ငွေကြေးနဲ့ ပစ္စည်းဥစ္စာ (အာဏာ)တွေရဲ့ ကျေးကျွန် ဖြစ်နေသူများ

ငွေကြေးနဲ့ ပစ္စည်းဥစ္စာ (အာဏာ)တွေရဲ့ ကျေးကျွန် ဖြစ်နေသူများ

ပုပ်ဖရန်စစ် အရှင်သူတော်မြတ်က ကျွန်ုပ်တို့ကို သတိပေးတဲ့ သတင်းစကားတွေထဲမှာ…

“ငွေကြေးနဲ့ ပစ္စည်းဥစ္စာ (အာဏာ)တွေကို ကျွန်ပ်တို့ အသက်တာရဲ့ (အဓိက)ဗဟို ဖြစ်လာခဲ့ရင် အဲဒီအရာများက ကျွန်ပ်တို့ကို ဖမ်းဆွဲထားပြီး ကျေးကျွန်ပြုခြင်းကို ခံရမှာဖြစ်တယ်” လို့မိန့်ကြားခဲ့ပါတယ်။ “If money and material things become the center of our lives, they seize us and make us slaves.”

ငွေကြေးနဲ့ ပစ္စည်းဥစ္စာ (အာဏာ)တွေရဲ့ ကျေးကျွန် ဖြစ်နေသူများကို ယနေ့ကမ္ဘာပေါ် မှာ၊ ကျွန်ပ်တို့ရဲ့ ပတ်၀န်းကျင်မှာ အများအပြား တွေ့မြင်နိုင်ပါတယ်။ ဒီလိုလူမျိုးတွေဟာ မိသားစုနဲ့ မိတ်ဆွေ အရင်းခေါက်ခေါက်ကိုတောင် ရန်သူလို ဆက်ဆံတတ်ကြပြီး မျက်ကန်းသဖွယ် ဖြစ်လာတတ်လို့ အရမ်းကို ကြောက်ဖို့ ကောင်းပါတယ်။

တချို့က ကိုယ့်ကျိုး စီးပွားတစ်ခုထဲကို ကြည်ပြီး လူလူချင်းချင်း နှိပ်စက်ရင်း သတ်ရဲဖြတ်ရဲတဲ့ အထိတောင် ရူးသွပ် တတ်ကြတယ်။ ကမ္ဘာမှာ လူစိတ် ပျောက်နေသူတွေ အများကြီး တွေ့နိုင်ပါတယ်။ သမိုင်းမှာ အဲဒီလို သင်ခန်းစာ မယူတတ်တဲ့ လူမျိုးတွေရဲ့ နေဝင်ချိန် မရှုမလှနဲ့ပဲ အဆုံးသတ် ကြရတယ်။

လူအချင်းချင်း လူလိုမြင်တတ်၊ ချစ်တတ်၊ ဖေမကူညီတတ်အောင် လုပ်ပေးနိုင်တာက ဘာသာရေး အဆုံးအမနဲ့ နီတိတရားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပုပ်ရဟန်းမင်းကြီးက သမိုင်းကနေ ပညာယူပြီး လူသားတိုင်းအတွက် ငြိမ်းချမ်းတဲ့ ကမ္ဘာကို တည်ဆောက်ဖို့၊ မိမိရဲ့ ဘာသာရေး အဆုံးအမတွေကို သေချာလေ့လာ သင်ယူပြီး လက်တွေ့ကျင့်ကြံဖို့နဲ့ လူလူချင်း ကိုယ်ချင်းစာတရား၊ ချစ်ခြင်းမေတ္တာနဲ့ ကူညီကြဖို့ အားပေး တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အားလုံးရဲ့ဘ၀မှာလည်း ငွေကြေးနဲ့ ပစ္စည်းဥစ္စာ (အာဏာ)တွေကို အလွန်အကျွမ် မက်မောပြီး အဲဒါတွေရဲ့ ကျေးကျွန်ပြုခြင်း ခံရမှုကနေ ကင်းရှင်းကြကာ၊ ချစ်ခြင်းမေတ္တာကို အသက်တာ တစ်ခုလုံးရဲ့ ဗဟိုအဖြစ် ထားရှိကာ အမှန်တရားအတွက် အမြဲတမ်း ကြိုးစား ရပ်တည်ကြပါစို့။

Credit to Thang Ha SJ

#God bless Myanmar

#PopeFrancis

Photo credit from Fb image

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *