St. Theodosius (စိန့်သီအိုဒိုစစ်) (423-529) (11 January)

St. Theodosius (စိန့်သီအိုဒိုစစ်) (423-529) (11 January)

စိန့်သီအိုဒိုစစ်သည် ကာပါဒိုရှားကဖြစ်သည်။ နှစ်ပေါင်း (၃၀) ရသေ့ဘဝ၌ မင်းသုံးပါးလိုဏ်ဂူဟုခေါ်သော ဂျေရုဇလင်နှင့် ဗက်သလင်ဟင်ကြားမှာရှိသည့် ရသေ့ကျောင်းတွင် နေရသည်။

ပင်လယ်သေနားတွင်ရှိသော စိန့်ဘာဆဲလ်တည်ထောင်ခဲ့သည့် ရသေ့ကျောင်းသို့သူသည် ပြောင်းရွေ့ရသည်။ နောက်လိုက်တပည့်များသည် သူ၏စင်ကြယ်ခြင်းကို အထူးလေးစားလျှက် အတုယူကြသည်။

နှစ်အတန်ကြာသော် မြို့ငယ်တစ်မြို့လောက်ဖြစ်လာသည်။ လူနာများအတွက် ဆေးရုံ(၅)ခု၊ မသန်မစွမ်းသူများ ခိုကိုးရာနေရာ၊ စိတ်ရောဂါဝေဒနာရှင်များအား ကြည့်ရှုရာနေရာများကို ရသေ့များကပြုစုခဲ့ကြသည်။ ယုဒပြည်ဖြစ်သည့်အတွက် ဘာသာစကားအလိုက် ကျောင်း(၄)ကျောင်းဖြင့် တည်ထောင်ဖွဲ့စည်းသည်။

ဂရိတ်ကျောင်း၊ အာမေးနီးယားကျောင်း၊ အာရပ်စကားပြောသောကျောင်းနှင့် အားလုံးအတွက်တစ်ကျောင်းဟူ၍ ဖွဲ့စည်းကြသည်။ ဧည့်သည့်များ လိုရာရစေရန်နှင့် အဆင်ပြေစေရန် ကျယ်ဝန်းသောအခန်းမှာ စားပွဲအလုံး(၁၀၀) ပြင်ဆင်လေ့ရှိသည်။ စိန့်သီအိုဒိုစစ်ဦးဆောင်သော ရသေ့ကျောင်းသည် ဘုရားသခင်အကူအညီဖြင့် လူတွေဆင်းရဲဒုက္ခရောက်သောအချိန်မှာ လိုအင်ဆန္ဒကူညီဖြည့်စွက်နိုင်သောဌာန ဖြစ်လာသည်။ ဂျေရုဇလင်က လူကြီးလူကောင်းတွေက စိန့်ဆာတာရသေ့အကြီးအကဲ ဖြစ်လာသောအခါ ရသေ့များစုစည်း၍ တစ်နေရာမှာ နေခိုင်းကြသည်။ သေခြင်းတရားကို ထောက်ရှုသောကမ္မဌာန်းကျောင်းအဖြစ် ပြောင်းလဲကြသည်။

Fr. Dမိနစ်ကုန်ကုန် (ဘာသာပြန်)

rvamyanmar
rvamyanmar
Articles: 2821

Leave a Reply

Your email address will not be published. Required fields are marked *