ကလေးတယောက်ရဲ့ ဘဝ မွေးစကနေ တဖြည်းဖြည်းကွဲပြားတဲ့ပုံစံ တွေမှာ ဖခင်တယောက်ရဲ့ အရေးပါတဲ့ ပတ်သက်မှု

Significant

            ဒီနေ့မှာ ကလေးတယောက်ရဲ့ ဘဝ မွေးစကနေ တဖြည်းဖြည်းကွဲပြားတဲ့ပုံစံ အခြေအနေ တွေမှာ ဖခင်တယောက်ရဲ့ အရေးပါတဲ့ ပတ်သက်မှုအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရှင့် ဖခင်တယောက်ဟာ မိမိဇနီး ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တပြိုင်နက် အရင်ဆုံး အတွင်းစိတ်ကော ရုပ်ပိုင်းဆိုင်ရာကော ပြင်ဆင်ရတော့မယ်။ ဖခင်တယောက်ရဲ့ အခန်းကဏ္ဍကို တည်ဆောက်ယူရတော့မယ်။

ဘယ်လိုတွေ တည်ဆောက်ယူရတော့မလဲဆိုတော့ မိခင်လိုပဲ ဖခင်ကလည်း မိမိရဲ့ အခန်းကဏ္ဍ အသစ်ကို အချိန်ယူပြီး adjust လုပ်ယူရမယ်။ အလိုက်သင့်ပြုမူနေထိုင်ရတော့မယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတို့ကို ပြုပြင်ပြီး ဖခင်တယောက်ဖြစ်ဖို့ ပြင်ဆင်ရတော့မယ်။

ဇနီးသည်ဟာ ကိုယ်ဝန်ဆောင်နေချိန်မှာ သူ့ဘဝဟာလဲ ပြောင်းလဲကြီးတခုပြောင်းလဲ သွားသလို ဖြစ်သွားတဲ့အတွက် ဇနီးသည်ကို အရင်ကထက်ပိုပြီး စောင့်ရှောက်ရတော့မယ်။ ဇနီးသည်ရဲ့ လိုအပ်မှုတွေကို စောင့်ကြည့်တတ်အောင် ကြိုးစားရတော့မယ်။ ခုက ကိုယ်ဝန်တွေကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ဆေးခန်း၊ ဆေးရုံတို့ကို အတူလိုက်ပါပြီး မိမိမသိသေးတဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအကြောင်း မေးမြန်းစုံစမ်းဖို့လိုလာပါပြီ။ ကိုယ့်လက်တွဲဖော်ကို စောင့်ရှောက်ပေးရတော့မယ်ဆိုတော့ ကျန်းမာစေတဲ့ အစားအသောက်ကစလို့ ကူညီလုပ်ဆောင် ပေးပြီး happy atmosphere at home ပေါ့ ဖန်တည်းယူရတော့မယ်။ မိမိဇနီးနဲ့အတူ လူ့လောကကို ရောက်လာတော့မယ်။ တိုင်ပင်ရတော့မယ်။

မိမိရဲ့ ကလေး လူ့လောကကို ရောက်လာပြီး မွေးဖွားပြီဆိုတာနဲ့ ဖခင်လောင်းတယောက် ဖြစ်ဖို့ ပြင်ဆင်ရပြီး ဒီအချိန်မှာ ဖခင်တယောက်ရဲ့ စိတ်ခံစားချက်ကလည်း ပြောင်းလဲသွားပါတယ်။ မိမိသားသမီးအတွက် သေချာတဲ့ အလုပ်တွေကို လုပ်ရတော့မယ်ဆိုတဲ့ အသိရှိလာပါပြီ။

မိမိရဲ့ ကျန်းမာတဲ့ပြုမူနေထိုင်ပုံ အစားအသောက်၊ ဆေးလိပ်၊ အရက်တို့ တတ်နိုင်သမျှ ရှောင် ရတော့မယ်။

ဇနီးနဲ့အတူ ကလေးကို ဘယ်လိုပုံစံနဲ့ကြီးပြင်းလာအောင် ဘယ်လိုမြေတောင်မြှောက်ပေးနိုင် ဖို့ ပါဝင်ပတ်သက်နိုင်ဖို့ ဆွေးနွေးရတော့မယ်။ မိမိကိုယ်တိုင်လည်း ပြောင်းလဲမှုတွေအတွက် ပြင်ဆင် ရတော့မယ်။

ဖခင်အသစ်ဆိုတော့ အစပိုင်းမှာတော့ ကလေးရဲ့ ဝေယျာဝစ္စတွေ မလုပ်တတ်ပေမဲ့ တဖြည်းဖြည်းနဲ့ ထိန်းပေးကြည့်ရှုပေးတတ်လာပါလိမ့်မယ်။ ဒီအချိန်မှာ မိခင်အနေနဲ့ သူ့ဘဝမှာ ပထမဆုံးကလေးကို နို့တိုက်ပြုစုစောင့်ရှောက်ရတဲ့အတွက် စိတ်ဖိစည်းတာတွေရှိနိုင်တယ်ဆိုတာ ဇနီးသည်ကို နားလည်ပေးနိုင်ရအုံးမယ်။

မိမိကလေးတွားသွားတဲ့အရွယ်မှာ ဘယ်အရာက အန္တရာယ်ရှိတယ် မရှိဘူးဆိုတာ မသိတဲ့ အတွက် စောင့်ရှောက်ရမဲ့ အလုပ်ကရှိလာသလို အလုပ်များတယ်ဆိုတာကိုလည်း သိလာပါလိမ့်မယ်။ ဒီအရွယ်က ဘေးပတ်ဝန်းကျင်ကို သူ့ဘဝအတွက် အသစ်အသစ်တွေကို သင်ယူတဲ့ အချိန်ဖြစ်လို့ အင်မတန်စိတ်ဝင်စားတဲ့ အချိန်ဖြစ်တယ်။ တခုသိထားရမှာက over protection မဖြစ်ဖို့ပါပဲ။

ကျောင်းနေအရွယ်ရောက်လာရင် ကလေးက ကျောင်းကို မတက်ချင်တာ။ ဆန့်ကျင်တတ် လာတဲ့ခါမှာလည်း မိမိကလေးလက်ခံနိုင်လောက်အောင် မိခင်နဲ့အတူ ဝိုင်းဝန်းစောင့်ရှောက်ရပါ အုံးမယ်။

ဆယ်ကျော်သက်အရွယ်ရောက်လာပြန်ရင်လည်း ကလေးရဲ့ လုပ်ဆောင်မှု အရာရာတိုင်း ပါဝင်ပတ်သက်လို့ မသင့်တော့ပါဘူး။ ဒီအရွယ်မှာ သူတို့ဘဝလွတ်လွတ်လပ်လပ် နေထိုင်ချင်တဲ့ ဆန္ဒတွေ ပြင်းပြတဲ့ အရွယ်ဖြစ်လို့ပဲ။ ဒါပေမယ့်လို့ ဖခင်ရဲ့ ပါဝင်ပတ်သက်မှု အပြီးတိုင် နောက်ဆုတ် ရမယ်လို့ မဆိုလိုပါဘူး။ အပျိုဖော်၊ လူပျိုဖော်ဖြစ်လာပြီဆိုတာကို နားလည်ပေးရမယ်။ သူတို့ရဲ့ ပြဿနာတွေကို နားထောင်ပေးပြီး guide လုပ်ပေးရပါအုံးမယ်။ သူတို့ကိုလည်း အရိုအသေပေးပြီး space ပေးထားရပါအုံးမယ်။

မိဘတယောက်အနေနဲ့ မိန်းကလေးပဲဖြစ်ဖြစ် ကျားပဲဖြစ်ဖြစ်ကွဲပြားခြားနားစွာနဲ့ အဓိပ္ပာယ်ရှိ တဲ့ ဖခင်တယောက်ရဲ့ အခန်းကဏ္ဍအဖြစ်နဲ့ ပါဝင်ပတ်သက်နေရအုံးမှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ် ပါရစေ။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *