျေရုဆလင်မြို့မှဆရာတော်) မတ်လ (၁၈)
စိန့်စီရယ်လ် (ဂျေရုဆလင်မြို့မှဆရာတော်) မတ်လ (၁၈)
စိန့် စီရယ်လ်ဟာ ၄ ရာစုက ဂျေရုဆလင်မြို့ရဲ့ ဂိုဏ်းချုပ် ဆရာတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ အသင်းတော်ရဲ့ ဓမ္မပညာရှင် တစ်ပါးလည်း ဖြစ်ခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ စာပေများက ခရစ်ယာန် ယုံကြည်ခြင်းကို ကျွမ်းကျင်စွာ ဖော်ပြနိုင်ခဲ့စာေပအဖြစ် ယနေ့တိုင် သတ်မှတ်ေနဆဲ ဖြစ်ပါတယ်။
သူ့ရဲ့ ပြည့်စုံတဲ့ သမ္မာကျမ်းစာ အသိပညာနဲ့ အတွေ့ကြုံရှိတာေကြာင့် နားလည်မှု အလွဲခံရခြင်းနှင့် အတိုက်အခံကြား ခံနိုင်ရည်ရှိသူအဖြစ် လူသိများခဲ့တယ်။ အရှေ့ပိုင်း ကက်သလစ်များနဲ့ အရှေ့အော်သဒေါက် ခရစ်ယာန်များကလည်း မတ်လ (၁၈)ရက်နေ့ကို စိန့် စီရယ်လ်ပွဲနေ့ အဖြစ် ဂုဏ်ပြုကြပါတယ်။ သူ့ကို ဆရာတော်အဖြစ် တင်မြောက်လို့အပြီးမှာ အံဩဖွယ် ကိုယ်ထင်ရှားပြခြင်း ဖြစ်ပေါ်ခဲ့တဲ့ မေလ (၇)ရက်နေ့မှာလည်း စိန့်စီရယ်လ်ကို အောက်မေ့ သတိရသောနေ့အဖြစ် သတ်မှတ်ကြပါတယ်။
သူ့ရဲ့ ဘဝအကြောင်းကို အဲပီဖာနီးအူးစ် (Epiphanius)၊ စိန့်ဂျေရုမ်း (Jerome) နှင့် ရာဖီနူးစ် (Rufinus)တို့ထံ မှလည်းကောင်း၊ ၅-ရာစုမှ သမိုင်းပညာရှင် ဆိုကရေးတီး(စ်) Socrates၊ ဆိုဇိုမဲန် (Sozomen) နှင့် သီအိုဒေါရက် (Theodoret) – စတဲ့ သူ့ခေတ်က လူငယ်တွေဆီက ရလာတဲ့ အချက်အလက် တချို့ကနေ သိရတာဖြစ်ပါတယ်။ သူဟာ ရောမအင်ပါယာအုပ်ချုပ်မှုစနစ် တစ်လျှောက် ခရစ်ယာန် ဘာသာတရား တရားဝင်ပြီးနောက်၊ မကြာမီ နှစ် ၃၁၅ ခန့်၊ ဂျေရုဆလင်မှာ မွေးဖွားခဲ့ပါတယ်။
ဒီလို တရားဝင်မှုဟာ ရာစုနှစ် နှစ်ခုထိ အသင်းတော်ကို ခြိမ်းခြောက်ခဲ့တဲ့ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းမှု များစွာကို ရပ်တန့်စေပေမဲ့ တဆက်တည်းမှာ ဘာသာရေးအတွင်း အငြင်းပွားမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒီအတွင်းရေး အငြင်းပွားမှုမှာ သီအုိလော်ဂျီနဲ့အတူ ဆရာတော်ကြီးများရဲ့ တရား စီရင်ပိုင်ခွင့်များနဲ့ ပတ်သက်နေပြီး စိန့်စီရယ်လ် ကိုယ်တိုင်လည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။
