ကလေးငယ်လေးတွေကို လောကဝတ်လို့ခေါ်တဲ့ ယဉ်ကျေးရည်မွန်မှုလေးတွေကို သင်ပေးရအောင်

Etiquette

            ဒီနေ့မှာ ကလေးငယ်လေးတွေကို လောကဝတ်လို့ခေါ်တဲ့ ယဉ်ကျေးရည်မွန်မှုလေးတွေကို သင်ပေးရအောင်ပါဆိုတဲ့အကြောင်း message ပေးချင်ပါတယ်။

            လောကဝတ်ဆိုတဲ့ စကားစုကို အဓိပ္ပာယ်ဖွင့်ရရင် လူတစ်ယောက်က သူ့ရဲ့ လူမှုဝန်းကျင် လူ့အလွှာမှာ သမရိုးကျ အပြုအမူတွေ အပြောအဆိုတွေ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေ စာနာတတ်တဲ့ အပြုအမူတွေက လောကဝတ်လို ရည်ညွှန်းတာပါ။ နောက်ပြီး ယဉ်ကျေးသိမ်မွေ့တာ၊ သင့်လျော်မှန်ကန်မှုရှိတာ စောင်းပါးရိပ်ခြေပြောတာရဲ့ နားလည်သဘောပေါက်တာတို့က ယဉ်ကျေး တဲ့ လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်တဲ့ အပြုအမူတွေပဲ မဟုတ်ပါလား။

            မိမိကလေး ၁၈ လ (၁ နှစ်ခွဲ)လောက်ကစပြီး ကလေးကို အဝတ်အစားချွတ်လဲပေးတော့မယ် ဆိုရင် “ကျေးဇူးပြု၍” လို့ ပြောပြီး အဝတ်အစားတွေလဲပြီးသွားရင်လည်း “ကျေးဇူးတင်ပါတယ်” အဲဒီလိုပြောပေးရင် ကလေးက သိလာပြီး သူလည်း မပီကလာနဲ့ အဲဒီလို ပြန်ပြီး ပြောလာပါတော့ မယ်။ ကလေးပြန်ပြောတာကို မျှော်လင့်ပြီး ဂရုတစိုက် နားထောင်လာပြီးတော့ လိမ္မာလိုက်တာ စသဖြင့် ကလေးကျေနပ်မယ့် စကားလေးတွေ သုံးပေးရပါမယ်။ ဒါကတော့ ကလေးတစ်ယောက်ရဲ့ အစောဆုံးကာလမှာ သင်ပေးရမယ့် လောကဝတ်ဆိုရင် မမှားပါဘူး။ မိဘတွေ အနေနဲ့ အဲဒီလို နှစ်ပေါင်းများစွာ ကလေးဘဝတလျှောက် အခုလို အားပေးအားမြှောက် လုပ်ဆောင်ပေးရတော့မှာပါ။ တစ်ဆက်တည်းမှာလည်း သူတို့ကို ခွန်အားပေးသလို ဖြစ်စေပြီး၊ မိဘတွေ ပြုမူတဲ့အတိုင်း ပြုမူလာ တော့မှာပါ။

            အဲဒီလို လောကဝတ်တွေရှိလာအောင် လောကဝတ်တွေက ဘာတွေလဲ?

            အရင်ဦးဆုံးကတော့ မိဘက မိမိပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတွေ ကို လက်တွေ့ပြုမူပြရင် ထောက်ထားညှာတာတတ်တဲ့ စိတ်ခံစားချက်နဲ့ မိမိနဲ့ထိတွေ့ဆက်ဆံရတဲ့ သူတွေကို respect အရိုအသေပေးတာ။ ဒီလိုအမူအကျင့်တွေကို မိမိက ပြလိုက်တဲ့အခါမှာ မိမိရဲ့ setting standards မိမိစံထားတည်ဆောက်တဲ့ နဂိုမူလအကျင့်ကို ပြလိုက်တဲ့အခါမှာ တဘက်က လည်း သူတို့လည်း အဲဒီလို ပြုမူပြီး respect ပေးလာမှာပါ။ အပြန်အလှန်ပဲပေါ့နော်။ မိဘက အဲဒီလို ပြုမူတဲ့အခါ သားသမီးကလည်း လိုက်ပြီး ပြုမူလာမှာပါ။

            ဒီတော့ မိဘက အခြေခံကျတဲ့ နည်းဟန်တွေရဲ့ စည်းကမ်းဥပဒေကို မဟာဗျူဟာကျကျ ချမှတ်ရတော့မယ်။

            ဥပမာ- မိဘကိုယ်တိုင် ယဉ်ကျေးပြီး စာနာတတ်တဲ့ အပြုအမူတွေကို model အနေနဲ့ နေပြရ မယ်။

            မိမိသားသမီး ကောင်းတဲ့အပြုအမူတွေ ပြုလုပ်တိုင်း သိသိသာသာ ချီးမွမ်းပေးရမယ်။

            မိဘက စကားပြောနေရင် pay attention နေဖို့

            မိဘကို မထိန်မချန် ဖြစ်ပျက်သမျှကို ပြောနိုင်ဖို့

            အမှန်ကို အမြဲတမ်းပြောနိုင်ဖို့ speak the truth

            နှပ်ညှစ်တဲ့အခါ ချောင်းဆိုးတဲ့အခါ ပါးစပ်နှာခေါင်းကို တစ်ခုခုနဲ့ ဖုံးအုပ်ပြီး ပြုမူဖို့-

လူကြီးမိဘကို ရိုသေဖို့

မိတ်ဆွေသူငယ်ချင်းတွေ တွေ့ရင် နှုတ်ဆက်ဖို့ သင်ပေးရမယ်။

မိမိနှုတ်က ထွက်တဲ့စကားကို ဆင်ခြင်ပြီးမှ ပြောဖို့ စိတ်ရှည်သည်းခံဖို့ လေ့ကျင့်ပေးရ မယ်။

ဒါတွေကတော့ မိဘက use polite language polite words တွေနဲ့ သင်ပြပေးရမှာ ပါ။

မိမိသားသမီးလေးတွေကို အသက်အရွယ်အလိုက် ကောင်းတဲ့အပြုအမူတွေကို မဖြစ် မနေ သင်ပေးခဲ့မယ်ဆိုရင် သူတို့ ကြီးပြင်းလာတဲ့အခါမှာလည်း သူတို့ ပတ်ဝန်းကျင်မှာ ကောင်းတဲ့အမူအကျင့်တွေနဲ့ အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေရဲ့ ကျင့်ကြံနေထိုင် တတ်လာမယ်။ ကောင်းတဲ့ သွန်သင်ပြသမှုရဲ့ ရလဒ်ကတော့ အမူအကျင့် ကောင်းတဲ့ ယဉ်ကျေးရည်မွန်တဲ့ သူတစ်ယောက် ဖြစ်လာမှာ မလွဲပါဘူးဆိုတာ message ပေးရင်း နိဂုံးချုပ်ပါရစေ။

rvamyanmar
rvamyanmar
Articles: 2821

Leave a Reply

Your email address will not be published. Required fields are marked *