ရှေးခေတ် ဂရိတ်စာပေနဲ့ သမ္မာကျမ်းစာတွေမှာ အလွန်ကောင်းတဲ့ ပညာရေးကို သူလက်ခံ ရရှိခဲ့ပါတယ်။ သူဟာ ဂျေရုဆလင် ဂိုဏ်းအုပ်ဆရာတော်ကြီး မက်ဆီမားစ်(Maximus)”ရဲ့ လက်တော်မှ ရဟန်းသိက္ခာကို ခံယူခဲ့ပြီး ၃၄၈-ခုနှစ်မှာ ၎င်းဆရာတော်ရဲ့ ဆက်ခံသူဖြစ်ခဲ့တယ်။ ၃၄၈-ခုနှစ်ခန့်၊ ဆရာတော် ဖြစ်ခါစခုနှစ်တွေမှာ အသစ်ပျိုးခါစ ကက်သလစ်အသင်းတော်အတွက် အရေးကြီးတဲ့ ဟောပြောချက်တွေကို ထုတ်လွင့်ခဲ့တယ်။ သူ့ရဲ့ ဟောပြောချက် (၂၄)ခုဟာ ဆက်လက် တည်ရှိနေပြီး ယနေ့အချိန်ထိ လေ့လာလျက် ရှိပါတယ်။ ၂၀၀၇-ခုနှစ် ပရိသတ်အလယ်မှာ ပုပ်ရဟန်း မင်းကြီး ဘယ်နီဒစ် XVI က စိန့်စီရယ်လ်ကို “ခရစ်ယာန် သွန်သင်ချက်၏ တစ်သားတည်း တည်ရှိခြင်း၌ ခန္ဓာ၊ စိတ်၊ ဝိညာဉ် ပါဝင်ကြောင်း ဟောကြားခဲ့လို့ ချီးမွမ်းခဲ့ပါတယ်။ စိန့် စီရယ်လ်ရဲ့ သွန်သင်ချက်ဟာ ယနေ့ ကက်သလစ် အသင်းတော်ရဲ့ ဘုရားစကား သင်ကြခြင်းအတွက် အမှတ်အသားအဖြစ် တည်ရှိေနမည် ဖြစ်ကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။
စိန့် စီရယ်လ်ဟာ ဂျေရုဆလင်ရဲ့ ဂိုဏ်းအုပ်ဖြစ်လာပြီး သုံးနှစ်အကြာ၊ ၃၅၁ -ခုနှစ်မှာ မြို့တော်အထက် မုိးကောင်းကင်မှာ လက်ဝါးကပ်တိုင် သဏ္ဍာန် အလင်းတန်းပေါ်ထွန်းခဲ့ပြီး ၎င်းကို လူများစွာက အသင်းတော်ဟာ ဒိဋ္ဌိဝါဒီကို အနိုင်ရတော့မယ့် နိမိတ်လက္ခဏာအဖြစ် အနက်ပြန်ဆို ခဲ့ကြတယ်။ဒါပေမဲ့ ၎င်းဟာ ဆရာတော်အသစ်က သူ့ရဲ့သိုးစုကို ဦးဆောင်ရာမှာ ခံစားရမည့် ဆင်းရဲဒုက္ခရဲ့ လက္ခဏာအဖြစ်လည်း နားလည်နုိင်ပါတယ်။
၄-ရာစုက အခြားဆရာတော်များ၊ ရဟန်းတော်များနဲ့ မတူဘဲ စိန့်စီရယ်လ်ဟာ သူ့ရဲ့ စာပေသင်ယူမှုက ခရစ်တော်ရဲ့ လူသားအဖြစ်နဲ့ ဘုရားအဖြစ်ကို ယုံကြည်ဖို့ သွေဖယ်မသွား စေခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို ဆရာတော်အဖြစ် တင်မြောက်တဲ့ စီဆရီးယားရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး “အာကီးရှားစ် (Acacius)”ဟာ “အာရိယာန်” လို့ခေါ်တဲ့ သခင်ခရစ်တော်ဟာ ဘုရားစင်စစ်မဟုတ်ကြောင်း ယုံကြည်ကြတဲ့ ဒိဋ္ဌိဝါဒီတွေနဲ့ မဟာမိတ်အဖွဲ့ ဝင်သူဖြစ်တယ်။ ဒါကြောင့်မို့ ဆရာတော်နဲ့ အထိအတွေ့ ရှိတဲ့ စိန့် စီရယ်လ်ကိုလည်း အခြား ဆရာတော်များရဲ့ သံသဝင်မှုကို ခံခဲ့ရပါတယ်။
သူဟာ အသင်းတော်ရဲ့ မွေးရပ်မြေ နေရာတွင် တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ကြွေးကြော်ခဲ့တဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး “အကီူရှီးစ် (Acacius)နဲ့လည်း အဆင်မပြေ အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ ထိုအငြင်းပွားမှုများကြောင့် စုပေါင်းနှစ် (၂၀)အတွင်း ဂျေရုဆလင်မြို့မှ သုံးကြိမ်တိတိ ပြည်နှင်ဒဏ် ပေးခြင်းကုိ ခံခဲ့ရတယ်။ စိန့် စီရယ်လ်က တာရော့စ် (Taraus) ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဆီးလ်ဗားနူးစ် (Silvanus)နဲ့ ပထမဆုံး ခိုလှုံခဲ့ပြီး ၃၅၉-ခုနှစ်မှာ Arian အဖွဲ့ ထက်ဝက်ခန့်ကို အနိုင်ရသွားတဲ့ စီလူးစီးယား (Seleucia) ကောင်စီမှာ ပါဝင်တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ဆရာတော် “အကီးရှားစ်”ဟာ ဖြုတ်ချခံရပြီး စိန့် စီရယ်လ် ကတော့ သူ့ရဲ့ နယ်မြေကို ပြန်သွားခဲ့တယ်။ ဒါပေမဲ့ ဘုရင်က ထိုအဖြစ်အပျက်များကို မနှစ်သက်ခဲ့တာကြောင့် ၃၆၀-ခုနှစ်မှာ စိန့် စီရယ်လ်နဲ့ အခြား အလယ်အလတ်များကို ပြန်လည်မောင်းထုတ်ခဲ့တယ်။ ၃၆၁-ခုနှစ် ဂျူလီယန် ဆိုသူ ရာထူး တက်လာမှသာ ပြန်လာ ခဲ့ရပါတယ်။
နောက်တစ်ခေါက် ဗာလဲန်ဆိုသူရဲ့ အမိန့်အရ ဂျူလီယန်က လွတ်မြောက်ခွင့် ပေးခဲ့တဲ့ ဆရာတော်အားလုံးကို ပြန်ပြီး မောင်းထုတ် ခဲ့တာကြောင့် ၃၇၈-ခုနှစ်၊ ညှင်းပန်းနှိပ်စက်သူ မသေဆုံးမီအထိ ပြည်နှင်ဒဏ် ပေးခြင်းခံခဲ့ရတယ်။ ၃၈၀-ခုနှစ်မှာ “နိုင်စာ” မှ “စိန့်ဂရီဂေါ်ရီ”ဟာ နောက်လာမည့်နှစ်၊ အန္တိအုတ်မြို့မှာ ကျင်းပမည့် ကောင်စီရဲ့ ထောက်ခံချက်ဖြင့် ဂျေရုဆလင်ကို ရောက်ရှိခဲ့ပြီး သူဟာ ယုံကြည်ခြင်းကို အမှန်တရားနဲ့ အညီ တွေ့ရှိခဲ့ပြီး၊ သူကြိုးပမ်း အားထုတ်ခဲ့တဲ့ သာသနာလုပ်ငန်းကို နှစ်သက်ကြောင်း ဖော်ကျူးခဲ့ပေမယ့်လည်း ထိုမြို့ဟာ ပါတီစွဲနဲ့ ကိုယ်ကျင့်တရား ပျက်ပြားနေ ခဲ့တယ်။
၃၈၁-ခုနှစ်မှာ စိန့် စီရယ်လ်ဟာ ဒုတိယအကြိမ် ခရစ်ယာန်အသင်း အမျိုးမျိုးမှ အသင်းသားများ ပါဝင်တဲ့ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ကာ အာရီယန် ဝါဒ နှစ်မျိုးကို ရှုတ်ချခဲ့ပြီး အေဒီ ၃၂၅-ခုနှစ်ရဲ့ နီတ်စင် ယုံကြည်ခြင်းအချုပ်မှာ သန့်ရှင်းသော ဝိညာဉ်တော်အကြောင်းကို ထည့်သွင်းနိင် ခဲ့ပါတယ်။ စိန့်စီရယ်လ်ဟာ ၃၈၇-ခုနှစ်၊ ဂျေရုဆလင်မှာ ကွယ်လွန်ခဲ့ပြီး၊ ၁၈၈၃-ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး လီယို XIII က အသင်းတော်ရဲ့ ဓမ္မသုခမိန်ဘွဲ့ နာမကို အပ်နှင်းခဲ့ပါတယ်။
St. Cyril of Jerusalem,
Pray for us.
Amen
Credit,